logo သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

logo

သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

Update News
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က) နိုင်ငံအကျိုးပြု သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်း များ ဆောင်ရွက်၍ နည်းပညာလွှဲပြောင်းခြင်းနှင့် ဖြန့်ဝေခြင်း၊ နည်းပညာအကြံပေး ခြင်းများဆောင်ရွက်ရန်၊ (ခ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ သုတေသနစင်တာများ၊ တက္ကသိုလ်များနှင့်စက်မှု လုပ်ငန်းများအကြားသုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ (ဂ) နိုင်ငံတော်၏ ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးမှုဝါဒများကို ပံ့ပိုးပေးသော မြန်မာစံချိန် စံညွှန်းများချမှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (ဃ) ခေတ်မီဓါတ်ခွဲစမ်းသပ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများကို ရည်ညွှန်းဓာတ်ခွဲခန်းအနေဖြင့် မှန်ကန်တိကျစွာ ဆောင်ရွက်ရန်၊ (င) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော သိပ္ပံနှင့် နည်းပညာဆိုင်ရာ လက်တွေ့အသုံးချ နည်းပညာသင်တန်းများ စဉ်ဆက်မပြတ် ပို့ချ ပေးရန်၊ (စ) နိုင်ငံတော်၏ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပနှင့် ‌ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်၊ (ဆ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသန လုပ်ငန်း များဖွံ့ဖြိုးတိုး တက်လာစေရန် ဆောင်ရွက်ရန်၊
MM

နေရောင်ခြည်စွမ်းအင်နည်းပညာလက်တွေ့အသုံးချသင်တန်းဆင်းလက်မှတ်ပေးပွဲအခမ်းအနား

2 years ago
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ပြန်ပြည့်မြဲစွမ်းအင် နှင့်အီလက်ထရောနစ်နည်းပညာသုတေသနဗဟိုဌာန၏"နေရောင်ခြည်စွမ်းအင်နည်းပညာလက်တွေ့ အသုံးချသင်တန်း" သင်တန်းဆင်းလက်မှတ်ပေးပွဲအခမ်းအနားကို ၁-၁၁-၂၀၂၂ ရက်နေ့ နံနက် ၁၁း၀၀ နာရီ တွင် PA System ခန်းမတွင် ကျင်းပခဲ့ပါသည်။ သင်တန်းဆင်းပွဲအခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူး၊ဒုတိယညွှန်ကြားရေးမှူးများနှင့်အရာထမ်း၊အမှုထမ်းများတက်ရောက်ခဲ့ကြပါသည်။ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာဖြူဖြူဝင်းမှ သင်တန်းဆင်း အမှ...



“တရုတ်-အာဆီယံ ဆန်းသစ်တီထွင်မှုနှင့်စွန့်ဦးတီထွင်မှုပြိုင်ပွဲ” (2022 China-ASEAN Innovation and Entrepreneurship Competition) တွင် လုပ်ငန်းအဖွဲ့(Enterprise Groups) များ နှင့် အသင်းအဖွဲ့ (Team Groups) များ ပါဝင်ယှဉ်ပြိုင်လျှောက်ထားနိုင်ကြောင်း

2 years ago
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နှင့် ASEAN Secretariat တို့ပူးပေါင်း၍ “တရုတ်-အာဆီယံ ဆန်းသစ်တီထွင်မှုနှင့် စွန့်ဦးတီထွင်မှုပြိုင်ပွဲ”အား ၂၀၂၂ခုနှစ်၊ (အောက်တိုဘာလ မှ ဒီဇင်ဘာလ)အတွင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ (၁) ပြိုင်ပွဲ၏ ရည်ရွယ်ချက် - သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန် တရုတ်နှင့် အာဆီယံဒေသတွင်း ဆန်းသစ်တီထွင်မှု စွမ်းရည်ကိုမြှင့်တင်ရန် မျှဝေသောအနာဂတ်ဖြင့် တရုတ် - အာဆီယံ အသိုက်အဝန်းကို ပိုမိုခိုင်မာလာစေရန် (၂) ပြိုင်ပွဲ၏ Theme “မျှဝေသော အနာဂတ်...

Mekong-Lancang Cooperation Special Fun Project(2020) မှ "Food Innovation Center ဖွင့်ပွဲအခမ်းအနားကျင်းပခြင်း၊

2 years ago
Mekong-Lancang Cooperation Special Fun Project(2020) မှ"Food Innovation Center ဖွင့်ပွဲအခမ်းအနားကျင်းပခြင်းနှင့်တန်ဖိုးမြှင့်သစ်သီးခြောက်ထုတ်ကုန်များ ပြုလုပ်ခြင်းနည်းစဉ်များသင်တန်းပို့ချခြင်း၊Regional Workshop for Deep Drying Process of Fruits ကျင်းပခြင်း" များအား ၂၀၂၂ ခုနှစ် ဩဂုတ်လတွင် အကောင်အထည်ဖေါ် ဆောင်ရွက်ပြီးစီးခဲ့ပါသည်။ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်ရေးအထူးရန်ပုံငွေ(၂၀၂၀)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက် လျှက်ရှိသည့် “Food Innovation Center ဖွင့်ပွဲအခမ်းအနား" ကို ၂၀၂၂ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့၊ နံနက် (၉) နာရီတွင် ရန်ကုန်မြို့ရှိ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှု ဦးစီးဌာန၊ Fo...

ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနား

2 years ago
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန မိသားစုများ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ၂၀၂၂ခုနှစ်၊ ဇူလိုင်လ (၁၅) ရက်နေ့၊ နံနက်ပိုင်းတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနဝန်ထမ်း မိသားစုများ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန စုဝေးခန်းမ၌ကျင်းပခဲ့ရာ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းမိသားစုများမှ ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်း များနှင့် နေ့ဆွမ်း တို့ကိုဆက်ကပ်လှူဒါန်...

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

2 years ago
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန သုတေသနနှင့်တီထွင်ဆန်းသစ်မှုဉီးစီးဌာန (အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း) ၁။ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနအတွက် ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့်ဝယ်ယူမည့် လုပ်ငန်းသုံးစက်ပစ္စည်းများနှင့် ရုံးသုံးစက် ပစ္စည်းများအား မြန်မာကျပ်ငွေဖြင့်ဝယ်ယူလိုပါ၍ အိတ်ဖွင့်တင်ဒါပေးသွင်...

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ Minister Counsellor နှင့်အဖွဲ့ဝင်များ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနသို့ Sites and Facilities Tour လာရောက်ခြင်းနှင့်တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကျင်းပပြုလုပ်ခြင်း

2 years ago
၂၀၂၂ ခုနှစ်၊ ဇွန်လ (၁၀)ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ Minister Counsellor, Dr. Zheng Zhihong နှင့် အဖွဲ့ဝင်များသည် လန်ချန်း-မဲခေါင် ပူးပေါင်း ဆောင်ရွက်မှုနှင့်ဖလှယ်မှုများ ပိုမိုအားကောင်းစေရန်၊ အပြန်အလှန်နားလည်မှု တိုးပွားစေရန်အတွက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန(DRI)သို့ လာရောက်၍ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ပြီး လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ဆောင်ရွက် သည့် စီမံကိန်းများ၏ တိုးတက်မှုအခြေအနေများအား ကြည့်ရှုလေ့လာခဲ့ပါသည်။ ...

“Renewable Energy in Myanmar” ပညာရပ်ဆိုင်ရာ ဟောပြောပွဲ အခမ်းအနား

2 years ago
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၌ မြန်မာနိုင်ငံအတွက် ပြန်ပြည့်မြဲစွမ်းအင်များ (Renewable Energy in Myanmar)ပညာရပ်ဆိုင်ရာ ဟောပြောပွဲ အခမ်းအနား ကို (၂-၆-၂၀၂၂)ရက်နေ့ နံနက် (၁၀ ၀၀)နာရီမှ မွန်းလွှဲ (၁ ၀၀)နာရီအထိ ကျင်းပခဲ့ ပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးကိုယ်စား၊ ညွှန်ကြားရေးမှူးချုပ် ဆရာမကြီး ဒေါက်တာဖြူဖြူဝင်းက အဖွင့်အမှာစကားပြောကြား၍ မြန်မာနိုင်ငံနည်းပညာရှင်အဖွဲ့ဥက္ကဌ ဆရာကြီးဦးသိန်းဦးဖိုးစောကလည်း အဖွင့်အမှာစကားများ အသီးသီးပြောကြားခဲ့ကြပါသည်။ ဆက်လက်၍ ဆရာကြီးဦးဌေးမြင့်၊ Managing Director, Electrical Power Engineering Company Limited ၊ BE (EP, 1971, RIT) က Photovoltai...