logo သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

logo

သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

Update News
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က) နိုင်ငံအကျိုးပြု သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်း များ ဆောင်ရွက်၍ နည်းပညာလွှဲပြောင်းခြင်းနှင့် ဖြန့်ဝေခြင်း၊ နည်းပညာအကြံပေး ခြင်းများဆောင်ရွက်ရန်၊ (ခ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ သုတေသနစင်တာများ၊ တက္ကသိုလ်များနှင့်စက်မှု လုပ်ငန်းများအကြားသုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ (ဂ) နိုင်ငံတော်၏ ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးမှုဝါဒများကို ပံ့ပိုးပေးသော မြန်မာစံချိန် စံညွှန်းများချမှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (ဃ) ခေတ်မီဓါတ်ခွဲစမ်းသပ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများကို ရည်ညွှန်းဓာတ်ခွဲခန်းအနေဖြင့် မှန်ကန်တိကျစွာ ဆောင်ရွက်ရန်၊ (င) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော သိပ္ပံနှင့် နည်းပညာဆိုင်ရာ လက်တွေ့အသုံးချ နည်းပညာသင်တန်းများ စဉ်ဆက်မပြတ် ပို့ချ ပေးရန်၊ (စ) နိုင်ငံတော်၏ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပနှင့် ‌ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်၊ (ဆ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသန လုပ်ငန်း များဖွံ့ဖြိုးတိုး တက်လာစေရန် ဆောင်ရွက်ရန်၊
MM


ပြည်တွင်းပူးပေါင်းဆောင်ရွက်မှုများ

-    (၂၃- ၇- ၂၀၁၈)ရက်နေ့မှ (၂၆ - ၇- ၂၀၁၈) ရက်နေ့ထိ မုံရွာမြို့တွင် စစ်ကိုင်းတိုင်း ဝါးနှင့်သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအသင်းနှင့် သုတေသနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာနတို့ ပူးပေါင်း၍ ဝါးနှင့် အခြားဒေသ ထွက်ကုန်များကို ထုတ်လုပ်သည့် နည်းပညာများ စာတွေ့လက်တွေ့ ဖြန့်ဝေခြင်း အခမ်းအနားတွင်လည်း “ဝါးမှဝါးပါကေးပြုလုပ်သည့်နည်းပညာ” “ဝါးမီးသွေးထုတ်လုပ်ခြင်းနှင့်ဝါးမီးသွေးဆပ်ပြာနှင့်ဝါးရှာလကာရည်ဆပ်ပြာပြုလုပ်သည့်နည်းပညာ”
နှင့်“ခရမ်းချဉ်သီးယိုပြုလုပ်ခြင်းနည်းပညာ″အကြောင်းကိုစာတွေ့လက်တွေ့သင်ကြားပေးခဲ့ပါသည်။၂၀၁၈ ခုနှစ်၊ ဇွန်လ (၁)ရက်နေ့မှ (၂)ရက်နေ့အထိကျင်းပသော သုတေသနနှင့်တီထွင် ဆန်းသစ်မှု ဦးစီးဌာနမှ အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်များအား “နည်းပညာဖြန့်ဝေခြင်း နှင့် လွှဲပြောင်းခြင်းအခမ်းအနားတွင်“ဝါးမှဝါးပါကေးပြုလုပ်သည့်နည်းပညာ”အကြောင်းကို ပြောကြား ခဲ့ပါသည်။

ဆက်သွယ်ရန်
ဒေါက်တာသဇင်ဟန်
ညွှန်ကြားရေးမှူး
အစားအစာသုတေသနဌာန
ဓာတုနည်းပညာသုတေသနဗဟိုဌာန
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန
အမှတ်(၆)၊ကမ္ဘာအေးဘုရားလမ်း၊ရန်ကင်းမြို့နယ်၊ရန်ကုန်မြို့။
email: thazinhann@gmail.com
ဖုန်းနံပါတ် + ၉၅-၉-၅၁၄၃၇၂၁  

 

ပြည်တွင်းမိတ်ဖတ်အဖွဲ့အစည်းများ

  •     တပ်မတော်သိပ္ပံနှင့်နည်းပညာသုတေသနဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန
  •     ဆေးသုတေသနဦးစီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန
  •     အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာန၊ စက်မှုကြီးကြပ် ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ စက်မှုဝန်ကြီးဌာန
  •     တက္ကသိုလ်များ
  •     စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်း
  •     အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ
  •     တိုင်းရင်းဆေးဝါးထုတ်လုပ်သည့်လုပ်ငန်းရှင်များ
  •     သီးခြားပုဂ္ဂလိကလုပ်ငန်းရှင်များ