logo သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

logo

သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

Update News
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က) နိုင်ငံအကျိုးပြု သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်း များ ဆောင်ရွက်၍ နည်းပညာလွှဲပြောင်းခြင်းနှင့် ဖြန့်ဝေခြင်း၊ နည်းပညာအကြံပေး ခြင်းများဆောင်ရွက်ရန်၊ (ခ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ သုတေသနစင်တာများ၊ တက္ကသိုလ်များနှင့်စက်မှု လုပ်ငန်းများအကြားသုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ (ဂ) နိုင်ငံတော်၏ ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးမှုဝါဒများကို ပံ့ပိုးပေးသော မြန်မာစံချိန် စံညွှန်းများချမှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (ဃ) ခေတ်မီဓါတ်ခွဲစမ်းသပ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများကို ရည်ညွှန်းဓာတ်ခွဲခန်းအနေဖြင့် မှန်ကန်တိကျစွာ ဆောင်ရွက်ရန်၊ (င) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော သိပ္ပံနှင့် နည်းပညာဆိုင်ရာ လက်တွေ့အသုံးချ နည်းပညာသင်တန်းများ စဉ်ဆက်မပြတ် ပို့ချ ပေးရန်၊ (စ) နိုင်ငံတော်၏ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပနှင့် ‌ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်၊ (ဆ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသန လုပ်ငန်း များဖွံ့ဖြိုးတိုး တက်လာစေရန် ဆောင်ရွက်ရန်၊
MM

နောက်ခံသမိုင်းကြောင်း

ပြန်ပြည့်မြဲစွမ်းအင်နှင့်အီလက်ထရောနစ်နည်းပညာသုတေသနဗဟိုဌာန စတင်ဖြစ်ပေါ်လာပုံမှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး၏ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့တွင် ကျင်းပ ပြုလုပ်သောပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ် (၂/၂၀၁၅)၏ သဘောတူခွင့်ပြုချက်ဖြင့် မြန်မာ့သိပ္ပံနှင့်နည်းပညာသုတေသနဌာန(MSTRD)ကို သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန (DRI) အဖြစ် ပြင်ဆင်ဖွဲ့စည်းရန် ခွင့်ပြုခဲ့သည့်အတွက် ၂၀၁၅ ခုနှစ်၊ ဧပြီလ(၁) ရက်နေ့မှစတင်၍ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ပြန်ပြည့်မြဲစွမ်းအင်နှင့်အီလက်ထရောနစ်နည်းပညာ သုတေသနဗဟိုဌာနကိုစတင်တည်ထောင်ခဲ့ပါသည်။ ပြန်ပြည့်မြဲစွမ်းအင်နှင့်အီလက်ထရောနစ် နည်းပညာ သုတေသနဗဟိုဌာနအောက်တွင် ပြန်ပြည့်မြဲစွမ်းအင်သုတေသနဌာန၊ အီလက်ထရောနစ်နည်းပညာသုတေသနဌာန နှင့် အထွေထွေစီမံခန့်ခွဲ ရေးဌာန ဟူ၍ ဌာန (၃)ခု ဖြင့် ဖွဲ့စည်းထားရှိပါသည်။

မျှော်မှန်းချက် (Vision)

ပိုမိုကောင်းမွန်သောအနာဂတ်အတွက် ပြန်ပြည့်မြဲစွမ်းအင်နှင့် အီလက်ထရောနစ်နည်းပညာကဏ္ဍဆိုင်ရာ ဆန်းသစ်တီထွင်မှုများ ပြုလုပ်ပေးနိုင်သည့် ရှေ့ဆောင်သုတေသနဗဟိုဌာနတစ်ခု ဖြစ်လာစေရန် 

ရည်မှန်းချက် (Mission)

•ခေတ်နှင့်အညီပြောင်းလဲတိုးတက်လာသော နည်းပညာနယ်ပယ်များတွင် ဆန်းသစ်သော တီထွင်မှုများကို အထောက်အကူပြုသော ပြန်ပြည့်မြဲစွမ်းအင်နှင့်အီလက်ထရောနစ်ဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ရန်

•ပြန်ပြည့်မြဲစွမ်းအင်နှင့်အီလက်ထရောနစ်ဆိုင်ရာ နည်းပညာ ကျွမ်းကျင်ပညာရှင်များအဖြစ် မွေးထုတ်ပေးနိုင်သည့် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးမှုကို အထောက်အကူပြုသော လက်တွေ့အသုံးချ အသိပညာပေးသင်တန်းများပေးရန်

•ပြန်ပြည့်မြဲစွမ်းအင်နှင့်အီလက်ထရောနစ်ဆိုင်ရာ နည်းပညာလိုအပ်ချက်များကို         ပြည်တွင်းတွင် ဒီဇိုင်းရေးဆွဲပေးခြင်း၊ အကြံဉာဏ်များပေးခြင်းနှင့် အောင်မြင်သော သုတေသနလုပ်ငန်းများအား နည်းပညာဖြန့်ဝေခြင်းနှင့် လွှဲပြောင်းခြင်းများ ဆောင်ရွက်ရန်

•ပြန်ပြည့်မြဲစွမ်းအင်နှင့်အီလက်ထရောနစ်ဆိုင်ရာ နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပြည်တွင်းပြည်ပရှိ တက္ကသိုလ်များ သုတေသနဌာနများနှင့် ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက် မှုများတိုးမြှင့် ဆောင်ရွက်ရန်

•အမျိုးသားပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ ဥပဒေမူဘောင်နှင့်မူဝါဒများ ပြုစုရေးဆွဲရေးဆိုင်ရာ ပါဝင်ဆောင်ရွက်ရန်

•ပြန်ပြည့်မြဲစွမ်းအင်နှင့် အီလက်ထရောနစ်သုတေသနဗဟိုဌာနရှိ သုတေသီများ၏ စွမ်းဆောင်ရည်မြှင့်တင်ရန်၊ နိုင်ငံတကာအတွေ့အကြုံနှင့် သုတေသနရလာဒ်များကို Industrial Sector များသို့ ဖြန့်ဝေပေးရန်အတွက် International Conference/ Workshop/ Seminar များကို အခါအားလျော်စွာ ကျင်းပပြုလုပ်သွားရန်