logo သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

logo

သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

Update News
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က) နိုင်ငံအကျိုးပြု သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်း များ ဆောင်ရွက်၍ နည်းပညာလွှဲပြောင်းခြင်းနှင့် ဖြန့်ဝေခြင်း၊ နည်းပညာအကြံပေး ခြင်းများဆောင်ရွက်ရန်၊ (ခ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ သုတေသနစင်တာများ၊ တက္ကသိုလ်များနှင့်စက်မှု လုပ်ငန်းများအကြားသုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ (ဂ) နိုင်ငံတော်၏ ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးမှုဝါဒများကို ပံ့ပိုးပေးသော မြန်မာစံချိန် စံညွှန်းများချမှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (ဃ) ခေတ်မီဓါတ်ခွဲစမ်းသပ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများကို ရည်ညွှန်းဓာတ်ခွဲခန်းအနေဖြင့် မှန်ကန်တိကျစွာ ဆောင်ရွက်ရန်၊ (င) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော သိပ္ပံနှင့် နည်းပညာဆိုင်ရာ လက်တွေ့အသုံးချ နည်းပညာသင်တန်းများ စဉ်ဆက်မပြတ် ပို့ချ ပေးရန်၊ (စ) နိုင်ငံတော်၏ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပနှင့် ‌ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်၊ (ဆ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသန လုပ်ငန်း များဖွံ့ဖြိုးတိုး တက်လာစေရန် ဆောင်ရွက်ရန်၊
MM

အစားအစာသုတေသနဌာနတွင် မြန်မာနိုင်ငံ၏စိုက်ပျိုးရေးအခြေခံ ဒေသ ထွက်ကုန်များကို အရည်အသွေးမြှင့် စျေးကွက်ဝင် စားသောက်ကုန်များ ထုတ်လုပ်ခြင်း၊ ဇီဝအခြေပြု စားသောက်ကုန်များ၊ အစားအစာ ကြာရှည်ခံထိန်းသိမ်းခြင်းနှင့် အရည်အသွေး ထိန်းသိမ်း ခြင်းဆိုင်ရာ သုတေသနလုပ်ငန်းများနှင့်၊ အငယ်စား၊အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းရှင်များ၏ နည်းပညာလိုအပ်ချက်များကို ပံ့ပိုးပေးခြင်း တို့ကို ဆောင်ရွက် လျက် ရှိပါသည်။

အဓိကသုတေသနနယ်ပယ်များ

  1. စိုက်ပျိုးရေးအခြေခံစားသောက်ထုတ်ကုန်နည်းစဉ်များဖန်တီးခြင်း
  2. တီထွင်ဆန်းသစ်သော အစားအသောက်ထုတ်ကုန်လုပ်ငန်းစဉ်များ
  3. စားသောက်ကုန်တာရှည်ခံ နည်းပညာများ
  4. အစားအသောက်ဘေးကင်းလုံခြုံမှုဆိုင်ရာနည်းပညာ

 

အစားအစာသုတေသနဌာနမှဆောင်ရွက်ခဲ့သည့်သုတေသနလုပ်ငန်းအချို့မှာ

 

  1. ငါးဟင်းခတ်မှုန့် သုတေသနလုပ်ငန်း
  2. မင်းကွတ်သီးလက်ဖက်ရည်သုတေသနလုပ်ငန်း
  3. ပဲနို့အရည်/အမှုန့်သုတေသနလုပ်ငန်း
  4. အသင့်သောက် ပဲနို့အရည်/အမှုန့် သုတေသနလုပ်ငန်း
  5. ဝိုင်အချဉ်ဖောက်ခြင်း သုတေသနလုပ်ငန်း
  6. Bacteria ဂျယ်လီ(Nata De Coco) သုတေသနလုပ်ငန်း
  7. အုန်းစိမ်းဂျယ်လီသုတေသနလုပ်ငန်း
  8. ခရမ်းချဉ်သီး Spaghetti Sauce သုတေသနလုပ်ငန်း
  9. ဟင်းသီးဟင်းရွက်ဟင်းခတ်မှုန့်သုတေသနလုပ်ငန်း
  10. Freeze Dried ပိန္နဲသီးခြောက်သုတေသနလုပ်ငန်း
  11. သစ်သီးရှာလကာရည်များသုတေသနလုပ်ငန်း
  12. မုန်လာဥနီ Candy သုတေသနလုပ်ငန်း
  13. ဒန့်ဒလွန်ရွက် Matcha Teaသုတေသနလုပ်ငန်း
  14. ကြာရှည်ခံငှက်သိုက်ပေါင်းရည်သုတေသနလုပ်ငန်း
  15. တန်ဖိုးမြှင့်သရက်သီးထုတ်ကုန်များ သုတေသနလုပ်ငန်း
  16. ကြယ်ပဲဆီ omega capsule များသုတေသနလုပ်ငန်း
  17. တန်ဖိုးမြင့်ဂျင်း၊ကော်ဖီနှင့်စပျစ်ထုတ်ကုန်များသုတေသနလုပ်ငန်း
  18. မာလကာသီးဖျော်ရည်နှင့် မာလကာခြောက်  သုတေသနလုပ်ငန်း
  19. တန်ဖိုးမြင့် သီဟိုဠ်စေ့ထုတ်ကုန်များ သုတေသနလုပ်ငန်း
  20. တန်ဖိုးမြင့်ငှက်ပျောထုတ်ကုန်များသုတေသနလုပ်ငန်း
  21. ချဉ်စော်ကားသီးဖျော်ရည်နှင့်အနှစ်သုတေသနလုပ်ငန်း
  22. ဆန်နို့သုတေသနလုပ်ငန်း
  23. ဇီးသီး၊ငှက်ပျောသီးနှင့်နာနတ်သီး တော်ဖီများသုတေသနလုပ်ငန်း
  24. နဂါးမောက်သီးခွံမှ စားသောက်ကုန် လုပ်ငန်းသုံးရောင်ခြယ်ပစ္စည်းသုတေသနလုပ်ငန်း
  25. မုန်လာဥနီဖျော်ရည်သုတေသနလုပ်ငန်း(Food – photos )

 

ဆက်သွယ်ရန်

ဒေါက်တာကေသွယ်ခိုင်

ညွှန်ကြားရေးမှူး

အစားအစာသုတေသနဌာန

ဓာတုနည်းပညာသုတေသနဗဟိုဌာန

သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန

အမှတ်(၆)၊ကမ္ဘာအေးဘုရားလမ်း၊ရန်ကင်းမြို့နယ်၊ရန်ကုန်မြို့။

email: thazinhann@gmail.com

ဖုန်းနံပါတ် + ၉၅-၉-၉၇၁၉၅၈၆၅၂