logo သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

logo

သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

Update News
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က) နိုင်ငံအကျိုးပြု သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်း များ ဆောင်ရွက်၍ နည်းပညာလွှဲပြောင်းခြင်းနှင့် ဖြန့်ဝေခြင်း၊ နည်းပညာအကြံပေး ခြင်းများဆောင်ရွက်ရန်၊ (ခ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ သုတေသနစင်တာများ၊ တက္ကသိုလ်များနှင့်စက်မှု လုပ်ငန်းများအကြားသုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ (ဂ) နိုင်ငံတော်၏ ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးမှုဝါဒများကို ပံ့ပိုးပေးသော မြန်မာစံချိန် စံညွှန်းများချမှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (ဃ) ခေတ်မီဓါတ်ခွဲစမ်းသပ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများကို ရည်ညွှန်းဓာတ်ခွဲခန်းအနေဖြင့် မှန်ကန်တိကျစွာ ဆောင်ရွက်ရန်၊ (င) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော သိပ္ပံနှင့် နည်းပညာဆိုင်ရာ လက်တွေ့အသုံးချ နည်းပညာသင်တန်းများ စဉ်ဆက်မပြတ် ပို့ချ ပေးရန်၊ (စ) နိုင်ငံတော်၏ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပနှင့် ‌ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်၊ (ဆ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသန လုပ်ငန်း များဖွံ့ဖြိုးတိုး တက်လာစေရန် ဆောင်ရွက်ရန်၊
MM

၁။ (၂၀၁၆-၂၀၁၇)ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ခဲ့သောသုတေသနလုပ်ငန်းများ

          ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း အောက်ဖော်ပြပါ သုတေသနလုပ်ငန်းများကိုဆောင်ရွက်ခဲ့ပါသည်။ သုတေသနပြုလုပ်တည်ဆောက် ခဲ့သော အချို့လုပ်ငန်းများအား နည်းပညာဖြန့်ဝေခြင်း၊ အချို့သော သုတေသနလုပ်ငန်းများအား သင်တန်းများပို့ချရာတွင် အသုံးပြုခဲ့ပါသည်။

(၁) လေအားလျှပ်စစ်နှင့် ရေအားလျှပ်စစ်တာဘိုင် များအတွက် Induction Motor မှ Generator သို့ ပြောင်းလဲတည်ဆောက်ခြင်းသုတေသန

(၂) Helical Savonious Wind Turbine စမ်းသပ်တည်ဆောက်ခြင်းသုတေသန

(၃) Phase Change Material Based Solar Thermal Water Heating System

(၄) Hydro Concrete Turbine (1kW) စမ်းသပ်တည်ဆောက်ခြင်းသုတေသန

(၅) လက်ရှိ 10 kW Gasifierအား Resource Efficient Cleaner Production (RECP)

(၆) ၁.၅ကုဗမီတာရှိဖိုင်ဘာနည်းပညာသုံးဇီဝဓာတ်ငွေ့ကန် (1.5 m3 Fiber Type Biogas Digester) စမ်းသပ်တည်ဆောက်ခြင်းသုတေသန

(၇) စွမ်းအားမြှင့်မီးဖိုတည်ဆောက်ခြင်း သုတေသန

 

၂။ (၂၀၁၈ခုနှစ် ၆လ)ဘဏ္ဍာရေးနှစ်အတွင်း သုတေသနလုပ်ငန်း ဆောင်ရွက်ချက်များ

          (၂၀၁၈ခုနှစ်၊ ဧပြီလ မှ စက်တင်ဘာလ)ဘဏ္ဍာရေးနှစ်အတွင်း အောက်ဖော်ပြပါ သုတေသနလုပ်ငန်းများကိုဆောင်ရွက်ခဲ့ပါသည်။  သုတေသနပြုလုပ်တည်ဆောက်ခဲ့သော ပစ္စည်းများအား  သင်တန်းများပို့ချရာတွင် အသုံးပြုခဲ့ ပါသည်။ ၎င်း နည်းပညာများနှင့်စပ်လျဉ်း၍ နည်းပညာအကူအညီတောင်းခံလာပါက ဆောင်ရွက် ပေးသွားမည်ဖြစ်ပါသည်။

 (၁) လေအားရေအားလျှပ်စစ်တာဘိုင်များနှင့် တွဲဖက် မောင်းနှင်နိုင်သော Self-Excited Induction Generator (SEIG) အသုံးပြု၍ ကောင်းမွန်စိတ်ချ ရသော လျှပ်စစ်ဓါတ်အား ရရှိစေရန် ပြုလုပ် ဆောင်ရွက်ခြင်းသုတေသနလုပ်ငန်း

(၂) ကာဗွန်ထုတ်လွှတ်မှုလျော့ချနိုင်သောအမှိုက်မီးရှို့စက်တည်ဆောက်ခြင်း သုတေသန

(၃) ကစီဓာတ်များသောဇီဝဒြပ်ထုများမှ Bioethanol ထုတ်လုပ်ခြင်းသုတေသန

 

၃။      (၂၀၁၈-၂၀၁၉)ဘဏ္ဍာရေးနှစ်အတွင်း သုတေသနလုပ်ငန်း ဆောင်ရွက်ချက်များ

          (၂၀၁၈ခုနှစ်၊ အောက်တိုဘာလ မှ ၂၀၁၉ခုနှစ် စက်တင်ဘာလ)ဘဏ္ဍာရေးနှစ်အတွင်း အောက်ဖော်ပြပါ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။ သုတေသနပြုလုပ်တည်ဆောက်ခဲ့သော ပစ္စည်းများအား  သင်တန်းများ ပို့ချရာတွင် အသုံးပြုခဲ့ပါသည်။ ၎င်း နည်းပညာများနှင့်စပ်လျဉ်း၍ နည်းပညာအကူအညီ တောင်းခံလာပါက ဆောင်ရွက် ပေးသွားမည်ဖြစ်ပါသည်။

(၁) ဆဲလူးလို့(စ်)များသော ဇီဝ ဒြပ်ထုများမှ Bioethanol ထုတ်လုပ်ခြင်း သုတေသန

(၂) Gravitation Water vortex Turbine တည်ဆောက်ခြင်းသုတေသန

(၃) စွမ်းအင်ထိရောက်အသုံးပြုနိုင်သော လုပ်ငန်းသုံးမီးဖို တည်ဆောက်ခြင်း သုတေသန

(၄) အဆင့်မြင့်ဆိုလာလမ်းမီးတိုင်စနစ် ပုံစံပြုတည်ဆောက်ခြင်းသုတေသန

 

၄။      (၂၀၁၉ - ၂၀၂၀)ဘဏ္ဍာရေးနှစ်အတွင်း သုတေသနလုပ်ငန်း ဆောင်ရွက်ချက်များ

          (၂၀၁၉ခုနှစ်၊ အောက်တိုဘာလ မှ ၂၀၂၀ခုနှစ် စက်တင်ဘာလ)ဘဏ္ဍာရေးနှစ်အတွင်း အောက်ဖော်ပြပါ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။ သုတေသနပြုလုပ်တည်ဆောက်ခဲ့သော ပစ္စည်းများအား  သင်တန်းများ ပို့ချရာတွင် အသုံးပြုခဲ့ပါသည်။ ၎င်း နည်းပညာများနှင့်စပ်လျဉ်း၍ နည်းပညာအကူအညီ တောင်းခံလာပါက ဆောင်ရွက် ပေးသွားမည်ဖြစ်ပါသည်။

(၁) အစားအစာနှင့်လယ်ယာထွက်သီးနှံများအတွက် အလွယ်တကူသယ်ယူ အသုံးပြုနိုင်သော နေရောင်ခြည်သုံး အခြောက်ခံစက် ပုံစံပြုတည်ဆောက်ခြင်း သုတေသနလုပ်ငန်း

(၂) ရေအမြင့်နိမ့်သော Pico Hydro တာဘိုင်အတွက် ရေအားလျှပ်စစ်ဓါတ်အားထုတ်စက် ဂျင်နရေတာ တည်ဆောက်ခြင်း သုတေသနလုပ်ငန်း

(၃) လေစွမ်းအင်သုံးလျှပ်စစ်ရေတင်ထုတ်ယူစနစ်အတွက်  Permanent Magnet Synchronous Generator ပါဝင်သော Generatiion System ပုံစံပြု တည်ဆောက်ခြင်း

(၄) Starchy Biomass မှ ထုတ်လုပ်ရရှိ၍ သန့်စင်ပြီးဖြစ်သော  E5, E10, Bioethanol ကို အင်ဂျင်စက်တွင် စမ်းသပ်မောင်းနှင်ခြင်း

(၅) Fibre Type Rotor Blade အား တည်ဆောက်တပ်ဆင်ခြင်းသုတေသန

 (၆) စက်မှုလုပ်ငန်းများအတွက် ကာဗွန်ထုတ်လွှတ်မှု လျော့ချပေးနိုင်သော လေစစ်စနစ် ဆိုင်ရာ သုတေသနလုပ်ငန်း

(၇) တစ်နာရီလျှင် ၁၀၀ ကီလိုဂရမ် စပါးခွံလောင်စာတောင့်စက်ပြုလုပ်ခြင်း သုတေသနလုပ်ငန်း

(၈) Biodiesel Production from Waste Cooking Oil

ပုံ(၁)Portable Solar Dryer သုတေသန တပ်ဆင် စမ်းသပ်နေပုံ

ပုံ(၂) Wind Turbine Fibre Blade စမ်းသပ်ပြုလုပ်ခြင်း သုတေသနပြပုံ

ပုံ(၃) Biodiesel စမ်းသပ်ထုတ်လုပ်ခြင်း သုတေသနပြသခြင်း

ပုံ ( ၄ ) Robust Biodiesel Pilot Plant

ပုံ ( ၅ ) Remote Control Trolley သုတေသန ပြုလုပ်ထားခြင်း