logo သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

logo

သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

Update News
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က) နိုင်ငံအကျိုးပြု သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်း များ ဆောင်ရွက်၍ နည်းပညာလွှဲပြောင်းခြင်းနှင့် ဖြန့်ဝေခြင်း၊ နည်းပညာအကြံပေး ခြင်းများဆောင်ရွက်ရန်၊ (ခ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ သုတေသနစင်တာများ၊ တက္ကသိုလ်များနှင့်စက်မှု လုပ်ငန်းများအကြားသုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ (ဂ) နိုင်ငံတော်၏ ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးမှုဝါဒများကို ပံ့ပိုးပေးသော မြန်မာစံချိန် စံညွှန်းများချမှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (ဃ) ခေတ်မီဓါတ်ခွဲစမ်းသပ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများကို ရည်ညွှန်းဓာတ်ခွဲခန်းအနေဖြင့် မှန်ကန်တိကျစွာ ဆောင်ရွက်ရန်၊ (င) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော သိပ္ပံနှင့် နည်းပညာဆိုင်ရာ လက်တွေ့အသုံးချ နည်းပညာသင်တန်းများ စဉ်ဆက်မပြတ် ပို့ချ ပေးရန်၊ (စ) နိုင်ငံတော်၏ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပနှင့် ‌ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်၊ (ဆ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသန လုပ်ငန်း များဖွံ့ဖြိုးတိုး တက်လာစေရန် ဆောင်ရွက်ရန်၊
MM
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နှင့် ASEAN Secretariat တို့ပူးပေါင်း၍ တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ် တီထွင်မှုဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်၊ မျှဝေသော အနာဂတ်ဖြင့် တရုတ်-အာဆီယံ အသိုက်အဝန်းကို ပိုမိုခိုင်မာလာစေရန် ရည်ရွယ်ပြီး “The 2nd China-ASEAN Innovation and Entrepreneurship Competition (CAIEC)” ပြိုင်ပွဲအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ မှ မတ်လအတွင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။  
ပြိုင်ပွဲ၏ Theme

Fields of Participating Projects (ယှဉ်ပြိုင်နိုင်သည့် ပရောဂျက်နယ်ပယ်များ)

          ပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်နိုင်သည့် ပရောဂျက်နယ်ပယ်များမှာ အောက်ပါအတိုင်းဖြစ် ပါသည် - 
  1. Digital Economy (ဒစ်ဂျစ်တယ်စီးပွားရေး)
  2. digital product manufacturing (ဒစ်ဂျစ်တယ်ကုန်ထုတ်လုပ်မှု)
  3. digital product service (ဒစ်ဂျစ်တယ်ထုတ်ကုန်ဝန်ဆောင်မှု)
  4. digital technology application (ဒစ်ဂျစ်တယ်နည်းပညာ အသုံးချမှု)
  5. digital factor driving (ဒစ်ဂျစ်တယ်အချက်ပြမောင်းနှင်မှု)
  6. digital efficiency improvement (ဒစ်ဂျစ်တယ်စွမ်းဆောင်ရည်မြှင့်တင်မှု)

 ပြိုင်ပွဲလုပ်ငန်းစဉ်နှင့်အချိန်ဇယား

ပြိုင်ပွဲလုပ်ငန်းစဉ်ကို မှတ်ပုံတင်ခြင်း (Registration)၊ အရည်အချင်းစစ်ဆေးခြင်း (Eligibility check)၊ ကနဦးရွေးချယ်ခြင်း (Initial selection)နှင့် ဖိုင်နယ် (Final) စသည့် အဆင့်(၄)ဆင့် ဖြင့် ကျင်းပပြုလုပ်မည်ဖြစ်ပြီး အချိန်ကာလများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

စဉ်

ပြိုင်ပွဲလုပ်ငန်းစဉ်

အချိန်ကာလ

၁။

မှတ်ပုံတင်ခြင်း (Registration)

15 December 2023 – 15 February 2024

၂။

အရည်အချင်း စစ်ဆေးခြင်း (Eligibility check)

16th to 29th February 2024

၃။

ကနဦးရွေးချယ်ခြင်း (Initial selection)

1st to 7th March 2024

၄။

ဖိုင်နယ် (Final)

Late March 2024

         ပြိုင်ပွဲဝင်ခြင်းဆိုင်ရာလိုအပ်ချက်များ

          ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့်အဖွဲ့များကို လုပ်ငန်းအဖွဲ့များ (Enterprise Groups) နှင့် အသင်းအဖွဲ့များ (Team Groups) စသည်ဖြင့် (၂)မျိုးခွဲခြားထားပါသည်။ အဖွဲ့တစ်ဖွဲ့စီတွင် အခြေခံအားဖြင့် အဖွဲ့ဝင် (၆) ဦးထက်မပိုသော အခြေခံအဖွဲ့ဝင် (၃) ဦးရှိရမည် ဖြစ်ပါသည်။

Enterprise Groups (လုပ်ငန်းအဖွဲ့များ)

  • တရုတ်နိုင်ငံ သို့မဟုတ် အာဆီယံအဖွဲ့ဝင်နိုင်ငံများတွင် တရားဝင်မှတ်ပုံတင်ထားသည့် လုပ်ငန်းများ ဖြစ်ရမည်။ ပါဝင်ယှဉ်ပြိုင်မည့်ပရောဂျက်များအတွက် ဉာဏပစ္စည်းမူပိုင်ခွင့် အခွင့်အရေးများ သည် အငြင်းပွားမှု ကင်းစေရပါမည်။
  • ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက် နောက်ပိုင်းတွင် မှတ်ပုံတင်ထားသော လုပ်ငန်းများ ပါဝင်နိုင် ပါသည်။
  •  မှတ်ပုံတင်ထားသော အရင်းအနှီးသည် အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ သန်းထက် မပိုသော လုပ်ငန်းများ ဖြစ်ရပါမည်။
  • ၂၀၂၂ ခုနှစ်တွင် လုပ်ငန်းလည်ပတ်မှု၀င်ငွေသည် အမေရိကန်ဒေါ်လာ သန်း(၃၀)ထက် မပိုသော လုပ်ငန်းများ ဖြစ်ရပါမည်။
  • ဒေသတွင်း စည်းမျဥ်းစည်းကမ်းများကို လိုက်နာပြီး ပြစ်မှုမှတ်တမ်းမရှိသော လူမှုရေး ဂုဏ်သိက္ခာရှိသည့် လုပ်ငန်းများ ဖြစ်ရပါမည်။

Team Groups (အသင်းအဖွဲ့များ)

  • စီးပွားရေးလုပ်ငန်းများအဖြစ် မှတ်ပုံတင်ခြင်းမပြုရသေးသော စွန့်ဦးတီထွင်သူများ၊ S&T နယ်ပယ်တွင် ထူးချွန်သော startups များ၊ တက္ကသိုလ်များမှ start-up teams များကဲ့သို့ စွန့်ဦးတီထွင်မှုဆိုင်ရာ အစီအစဉ်များနှင့် နည်းပညာဆန်းသစ်တီထွင်ခြင်းတွင်  အောင်မြင်မှုများ ရှိသည့် အုပ်စုများ ပါဝင်နိုင်ပါသည်။
  • ထုတ်ကုန်များ၊ နည်းပညာများနှင့် သက်ဆိုင်သည့် ဉာဏပစ္စည်းမူပိုင်ခွင့်များသည် ပင်မအဖွဲ့၀င် များနှင့် သက်ဆိုင်ပြီး ပိုင်ဆိုင်မှုအခွင့်အရေးဆိုင်ရာ အငြင်းပွားမှုများမှ ကင်းလွတ်ရပါမည်။
  • Language (ဘာသာစကား)

          ပြိုင်ပွဲ၏တရားဝင်ဘာသာစကားမှာ အင်္ဂလိပ်ဘာသာ ဖြစ်ပါသည်။ registration form, business plans, and presentation materials အားလုံးကို အင်္ဂလိပ်ဘာသာဖြင့် တင်ပြရမည်ဖြစ်ပါသည်။ ဖိုင်နယ်တွင် roadshow presentation နှင့် Q&A တို့ကို အင်္ဂလိပ်ဘာသာဖြင့် ပြုလုပ်မည်ဖြစ်ပါသည်။

ဆုချီးမြှင့်မည့်အစီအစဉ်များ

ဖိုင်နယ်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုများ၊ Cooperation Stars နှင့် Creativity Stars ဆုများကို အသီးသီး ချီးမြှင့်မည်ဖြစ်ပါသည်။ ပြိုင်ပွဲ၏ ဆုများမှာ အောက်ပါအတိုင်း ဖြစ်ပါ သည်-

  • Awards for Team Groups

Team Groups အသင်းအဖွဲ့ (၆) ဖွဲ့ကို ဆုနှင့်ဂုဏ်ပြုလက်မှတ် ချီးမြှင့်ပါမည်။

  • ပထမဆု -    (၁) ဆု RMB 50,000
  • ဒုတိယဆု -   (၂) ဆု RMB 30,000
  • တတိယဆု - (၃) ဆု RMB 10,000
  • Awards for Enterprise Groups

Enterprise Groups လုပ်ငန်းအဖွဲ့(၆)ဖွဲ့ကို ဆုနှင့်ဂုဏ်ပြုလက်မှတ် ချီးမြှင့်ပါမည်။

  • ပထမဆု -    (၁) ဆု RMB 50,000
  • ဒုတိယဆု -   (၂) ဆု RMB 30,000
  • တတိယဆု - (၃) ဆု RMB 10,000

Teams နှင့် Enterprises အဖွဲ့များမှ အဆင့်(၁၃) မှ အဆင့်(၂၀) အတွင်းဝင်သည့်  အဖွဲ့(၈)ဖွဲ့ကို RMB 4,000 နှင့်ဂုဏ်ပြုလက်မှတ် အသီးသီး ချီးမြှင့်ပါမည်။

  • Cooperation Stars

ဖိုင်နယ်သို့ မဝင်ရောက်နိုင်ခဲ့သည့် Teams နှင့် Enterprises အဖွဲ့များမှ ထိပ်ပိုင်း အဖွဲ့(၈)ဖွဲ့ကို RMB 4,000 နှင့်ဂုဏ်ပြုလက်မှတ် အသီးသီး ချီးမြှင့်ပါမည်။

   ပြိုင်ပွဲနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များအား ဖော်ပြပါ link တွင် ဝင်ရောက် ကြည့်ရှု၍  download ရယူနိုင်ပါသည်။

1.   www.caiec.cattc.org.cn

2.  https://astnet.asean.org/2023/12/28/call-for-application-2023-china-asean-innovation-and-entrepreneurship-competition/

 အဆိုပါ “The 2nd China-ASEAN Innovation and Entrepreneurship Competition (CAIEC)”ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိုသည့်  လုပ်ငန်းအဖွဲ့များ (Enterprise Groups) နှင့် အသင်း အဖွဲ့များ (Team Groups)များသည် လျှောက်ထားမည့် အဖွဲ့၏အမည်စာရင်း၊ ပရောဂျက် အမည် (Project Name) နှင့် Contact information တို့အား သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ဖုန်း (၀၁ - ၆၆၅၂၉၂)၊ email: driheadoffice123 @gmail.com သို့ (၁၅ -၁ -၂၀၂၄) ရက်နေ့ အရောက်ပြန်လည်ပေးပို့ရမည်ဖြစ်ပါကြောင်း၊ လျှောက်ထားရန် ရွေးချယ်ခြင်းခံရသည့် အသင်းအဖွဲ့များအား ပြန်လည်အကြောင်းကြားသွားမည်ဖြစ်ပြီး အဆိုပါ အဖွဲ့များသည် CAIEC အဖွဲ့အစည်းသို့ ဆက်လက်၍ registration ပြုလုပ်လျှောက်ထားရမည် ဖြစ်ပါသည်။