logo သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

logo

သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

Update News
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က) နိုင်ငံအကျိုးပြု သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်း များ ဆောင်ရွက်၍ နည်းပညာလွှဲပြောင်းခြင်းနှင့် ဖြန့်ဝေခြင်း၊ နည်းပညာအကြံပေး ခြင်းများဆောင်ရွက်ရန်၊ (ခ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ သုတေသနစင်တာများ၊ တက္ကသိုလ်များနှင့်စက်မှု လုပ်ငန်းများအကြားသုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ (ဂ) နိုင်ငံတော်၏ ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးမှုဝါဒများကို ပံ့ပိုးပေးသော မြန်မာစံချိန် စံညွှန်းများချမှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (ဃ) ခေတ်မီဓါတ်ခွဲစမ်းသပ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများကို ရည်ညွှန်းဓာတ်ခွဲခန်းအနေဖြင့် မှန်ကန်တိကျစွာ ဆောင်ရွက်ရန်၊ (င) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော သိပ္ပံနှင့် နည်းပညာဆိုင်ရာ လက်တွေ့အသုံးချ နည်းပညာသင်တန်းများ စဉ်ဆက်မပြတ် ပို့ချ ပေးရန်၊ (စ) နိုင်ငံတော်၏ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပနှင့် ‌ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်၊ (ဆ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသန လုပ်ငန်း များဖွံ့ဖြိုးတိုး တက်လာစေရန် ဆောင်ရွက်ရန်၊
MM

သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနသည် “ISO/ IEC 17025:2017 ဓာတ်ခွဲခန်းဆိုင်ရာ အသိပညာပေးသင်တန်း” ကို (၁၃-၉-၂၀၂၃) ရက်နေ့မှ (၁၄-၉-၂၀၂၃) ရက်နေ့အထိ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဉီးစီးဌာန၊ စုဝေးခန်းမကြီး၌ In-person ကျင်းပပြုလုပ်ခဲ့ပြီး သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ISO/IEC 17025:2017 ဓာတ်ခွဲခန်းဆိုင်ရာ အသိပညာပေးသင်တန်းသည်   ပြည်တွင်းရှိ ဓါတ်ခွဲခန်းများအား ဓာတ်ခွဲခန်းများ လိုက်နာရမည့် ISO/IEC 17025:2017 အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်း သတ်မှတ်ချက်များနှင့်အညီ ပြင်ဆင်ဆောင်ရွက်၍ အသိအမှတ်ပြုလွှာ ရရှိနိုင်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်း ဖြစ်ပါသည်။

          ISO/IEC 17025:2017 ဓာတ်ခွဲခန်းဆိုင်ရာ အသိပညာပေးသင်တန်းများ ကျင်းပခြင်းအားဖြင့် ပြည်တွင်းရှိဓါတ်ခွဲခန်းများသည် ဓာတ်ခွဲခန်းများ လိုက်နာရမည့် ISO/IEC 17025:2017 အပြည်ပြည် ဆိုင်ရာ စံချိန်စံညွှန်းသတ်မှတ်ချက်များအား သိရှိနားလည်လာခြင်း၊ ISO/IEC 17025 နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ်ရ ဓာတ်ခွဲခန်းများအဖြစ်ရောက်ရှိနိုင်ခြင်း၊ ဓာတ်ခွဲခန်းများ၏ အရည်အသွေး မြှင့်တင်နိုင်ပြီး ကုန်သွယ်မှုတွင်ကြုံတွေ့ရသည့် နည်းပညာဆိုင်ရာအတားအဆီးများကို  လျှော့ချ နိုင်ခြင်း စသည့်အကျိုးကျေးဇူးများရရှိမည် ဖြစ်ပါသည်။

အသိပညာပေးသင်တန်းသို့ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပုဂ္ဂလိက ဓါတ်ခွဲခန်းများမှ ဘာသာရပ်သက်ဆိုင်သူ စုစုပေါင်း (၉၀) ဉီးခန့်တက်ရောက်ခဲ့ကြပါသည်။

ညွှန်ကြားရေးမှူးချုပ်ဆရာမကြီးမှအဖွင့်အမှာစကားပြောကြားနေပုံ

ညွှန်ကြားရေးမှူးချုပ်ဆရာမကြီး၊ဒုတိယညွှန်ကြားရေးမှူးချုပ်ဆရာကြီးများတက်ရောက်လာသည့် ဆရာ၊ဆရာမများ၊ သင်တန်းသား/သူများနှင့် အမှတ်တရမှတ်တမ်းဓါတ်ပုံ

ညွှန်ကြားရေးမှူးချုပ်ဆရာမကြီးမှ သင်တန်းသူတစ်ဦးအား သင်တန်းဆင်းလက်မှတ်ပေးအပ်နေပုံ

   ဓာတ်ခွဲခန်းများအား ISO/IEC 17025: 2017 အသိအမှတ်ပြုလွှာပေးအပ်ခြင်း

                                 သင်တန်းဆရာမများမှသင်ကြားပေးနေပုံ

    သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားနေပုံ