logo သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

logo

သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

Update News
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က) နိုင်ငံအကျိုးပြု သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်း များ ဆောင်ရွက်၍ နည်းပညာလွှဲပြောင်းခြင်းနှင့် ဖြန့်ဝေခြင်း၊ နည်းပညာအကြံပေး ခြင်းများဆောင်ရွက်ရန်၊ (ခ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ သုတေသနစင်တာများ၊ တက္ကသိုလ်များနှင့်စက်မှု လုပ်ငန်းများအကြားသုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ (ဂ) နိုင်ငံတော်၏ ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးမှုဝါဒများကို ပံ့ပိုးပေးသော မြန်မာစံချိန် စံညွှန်းများချမှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (ဃ) ခေတ်မီဓါတ်ခွဲစမ်းသပ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများကို ရည်ညွှန်းဓာတ်ခွဲခန်းအနေဖြင့် မှန်ကန်တိကျစွာ ဆောင်ရွက်ရန်၊ (င) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော သိပ္ပံနှင့် နည်းပညာဆိုင်ရာ လက်တွေ့အသုံးချ နည်းပညာသင်တန်းများ စဉ်ဆက်မပြတ် ပို့ချ ပေးရန်၊ (စ) နိုင်ငံတော်၏ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပနှင့် ‌ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်၊ (ဆ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသန လုပ်ငန်း များဖွံ့ဖြိုးတိုး တက်လာစေရန် ဆောင်ရွက်ရန်၊
MM

Mekong – Lancang Cooperation Special Fund (2020) ဖြင့် “မဲခေါင်နိုင်ငံ အချင်းချင်း အစားအစာထုတ်လုပ်မှုဆိုင်ရာနည်းပညာများဖလှယ်ခြင်း” အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၂) ရက်နေ့ နံနက် (၉) နာရီတွင် ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီး ဌာန(DRI)၊ အစည်းအဝေးခန်းမ၊ ရန်ကုန်မြို့၌ Hybrid Mode ဖြင့် ကျင်းပပါသည်။           အဆိုပါဖွင့်ပွဲအခမ်းအနားတွင်  မြန်မာနိုင်ငံ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအတွင်းရေးမှူး ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ပြည်ထောင်စု ဝန်ကြီးမှ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုများတွင် “လန်ချန်း-မဲခေါင်မြစ်ဝှမ်းနိုင်ငံများအကြား ဆန်းသစ်တီထွင်မှု နည်းပညာကို အသုံးပြု၍ လယ်ယာထွက်ကုန် စားသောက်ကုန်များ၏တန်ဖိုးနှင့် ထုတ်လုပ်မှု စွမ်းရည်မြှင့်တင်ရေး ဖလှယ်ရေးအစီအစဉ်”သည် MSMEs ပြည်သူများ၊ စွန့်ဦးတီထွင် သူများ၊ အစိုးရတာဝန်ရှိသူများ၊ သုတေသီများနှင့် နည်းပညာရှင်များအပါအဝင် ဆန်းသစ် တီထွင်သောထုတ်ကုန်များ ထုတ်လုပ်မှုအတွက် နည်းပညာနှင့် အသိပညာများရရှိမည် ဖြစ်ပါ ကြောင်း၊ နိုင်ငံတော်၏ ဖွံဖြိုးတိုးတက်ရေး လမ်းစဉ်ဖြစ်သော သွင်းကုန်အစားထိုးထုတ်ကုန် များ ထုတ်လုပ်ရေး၊ ပြည်တွင်းထုတ်ကုန်မြှင့်တင်ရေး၊ ပို့ကုန်ပိုမိုထုတ်လုပ်ရေးနှင့် နိုင်ငံခြားငွေရရှိရေး တို့အတွက် MSMEs များကို နိုင်ငံတော်မှအားပေးကူညီလျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

          ဖွင့်ပွဲအခမ်းအနားသို့ Cambodia, Lao, Thailand, Vietnam and China နိုင်ငံတို့မှ ပါမောက္ခများ၊ အစားအစာထုတ်လုပ်မှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက Online ဖြင့် တက်ရောက် ကြပြီး သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ တက္ကသိုလ် ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံစားနပ်ရိက္ခာနှင့် တင်ပို့ရောင်းချသူများအသင်း (MFPEA)၊ မြန်မာနိုင်ငံ အမျိုးသမီးစွမ်းဆောင်ရှင်များအသင်း၊ မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်သူများအသင်း၊ မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက်မှ ကိုယ်စားလှယ်များ အပါအဝင် စုစုပေါင်း (၇၅) ဦးခန့် တက်ရောက်ကြပါသည်။

          မဲခေါင်-လန်ချန်းနိုင်ငံများမှ ပါမောက္ခများနှင့် အစားအစာထုတ်လုပ်မှုဆိုင်ရာ ကျွမ်းကျင် ပညာရှင် (၃၀)ဦးက အွန်လိုင်း (virtual mode) ဖြင့် ၂၀၂၃ခုနှစ် ဇွန်လ (၁၂ရက်မှ ၁၄ရက်နေ့ထိ)နှင့် ဇွန်လ (၂၃ ရက်မှ ၂၅ရက်နေ့ထိ) နည်းပညာဖလှယ်ခြင်းကို (၆)ရက်ကြာ ပြုလုပ်မည်ဖြစ်ပါသည်။ 

မြန်မာနိုင်ငံ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအတွင်းရေးမှူး ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းမှ အဖွင့်အမှာစကား ပြောကြားခြင်း

မဲခေါင်နိုင်ငံအချင်းချင်းနည်းပညာဖလှယ်ပွဲအခမ်းအနားတက်ရောက်လာကြသော ဧည့်သည်တော်များနှင့် မှတ်တမ်းဓာတ်ပုံ။

မြန်မာနိုင်ငံမှ တက်ရောက်ကြသော MSMEs လုပ်ငန်းရှင်များ၊ စွန့်ဦးတီထွင်သူများ၊ သုတေသနပညာရှင်များနှင့် နည်းပညာရှင်များ

 

မဲခေါင်-လန်ချန်းနိုင်ငံများမှ Online ဖြင့်တက်ရောက်ကြသော စွန့်ဦးတီထွင်သူများ၊ သုတေသနပညာရှင်များနှင့် နည်းပညာရှင်များ။

မြန်မာနိုင်ငံမှ တက်ရောက်ကြသော MSMEs လုပ်ငန်းရှင်များ၊ စွန့်ဦးတီထွင်သူများ၊ သုတေသနပညာရှင်များနှင့် နည်းပညာရှင်များ

မြန်မာနိုင်ငံမှ တက်ရောက်ကြသော MSMEs လုပ်ငန်းရှင်များ၊ စွန့်ဦးတီထွင်သူများ၊ သုတေသနပညာရှင်များနှင့် နည်းပညာရှင်များ