logo သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

logo

သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

Update News
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က) နိုင်ငံအကျိုးပြု သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်း များ ဆောင်ရွက်၍ နည်းပညာလွှဲပြောင်းခြင်းနှင့် ဖြန့်ဝေခြင်း၊ နည်းပညာအကြံပေး ခြင်းများဆောင်ရွက်ရန်၊ (ခ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ သုတေသနစင်တာများ၊ တက္ကသိုလ်များနှင့်စက်မှု လုပ်ငန်းများအကြားသုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ (ဂ) နိုင်ငံတော်၏ ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးမှုဝါဒများကို ပံ့ပိုးပေးသော မြန်မာစံချိန် စံညွှန်းများချမှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (ဃ) ခေတ်မီဓါတ်ခွဲစမ်းသပ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများကို ရည်ညွှန်းဓာတ်ခွဲခန်းအနေဖြင့် မှန်ကန်တိကျစွာ ဆောင်ရွက်ရန်၊ (င) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော သိပ္ပံနှင့် နည်းပညာဆိုင်ရာ လက်တွေ့အသုံးချ နည်းပညာသင်တန်းများ စဉ်ဆက်မပြတ် ပို့ချ ပေးရန်၊ (စ) နိုင်ငံတော်၏ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပနှင့် ‌ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်၊ (ဆ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသန လုပ်ငန်း များဖွံ့ဖြိုးတိုး တက်လာစေရန် ဆောင်ရွက်ရန်၊
MM

 

 

EV’s Battery Waste Management ဆိုင်ရာမူဝါဒ၊ သုတေသနစာတမ်းဖတ်ပွဲနှင့်Knowledge  Sharing   အခမ်းအနားအစီအစဉ်ကို   (၂၅-၁-၂၀၂၄)ရက်နေ့   နံနက်(၁၁း၀၀) မှ  (၁၂း၀၀)နာရီအထိ

သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန       အစည်းအဝေးခန်းမတွင်       ကျင်းပဆောင်ရွက်ခဲ့ရာ     သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ဒေါက်တာဖြူဖြူဝင်းမှ အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါသည်။

          အဆိုပါအခမ်းအနားသို့  သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ  ညွှန်ကြားရေးမှူးချုပ်၊ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနမှူး/ဌာနတာဝန်ခံများ၊ သုတေသနပညာရှင်များနှင့် ဖိတ်ကြား ထားသူများ

တက်ရောက်ခဲ့ကြပါသည်။

          EV’s Battery Waste Management  Policy(မူကြမ်း)နှင့် ပတ်သက်၍   ပြန်ပြည့်မြဲစွမ်းအင် နှင့်အီလက်ထရောနစ်နည်းပညာသုတေသနဗဟိုဌာန မှ   ညွှန်ကြားရေးမှူး  ဒေါက်တာလှမျိုးအောင်

မှလည်းကောင်း၊  ဘက်ထရီစွန့်ပစ်ပစ္စည်း မှ  တန်ဖိုးမြှင့်ဒြပ်စင်များခွဲထုတ်ခြင်းနှင့်   ပတ်သက်၍ အမျိုးသားဓါတ်ခွဲဌာန မှ ညွှန်ကြားရေးမှူး ဒေါက်တာအေးအေးလှိုင်မှ လည်းကောင်း၊   EV’s Waste

 Lithium Battery လေ့လာခြင်းနှင့် ပြန်လည်အသုံးချခြင်း သုတေသနလုပ်ငန်းနှင့်  ပတ်သက်၍ ပြန်ပြည့်မြဲစွမ်းအင်နှင့်  အီလက်ထရောနစ်နည်းပညာသုတေသနဗဟိုဌာန   ဒုတိယညွှန်ကြားရေးမှူး   

 ဦးစောခူဆေးမှလည်းကောင်း Introduction  to  the  Automotive  Industry  in  the  ASEAN  Region,  mainly  in  Indonesia   နှင့်ပတ်သက်၍  အမျိုးသားစံချိန်စံညွှန်း နှင့် အရည်အသွေးဌာန

ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်မြဝင်း မှလည်းကောင်း တင်ပြဆွေးနွေးခဲ့ရာတက်ရောက်လာခဲ့သူများမှ ဖြည့်စွက်ဆွေးနွေးခဲ့ကြပါသည်။

 သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ဒေါက်တာဖြူဖြူဝင်းမှ အဖွင့်မိန့်ခွန်း ပြောကြားနေပုံ

 သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ဒေါက်တာဖြူဖြူဝင်းမှ  EV’s Battery Waste Management  Policy(မူကြမ်း)နှင့် ပတ်သက်၍ အကြံပြုဆွေးနွေးနေစဉ်

 EV's Battery Waste Management ဆိုင်ရာ မူဝါဒ(မူကြမ်း)အား ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဇော်မင်းနိုင် မှ  အကြံပြုဆွေးနွေးနေစဉ်

                 EV's Battery Waste Management ဆိုင်ရာ မူဝါဒ(မူကြမ်:)   အား ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းထွန်းမိုး မှ  အကြံပြုဆွေးနွေးနေစဉ်

 EV's Battery Waste Management Policy (မူကြမ်း) နှင့် ပတ်သက်၍ ပြန်ပြည့်မြဲစွမ်းအင်နှင့် အီလက်ထရောနစ်နည်းပညာသုတေသနဗဟိုဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ လှမျိုးအောင် မှ ရှင်းလင်းတင်ပြစဉ်

   ဘက်ထရီစွန့်ပစ်ပစ္စည်းမှ တန်ဖိုးမြှင့်ဒြပ်စင်များခွဲထုတ်ခြင်းနှင့် ပတ်သက်၍ အမျိုးသားဓာတ်ခွဲဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ အေးအေးလှိုင်မှ ရှင်းလင်းတင်ပြစဉ်

       

EV's Waste Lithium  Battery လေ့လာခြင်းနှင့် ပြန်လည်အသုံးချခြင်း သုတေသနလုပ်ငန်းနှင့် ပတ်သက်၍ ပြန်ပြည့်မြဲစွမ်းအင်နှင့် အီလက်ထရောနစ်နည်းပညာသုတေသနဗဟိုဌာန၊ ညွှန်ကြားရေးမှူး  ဦးစောခူစေး မှ ရှင်းလင်းတင်ပြစဉ်

 

Introduction to the Automotive Industry in the ASEAN Region, mainly in Indonesia နှင့်ပတ်သက်၍  အမျိုးသားစံချိန်စံညွှန်း နှင့် အရည်အသွေးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်မြဝင်း မှ ရှင်းလင်းတင်ပြစဉ်

  ဓာတုနည်းပညာသုတေသန ဗဟိုဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ သဇင်ဟန် မှ သိရှိလိုသည်များကို မေးမြန်းစဉ်