logo သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

logo

သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

Update News
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က) နိုင်ငံအကျိုးပြု သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်း များ ဆောင်ရွက်၍ နည်းပညာလွှဲပြောင်းခြင်းနှင့် ဖြန့်ဝေခြင်း၊ နည်းပညာအကြံပေး ခြင်းများဆောင်ရွက်ရန်၊ (ခ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ သုတေသနစင်တာများ၊ တက္ကသိုလ်များနှင့်စက်မှု လုပ်ငန်းများအကြားသုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ (ဂ) နိုင်ငံတော်၏ ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးမှုဝါဒများကို ပံ့ပိုးပေးသော မြန်မာစံချိန် စံညွှန်းများချမှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (ဃ) ခေတ်မီဓါတ်ခွဲစမ်းသပ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများကို ရည်ညွှန်းဓာတ်ခွဲခန်းအနေဖြင့် မှန်ကန်တိကျစွာ ဆောင်ရွက်ရန်၊ (င) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော သိပ္ပံနှင့် နည်းပညာဆိုင်ရာ လက်တွေ့အသုံးချ နည်းပညာသင်တန်းများ စဉ်ဆက်မပြတ် ပို့ချ ပေးရန်၊ (စ) နိုင်ငံတော်၏ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပနှင့် ‌ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်၊ (ဆ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသန လုပ်ငန်း များဖွံ့ဖြိုးတိုး တက်လာစေရန် ဆောင်ရွက်ရန်၊
MM

Mekong – Lancang Cooperation Special Fund (2020) ဖြင့် “မဲခေါင်နိုင်ငံ အချင်းချင်း အစားအစာထုတ်လုပ်မှုဆိုင်ရာ နည်းပညာများဖလှယ်ခြင်း သင်တန်းဆင်းအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဇွန်လ(၂၅)ရက်နေ့ မွန်းလွဲ(၁)နာရီတွင်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင် ဆန်းသစ်မှုဦးစီးဌာန၊ အစည်းအဝေးခန်းမ၊ ရန်ကုန်မြို့၌ ကျင်းပခဲ့ပါသည်။

             အဆိုပါသင်တန်းဆင်း အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး၊ သယံဇာတရေးရာ ဝန်ကြီး ဉီးဇော်ဝင်းမှ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပါသည်။ သယံဇာတရေးရာ ဝန်ကြီးမှ မဲခေါင်နိုင်ငံ အချင်းချင်းနည်းပညာ ဖလှယ်ခြင်း သင်တန်းသည် ဆန်းသစ်တီထွင်မှုနည်းပညာကို အသုံးပြု၍ လယ်ယာထွက် စားသောက်ကုန်များ ထုတ်လုပ်မှု စွမ်းရည်မြှင့်တင်ရေး ဖလှယ်ရေးသင်တန်း”သည် MSMEs ပြည်သူများ၊ စွန့်ဦးတီထွင်သူများ၊ အစိုးရတာဝန်ရှိသူများ၊ သုတေသီများနှင့် နည်းပညာရှင်များ အပါအဝင်ဆန်းသစ်တီထွင်သော ထုတ်ကုန်များထုတ်လုပ်မှု အတွက် နည်းပညာနှင့် အသိပညာ များရရှိမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ စီးပွားဖွံဖြိုး တိုးတက်ရေးသည် စိုက်ပျိုးရေးကို အ‌ခြေခံ၍ စိုက်ပျိုးရေးမှ ထွက်သောသွင်းကုန် အစားထိုးထုတ်ကုန် များ၊ ပြည်တွင်း တန်ဖိုးမြှင့် ထုတ်ကုန်တိုးမြှင့် ရေးတို့အပေါ်တွင် လည်းမူတည်ပါကြောင်းနှင့် ဤသင်တန်းမှ ပို့ချပေးသော နည်းပညာများအား စနစ်တကျလေ့လာ၍ တက်ရောက်လာကြ သောသင်တန်းသားများ  အချင်းချင်း နည်းပညာများဖလှယ်ကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

             သင်တန်းဆင်း   အခမ်းအနားတွင်     သုတေသနနှင့် တီထွင်ဆန်းသစ်မှု  ဦးစီးဌာန၊

ညွှန်ကြားရေးမှူးချုပ်ဒေါက်တာဖြူဖြူဝင်းမှ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပြီးသင်တန်းဆင်း လက်မှတ်များအား တက်ရောက်လာသော သင်တန်းသားများအား ပေးအပ်ခဲ့ပြီး သင်တန်းသူတစ်ဦး မှလည်း ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

             ဆက်လက်၍ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာ ဖြူဖြူဝင်းမှ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနသို့ နည်းပညာတောင်းခံထားသော  Shwe Zee Kwat Food Manufacturing and International Export Co.,Ltd အား Freeze - Dried  သရက်သီးခြောက်၊သရက်သီးမှုန့်ပြုလုပ်သောနည်းပညာအားလည်းကောင်း၊ အသင့်စားဆန်ပြုတ် ထုတ်လုပ်ခြင်းနည်းပညာနှင့်ဟင်းချိုမှုန့်အစား ထိုးငါးအသားမှုန့်ပြုလုပ်ခြင်းနည်းပညာအားရွှေလျှံဖြိုး ကုမ္ပဏီ၊ရွှေပြည့်ဖြိုးထုတ်ကုန်လုပ်ငန်းသို့လည်းကောင်း ၊ပယင်းဆေးအဆီထုတ်လုပ်သည့်နည်းပညာ နှင့် ဓနိဆေးအဆီထုတ်လုပ်သည့်နည်းပညာအား Hsy Ember Co.,Ltd သို့လည်းကောင်း၊ကြမ်းခင်း ချေးချွတ်ဆပ်ပြာထုတ်လုပ်သည့်နည်းပညာအား Agga Linn Co.,Ltd သို့လွှဲပြောင်းပေးခဲ့ပါသည်။ နည်းပညာလွှဲပြောင်းရယူခဲ့သော အသေးစား၊ အငယ်စားနှင့် အလတ်စား လုပ်ငန်းရှင်များမှလည်း ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ သယံဇာတရေးရာဝန်ကြီ ဦးဇော်ဝင်းမှသင်တန်းဆင်း အဖွင့်အမှာစကား ပြောကြားခြင်း

သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်ဒေါက်တာဖြူဖြူဝင်းမှ သင်တန်းဆင်းအမှာစကား   ပြောကြားခြင်း

ဧည့်သည်တော်များ၊MSMEs လုပ်ငန်းရှင်များ၊ စွန့်ဦးတီထွင်သူများ၊ သုတေသနပညာရှင်များ၊ နည်းပညာရှင်များနှင့်အမှတ်တရစုပေါင်းမှတ်တမ်းဓာတ်ပုံ

နည်းပညာလွှဲပြောင်းပေးခဲ့သောMSMEs လုပ်ငန်းရှင်များနှင့်အမှတ်တရစုပေါင်းမှတ်တမ်းဓာတ်ပုံ

 

နိုင်ငံခြားသားပညာရှင်များအားရန်ကုန်တိုင်းဒေသကြီး၊ သယံဇာတရေးရာဝန်ကြီးဦးဇော်ဝင်းမှသင်တန်းဆင်းလက်မှတ်ပေးအပ်နေစဉ်

သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်ဒေါက်တာဖြူဖြူဝင်းမှ သင်တန်းသူတစ်ဦးအားသင်တန်းဆင်းလက်မှတ်ပေးအပ်နေစဉ်

နည်းပညာလွှဲပြောင်းရယူခဲ့သော အသေးစား၊ အငယ်စားနှင့် အလတ်စား လုပ်ငန်းရှင်တစ်ဦးမှလည်း ကျေးဇူးတင်စကားပြောကြားခဲ့ပုံ