logo သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

logo

သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

Update News
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က) နိုင်ငံအကျိုးပြု သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်း များ ဆောင်ရွက်၍ နည်းပညာလွှဲပြောင်းခြင်းနှင့် ဖြန့်ဝေခြင်း၊ နည်းပညာအကြံပေး ခြင်းများဆောင်ရွက်ရန်၊ (ခ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ သုတေသနစင်တာများ၊ တက္ကသိုလ်များနှင့်စက်မှု လုပ်ငန်းများအကြားသုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ (ဂ) နိုင်ငံတော်၏ ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးမှုဝါဒများကို ပံ့ပိုးပေးသော မြန်မာစံချိန် စံညွှန်းများချမှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (ဃ) ခေတ်မီဓါတ်ခွဲစမ်းသပ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများကို ရည်ညွှန်းဓာတ်ခွဲခန်းအနေဖြင့် မှန်ကန်တိကျစွာ ဆောင်ရွက်ရန်၊ (င) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော သိပ္ပံနှင့် နည်းပညာဆိုင်ရာ လက်တွေ့အသုံးချ နည်းပညာသင်တန်းများ စဉ်ဆက်မပြတ် ပို့ချ ပေးရန်၊ (စ) နိုင်ငံတော်၏ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပနှင့် ‌ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်၊ (ဆ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသန လုပ်ငန်း များဖွံ့ဖြိုးတိုး တက်လာစေရန် ဆောင်ရွက်ရန်၊
MM

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ အမျိုးသား စံချိန်စံညွှန်းနှင့်အရည်အသွေးဌာန၊ တိကျစွာတိုင်းတာခြင်းနည်းပညာသိပ္ပံ(မြန်မာ)မှ ကြီးမှူး၍ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်သည့် တိကျစွာတိုင်းတာခြင်းနည်းပညာဆွေးနွေးပွဲ (China-Myanmar Cooperation Symposium on Metrology) ဖွင့်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ(၂၁) ရက်နေ့တွင် Melia Hotel ရန်ကုန်မြို့၌ ကျင်းပခဲ့ရာ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာမျိုးသိန်းကျော်က တက်ရောက်၍ အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါသည်။ 

အဆိုပါဖွင့်ပွဲအခမ်းအနားတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊အမြဲတမ်းအတွင်းဝန်၊  UMFCCI ဒုတိယဥက္ကဌ၊ညွှန်ကြားရေးမှူးချုပ်၊သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊တိကျစွာတိုင်း တာခြင်းနည်းပညာသိပ္ပံ(တရုတ်)နှင့်တိကျစွာတိုင်းတာခြင်းနည်းပညာသိပ္ပံ(ကွမ်ရှီး)မှ ကျွမ်းကျင် ပညာရှင်များ၊ ဝန်ကြီးဌာနများမှကိုယ်စားလှယ်များ၊ စက်ရုံအလုပ်ရုံများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များတက် ရောက်ခဲ့ ကြပါသည်။

စက်မှုကုန်ထုတ်လုပ်ငန်းများတွင် တိကျစွာတိုင်းတာခြင်းနည်းပညာ၏ အရေးပါမှုများကို သိရှိရန်၊ တိကျစွာတိုင်းတာခြင်းနည်းပညာသိပ္ပံ(မြန်မာ)၏ ဝန်ဆောင်မှုများကို သိရှိနိုင်ရန်၊ စက်မှု ကုန်ထုတ်လုပ်ငန်းများတွင်စံတိုင်းတာမှုဆိုင်ရာလိုအပ်ချက်များကိုတင်ပြဆွေးနွေးနိုင်ရန်နှင့်ဒေသ တွင်းနိုင်ငံများနှင့်ပူးပေါင်းဆောင်ရွက်တိုးမြှင့်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ တိကျစွာတိုင်းတာ ခြင်းနည်းပညာသိပ္ပံ(တရုတ်)နှင့် တိကျစွာတိုင်းတာခြင်းနည်းပညာသိပ္ပံ(မြန်မာ)တို့ ပူးပေါင်းပြီး အသိပညာပေးဆွေးနွေးပွဲအား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂၁) ရက်နေ့မှ (၂၂)ရက်နေ့ အထိ (၂) ရက်ကြာကျင်းပခဲ့ပါသည်။ 

အဆိုပါဆွေးနွေးပွဲတွင် မြန်မာကိုယ်စားလှယ်များမှ မြန်မာနိုင်ငံ၏အမျိုးသားအဆင့် အရည်အသွေးဆိုင်ရာအခြေခံအဆောက်အအုံ နှင့် တိကျစွာတိုင်းတာခြင်းနည်းပညာသိပ္ပံ (မြန်မာ)၏ လုပ်ငန်းများကို အသိပညာပေးဆွေးနွေးခြင်း၊ တရုတ်ကျွမ်းကျင်ပညာရှင်များမှ မြန်မာ-တရုတ်ပူးတွဲသုတေသနလုပ်ငန်းများ၊ အလျားတိုင်းတာဆိုင်ရာ တိကျစွာတိုင်းတာခြင်း နည်းပညာ(Dimensional Metrolog) ၊ အပူချိန်တိုင်းတာခြင်းဆိုင်ရာတိကျစွာတိုင်းတာခြင်း နည်းပညာ(Temperature Metrology)ကို အသိပညာပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းရှင်များမှ စက်မှုကုန်ထုတ်လုပ်ငန်းများအတွက် တိုင်းတာခြင်းဆိုင်ရာလိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ ပါသည်။ ထို့နောက် တိကျစွာတိုင်းတာခြင်းနည်းပညာဖြင့် စက်မှုလက်မှုလုပ်ငန်းများသို့ ပံ့ပိုးနိုင်မည့် နည်းလမ်းများခေါင်းစဉ်ဖြင့် Stakeholder များနှင့်ဆွေးနွေးခဲ့ကြပါသည်။

သိပ္ပံနှင့်နည်းပညာဝန်ကြီးဒေါက်တာမျိုးသိန်းကျော်မှအဖွင့်အမှာစကားပြောကြားနေပုံ

သုတေသနှင့်တီထွင်ဆန်သစ်မှုဉီးစီးဌာနညွှန်းကြားမှူးချုပ်ဒေါက်တာဖြူဖြူဝင်းမှအဖွင့်အမှာစကားပြောကြားနေပုံ

နည်းပညာဆွေးနွေးပွဲသို့တက်ရောက်လာသောဧည့်သည်တော်များနှင့်အမှတ်တရစုပေါင်းဓာတ်ပုံ

တိကျတိုင်းတာမှုနည်းပညာဆိုင်ရာလုပ်ငန်းစဉ်များအားစာတမ်းရှင်များမှဆွေးနွေးတင်ပြနေပုံ

တိကျတိုင်းတာမှုနည်းပညာဆိုင်ရာလုပ်ငန်းစဉ်များအားစာတမ်းရှင်များမှဆွေးနွေးတင်ပြနေပုံ