logo သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

logo

သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

Update News
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က) နိုင်ငံအကျိုးပြု သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်း များ ဆောင်ရွက်၍ နည်းပညာလွှဲပြောင်းခြင်းနှင့် ဖြန့်ဝေခြင်း၊ နည်းပညာအကြံပေး ခြင်းများဆောင်ရွက်ရန်၊ (ခ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ သုတေသနစင်တာများ၊ တက္ကသိုလ်များနှင့်စက်မှု လုပ်ငန်းများအကြားသုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ (ဂ) နိုင်ငံတော်၏ ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးမှုဝါဒများကို ပံ့ပိုးပေးသော မြန်မာစံချိန် စံညွှန်းများချမှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (ဃ) ခေတ်မီဓါတ်ခွဲစမ်းသပ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများကို ရည်ညွှန်းဓာတ်ခွဲခန်းအနေဖြင့် မှန်ကန်တိကျစွာ ဆောင်ရွက်ရန်၊ (င) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော သိပ္ပံနှင့် နည်းပညာဆိုင်ရာ လက်တွေ့အသုံးချ နည်းပညာသင်တန်းများ စဉ်ဆက်မပြတ် ပို့ချ ပေးရန်၊ (စ) နိုင်ငံတော်၏ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပနှင့် ‌ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်၊ (ဆ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသန လုပ်ငန်း များဖွံ့ဖြိုးတိုး တက်လာစေရန် ဆောင်ရွက်ရန်၊
MM

အခြေခံအဂလိပ်စာသင်တန်းကို (၄-၃-၂၀၂၄) ရက်နေ့မှ (၂၉-၃-၂၀၂၄) ရက်နေ့အထိ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၌ တပါတ်လျှင် (၃)ရက်ကျင်းပပြုလုပ်ခဲ့ပြီး“ရေအရည်အသွေး ဓာတ်ခွဲစမ်းသပ်စစ်ဆေး ခြင်းသင်တန်း”ကို (၁၄-၃-၂၀၂၃)ရက်နေ့မှ (၂၈-၃-၂၀၂၃)ရက်နေ့အထိ တပါတ်လျှင် (၂)ရက် (ကြာသပတေးနေ့နှင့်သောကြာနေ့)၊ စုစုပေါင်း (၅) ရက်၊  သင်ကြားချိန် နာရီ (၂၀) ဖြင့် အမျိုးသားဓာတ်ခွဲခန်း၊ ဒြပ်စင်ဓာတ်ခွဲဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ခင်အေးတူးနှင့် စက်မှုကျွမ်းကျင် (၁) ဒေါ်ခင်ဌေးတို့က စာတွေ့၊ လက်တွေ့လုပ်ငန်းများဖြင့် လေ့ကျင့်သင်ကြားခဲ့ရာ သင်တန်းသားအဖြစ်ဝန်ထမ်း (၁၈) ဦး တက်ရောက်ခဲ့ပါသည်။

ယင်းသင်တန်းတွင် ရေနှင့်သက်ဆိုင်သော ဗဟုသုတများ၊ ရေဓာတ်ခွဲတိုင်းတာသော နည်းစနစ်များ၊ ရေ၏ ရုပ်ဂုဏ်သတ္တိနှင့် ဓာတ်ဂုဏ်သတ္တိများဖြစ်သော အမျိုးအမည် (၂၂) မျိုး (pH, Dissolved oxygen, Turbidity, Color, Total alkalinity, P-alkalinity, Carbonate, Bicarbonate, Hydroxide, Total hardness, Carbonate hardness, Non-carbonate hardness, Chloride, Sulphate, Electrical conductivity, Total solids, Total dissolved solids, Total suspended solids, Salinity, Biochemical oxygen demand, Chemical oxygen demand) အစရှိသည်တို့အပြင် ရေတွင် ပျော်ဝင်နေသော သတ္တုဓာတ်များနှင့် အဆိပ်အတောက်ဖြစ်စေနိုင်သော လေးလံသောသတ္တုဓာတ်များ (Heavy metals)ကို Atomic absorption spectrometer ဖြင့် တိုင်းတာစမ်းသပ်စစ်ဆေးခြင်းများကို စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးခဲ့ပါသည်။

အခြေခံအဂလိပ်စာသင်တန်းနှင့်ရေအရည်အသွေးဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းသင်တန်းဆင်းပွဲအခမ်းအနား ကို (၂၉-၃-၂၀၂၄) ရက်နေ့ တွင် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊စုဝေးခန်းမ၌  ကျင်းပပြုလုပ်ခဲ့ပါသည်။သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ်ကိုယ်စားဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းထွန်းမိုးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ သင်တန်းဆင်းပွဲအခမ်းအနားသို့ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ညွှန်ကြားရေးမှူးများ၊ဒုတိယ ညွှန်ကြားရေးမှူးများ၊သင်တန်းဆရာ၊ဆရာမများ နှင့်သင်တန်းသူ၊သင်တန်းသားများတက်ရောက်ခဲ့ကြပါသည်။

                  ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းမှ လမ်းညွှန်မှာကြားခြင်း

                   သင်တန်းသား/သင်တန်းသူများနှင့်အမှတ်တရမှတ်တမ်းဓါတ်ပုံ

                    ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းမှ လမ်းညွှန်မှာကြားခြင်း

 Atomic Absorption Spectrometer (PinAAcle 900H, Prekinelmer) စက်ဖြင့် ရေတွင် ပျော်ဝင်နေသော သတ္တုဓာတ်များအား တိုင်းတာခြင်းကို လက်တွေ့သင်ကြားခြင်း   

                         ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်အေးတူးမှ သင်ကြားပို့ချခြင်း

   

                  စက်မှုကျွမ်းကျင် (၁) ဒေါ်ခင်ဌေးမှ လက်တွေ့သင်ကြားပြသခြင်း

                                    သင်တန်းသားများမှ လက်တွေ့ဆောင်ရွက်ခြင်း 

   

                   ရရှိလာသော ဒေတာများအား အဖြေရရှိအောင် တွက်ချက်ခြင်း

             သင်တန်းသားများအား တက်မြောက်မှု စစ်ဆေးခြင်း

သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ်ကိုယ်စားဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းထွန်းမိုးမှ အဖွင့်အမှာစကား ပြောကြားစဉ်

                           သင်တန်းဆင်းအခမ်းအနားစုပေါင်းမှတ်တမ်းဓါတ်ပုံ

                      သင်တန်းဆင်းပွဲသို့တက်ရောက်လာသူများ

သင်တန်းဆရာ၊ဆရာမများအားဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းထွန်းမိုးမှအမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်စဉ်