logo သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

logo

သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

Update News
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က) နိုင်ငံအကျိုးပြု သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်း များ ဆောင်ရွက်၍ နည်းပညာလွှဲပြောင်းခြင်းနှင့် ဖြန့်ဝေခြင်း၊ နည်းပညာအကြံပေး ခြင်းများဆောင်ရွက်ရန်၊ (ခ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ သုတေသနစင်တာများ၊ တက္ကသိုလ်များနှင့်စက်မှု လုပ်ငန်းများအကြားသုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ (ဂ) နိုင်ငံတော်၏ ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးမှုဝါဒများကို ပံ့ပိုးပေးသော မြန်မာစံချိန် စံညွှန်းများချမှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (ဃ) ခေတ်မီဓါတ်ခွဲစမ်းသပ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများကို ရည်ညွှန်းဓာတ်ခွဲခန်းအနေဖြင့် မှန်ကန်တိကျစွာ ဆောင်ရွက်ရန်၊ (င) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော သိပ္ပံနှင့် နည်းပညာဆိုင်ရာ လက်တွေ့အသုံးချ နည်းပညာသင်တန်းများ စဉ်ဆက်မပြတ် ပို့ချ ပေးရန်၊ (စ) နိုင်ငံတော်၏ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပနှင့် ‌ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်၊ (ဆ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသန လုပ်ငန်း များဖွံ့ဖြိုးတိုး တက်လာစေရန် ဆောင်ရွက်ရန်၊
MM

သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် များအတွင်း ထူးခြားတိုးတက်ပြောင်းလဲစေသော ဆောင်ရွက်မှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း အစီအစဉ်ကို (၁.၁.၂၀၂၄) ရက်နေ့ နံနက်(၉း၃၀) မှ (၁၂း၀၀) နာရီအထိ သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာန အစည်းအဝေးခန်းမတွင်  ကျင်းပဆောင်ရွက်ခဲ့ပါသည်။

အစီအစဉ်အရ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းမှ ရှေးဦးစွာ နှစ်သစ်ကြိုဆိုနှုတ်ဆက် စကား ပြောကြားပြီး နောက် ယခင်နှစ်များတွင် ဌာနများ၏ ဆောင်ရွက်မှုများကိုသာ တင်ပြခဲ့ပါကြောင်း၊ ယခုအကြိမ်မှာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်များအတွင်း ထူးခြားတိုးတက်ပြောင်းလဲစေသော ဆောင်ရွက်မှုများနှင့်ပတ်သက်၍ တင်ပြရန် စီစဉ်ခဲ့ပါကြောင်း၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန အနေဖြင့်  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဌာနဆိုင်ရာ လေ့လာဆန်းစစ်မှုအစီရင်ခံစာ (Departmental Monitoring Report-DMR) ရေးဆွဲပြုစုရာတွင် ဦးစီးဌာန၏ မဟာဗျူဟာမြောက် အပြောင်းအလဲများနှင့် ဆီလျော်မှုရှိ/မရှိ၊ မျှော်မှန်းရလာဒ်များနှင့် အကောင်အထည်ဖော်ဆောင်ရွက်သည့်လုပ်ငန်းများ၏ ရလာဒ်များနှင့် ထိရောက်မှုရှိ/မရှိ၊ ခွင့်ပြု ဘဏ္ဍာငွေ ကို အကျိုးရှိစွာ စီမံခန့်ခွဲနိုင်မှုနှင့် စွမ်းဆောင်နိုင်မှုရှိ/မရှိ၊  နိုင်ငံအတွင်း အမျိုးသားအဆင့် ၊ တိုင်းဒေသကြီး/ပြည်နယ်များတွင် ဆောင်ရွက်မှုများနှင့် အကျုံးဝင်ရှိ/မရှိ ကို သိရှိနိုင်ရန် လိုအပ်လာပါကြောင်း၊  သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန လက်အောက်ရှိ ဌာနများ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မှုများမှ  လုပ်ငန်း၏ တိုးတက်ပြောင်းလဲမှုအား လေ့လာဆန်းစစ်သည့်လုပ်ငန်း ကို ဆောင်ရွက်နိုင်ရန်  ထူးခြားတိုးတက်ပြောင်းလဲစေသော ဆောင်ရွက်မှုများနှင့် ပတ်သက်၍ သိရှိနိုင်ရန်အတွက် ယနေ့အခမ်းအနားအစီအစဉ်ကို ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍  ဦးစီးဌာနအောက်ရှိ အမျိုးသား ဓာတ်ခွဲခန်း မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းထွန်းမိုး၊  သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာသုတေသနဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်တင်သိန်း ၊ ပြန်ပြည့်မြဲစွမ်းအင်နှင့် အီလက်ထရောနစ် သုတေသန ဗဟိုဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာလှမျိုးအောင်၊ အမျိုးသားစံချိန်စံညွှန်းနှင့် အရည်အသွေး ဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာကျော်စိုးလွင်၊ဓာတုနည်းပညာသုတေသနဗဟိုဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကေသွယ်ခိုင်၊  တို့မှ  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေး နှစ်များအတွင်း ထူးခြားတိုးတက်ပြောင်းလဲစေသော ဆောင်ရွက်မှုများနှင့်ပတ်သက်၍ power point presentation များဖြင့်  ရှင်းလင်းတင်ပြခဲ့ကြပါသည်။   ဦးစီးဌာန(ရုံးချုပ်) အနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်များအတွင်း ရုံးတွင်းစိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာရေး ဆောင်ရွက်ထားမှု အခြေအနေ များကို  ညွှန်ကြားရေးမှူး၊ ဒေါက်တာကျော်မိုးအောင် မှ power point presentation များဖြင့်  ရှင်းလင်းတင်ပြခဲ့ပါသည်။

ရှင်းလင်းတင်ပြချက်များအပေါ် တက်ရောက်လာသူများမှ သိလိုသည့်အချက်များကို မေးမြန်းဆွေးနွေးခဲ့ ကြပါသည်။ ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာဖြူဖြူဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မင်းနိုင် တို့မှ ဌာနအသီးသီး၏ တင်ပြချက်များနှင့်ပတ်သက်၍ လိုအပ်သည်များကို လမ်းညွှန်မှုများ ပြုလုပ်ဆွေးနွေး ခဲ့ကြပါသည်။

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဖြူဖြူဝင်း မှ နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ဦးစီးဌာနအောက်ရှိ ဌာနများမှ လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်းမှာ ဌာနရှိ ဌာနမှူးအသီးသီး၏ ဦးဆောင်မှုအောက်တွင် ဌာနရှိ ဝန်ထမ်းများအားလုံး ညီညီညွတ်ညွတ်နှင့် ဆောင်ရွက်နိုင်ခြင်းဖြစ်သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် ဌာနအသီးသီးရှိ ဝန်ထမ်းများအား တစ်ဆင့် ပြောကြားပေးကြပါရန် နှင့် နှစ်သစ်တွင် ပျော်ရွှင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားပြီး အခမ်းအနားကို နေ့လည် (၁၂း၀၀) တွင် ရုပ်သိမ်းခဲ့ပါသည်။

ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေး နှစ်များအတွင်း ထူးခြားတိုးတက်ပြောင်းလဲစေသော ဆောင်ရွက်မှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း အစီအစဉ်တွင် အဖွင့်အမှာစကားပြောကြားနေပုံ

အခမ်းအနားသို့ တက်ရောက်ကြသော  ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ နှင့် ဒုတိယညွှန်ကြားရေးမှူးများ တက်ရောက်ပုံ

အမျိုးသားဓာတ်ခွဲခန်းမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းထွန်းမိုးမှ တင်ပြစဉ်

 

သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာသုတေသန ဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်တင်သိန်းမှ တင်ပြစဉ်

ပြန်ပြည့်မြဲစွမ်းအင်နှင့် အီလက်ထရောနစ် သုတေသန ဗဟိုဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာလှမျိုးအောင် မှ တင်ပြစဉ်

အမျိုးသားစံချိန်စံညွှန်းနှင့် အရည်အသွေး ဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာကျော်စိုးလွင်မှ ရှင်းလင်းတင်ပြစဉ်

ဓာတုနည်းပညာသုတေသနဗဟိုဌာန မှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာကေသွယ်ခိုင်ရှင်းလင်းတင်ပြစဉ်

ဦးစီးဌာန (ရုံးချုပ်) မှ ညွှန်ကြားရေးမှူး ဒေါက်တာ ကျော်မိုးအောင် မှ တင်ပြစဉ်

                   တင်ပြချက်များအပေါ် သိလိုသည်များအား မေးမြန်းစဉ်

                  တင်ပြချက်များအပေါ် သိလိုသည်များအား မေးမြန်းစဉ်

ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ နှင့် အမှတ်တရ စုပေါင်းဓာတ်ပုံ