သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနရှိ အမျိုးသားဓာတ်ခွဲခန်းသို့ Hinthar Education မှ ဆရာမ ဒေါက်တာဖြူဖြူမြင့် ဦးဆောင်သော ကျောင်းသား/ကျောင်းသူ (၂၀)ဦးတို့သည် (၂၀-၂-၂၀၂၄) ရက်နေ့ နံနက် (၁၀)နာရီမှ နံနက်(၁၁း၃၀)နာရီတွင် လာရောက်လေ့လာခဲ့ကြပါသည်။
အစီအစဉ်အရ Hinthar Education မှ ကျောင်းသား/ကျောင်းသူများအား ကြိုဆိုနှုတ်ဆက် ခြင်း အခမ်းအနားတွင် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းမှ ကြိုဆိုနှုတ်ဆက်စကား ပြောကြားခဲ့ပါသည်။ ထို့နောက် အမျိုးသားဓာတ်ခွဲခန်း ဌာနကြီးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းထွန်းမိုး အမျိူးသားဓာတ်ခွဲခန်းမှ ဆောင်ရွက်လျှက်ရှိသောဓာတ်ခွဲခန်းဆောင်ရွက်မှုလုပ်ငန်းများအား အကျဉ်းချုပ် ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ကျောင်းသား/ကျောင်းသူများသည် အမျိုးသားဓာတ်ခွဲခန်းရှိ ဝန်ဆောင်မှုပေးနေ သော စက်ပစ္စည်းများဖြင့် ဓါတ်ခွဲတိုင်းတာမှုများအား ကြည့်ရှုလေ့လာခဲ့ကြပါသည်။
ထိုသို့ ဓါတ်ခွဲခန်းများအား ကြည့်ရှုလေ့လာရာတွင် အမျိုးသားဓာတ်ခွဲခန်း၊ ညွှန်ကြားရေးမှူး ဒေါက်တာအေးအေးလှိုင်မှ အော်ဂဲနစ်ဓါတ်ပေါင်းများအား Chromatography နည်းစဉ်ဖြင့် ပါဝင်မှု ဒြပ်ပေါင်းများခွဲခြားခြင်းနှင့် ဓါတ်ခွဲတိုင်းတာမှုများအားလည်းကောင်း၊ အမျိုးသားဓာတ်ခွဲခန်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်အေးတူးမှ ISO/IEC: 17025 လက်မှတ်ရရှိအောင် ဆောင်ရွက် လျက်ရှိသည့် ရေတွင်ပါဝင်သော ဒြပ်စင်များအား Spectrophotometry နည်းစဉ်ဖြင့် ဓါတ်ခွဲတိုင်းတာ မှုအား ရှင်းလင်းပြသခဲ့ပါသည်။
ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းမှ ကြိုဆိုမိတ်ဆက်စကားပြောကြားခြင်း
အမျိုးသားဓာတ်ခွဲခန်း ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းထွန်းမိုးမှ ကြိုဆိုမိတ်ဆက်စကားပြောကြားခြင်း
အော်ဂဲနစ်ဓာတ်ပေါင်းများအား Gas Chromatography – Mass Spectrometer ; GC-MS စက် ဖြင့် ဓာတ်ခွဲတိုင်းတာမှုအားရှင်းလင်းပြသခြင်း
အော်ဂဲနစ်ဓာတ်ပေါင်းများအား အမျိုးအစား သတ်မှတ် ပေးခြင်းကို FTIR စက်ဖြင့် တိုင်းတာမှုအား ရှင်းလင်းပြသခြင်း
ISO/ IEC:17025 လက်မှတ်ရရှိအောင် ဆောင်ရွက်လျက်ရှိ သည့် ရေတွင်ပါဝင်သောဒြပ်စင်များအား Spectrophotometry နည်းစဉ်ဖြင့် ဓာတ်ခွဲတိုင်းတာမှုအား ရှင်းလင်းပြသခြင်း (Flame-AAS)
စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း
အမှတ် (၆) ကမ္ဘာအေးဘုရားလမ်း
စာတိုက်အမှတ် ၁၁၀၈၁
ရန်ကင်းမြို့နယ်
ရန်ကုန်