logo သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

logo

သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

Update News
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က) နိုင်ငံအကျိုးပြု သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်း များ ဆောင်ရွက်၍ နည်းပညာလွှဲပြောင်းခြင်းနှင့် ဖြန့်ဝေခြင်း၊ နည်းပညာအကြံပေး ခြင်းများဆောင်ရွက်ရန်၊ (ခ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ သုတေသနစင်တာများ၊ တက္ကသိုလ်များနှင့်စက်မှု လုပ်ငန်းများအကြားသုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ (ဂ) နိုင်ငံတော်၏ ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးမှုဝါဒများကို ပံ့ပိုးပေးသော မြန်မာစံချိန် စံညွှန်းများချမှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (ဃ) ခေတ်မီဓါတ်ခွဲစမ်းသပ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများကို ရည်ညွှန်းဓာတ်ခွဲခန်းအနေဖြင့် မှန်ကန်တိကျစွာ ဆောင်ရွက်ရန်၊ (င) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော သိပ္ပံနှင့် နည်းပညာဆိုင်ရာ လက်တွေ့အသုံးချ နည်းပညာသင်တန်းများ စဉ်ဆက်မပြတ် ပို့ချ ပေးရန်၊ (စ) နိုင်ငံတော်၏ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပနှင့် ‌ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်၊ (ဆ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသန လုပ်ငန်း များဖွံ့ဖြိုးတိုး တက်လာစေရန် ဆောင်ရွက်ရန်၊
MM

သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှဦးဆောင်၍ မြိတ်ခရိုင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းရှိ MSME စားသောက်ကုန်တန်ဖိုးမြှင့် ထုတ်လုပ်မှုလုပ်ငန်းများ စွန့်ဦးတီထွင်သူများ ပေါ်ထွက်လာ စေရေး၊ ကျန်းမာရေးနှင့် ညီညွတ်သောအရည်အသွေးပြည့်မီသည့် တန်ဖိုးမြင့်စားသောက်ကုန် ထုတ်လုပ်မှု  နည်းပညာလွှဲအပ်ခြင်း နှင့် သင်တန်းဖွင့်လှစ်သင်ကြားခြင်းအစီအစဉ်ကို ၂၀၂၄ ခုနှစ်၊ မတ်လ(၂၅) ရက်နေ့မှ (၃၀) ရက်နေ့အထိ တနင်္သာရီတိုင်း၊ မြိတ်မြို့ရှိ  မြိတ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးတွင် ကျင်းပလျက် ရှိပါသည်။ အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ မတ်လ(၂၅) ရက်နေ့ နံနက် (၉:၃၀) မှ (၁၀:၃၀) အထိကျင်းပခဲ့ပြီး၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ၊ သုတေသနနှင့်တီထွင် ဆန်းသစ်မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာဖြူဖြူဝင်းနှင့် သင်တန်းပို့ချပေးမည့် သုတေသနပညာရှင်များ၊ မြိတ်ခရိုင်စီမံ အုပ်ချုပ်ရေးကောင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးဉာဏ်ဇော်၊ မြိတ်ခရိုင် စက်မှုကြီးကြပ် ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဖြိုးဇာနည်ဝင်းနှင့် တာဝန်ရှိသူများ၊ ငှက်သိုက် လုပ်ငန်းရှင်များအသင်းအဖွဲ့မှလုပ်ငန်းရှင်များနှင့် MSMEs လုပ်ငန်းရှင်များတက်ရောက်ကြ ပါသည်။ အဆိုပါသင်တန်းသို့ မြိတ်ခရိုင်အတွင်းမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၄၀) ဦးခန့်တက်ရောက်ကြပါသည်။ သင်တန်းတွင်  နာနတ်သီးJuice ပြုလုပ်သည့် နည်းပညာ၊ ခရမ်းချဉ်သီးနှင့် ငရုတ်သီးSauce အနှစ်အချဉ်ရည် ပြုလုပ်ခြင်းနည်းပညာ၊ ပေါင်မုန့်နှင့်ကိတ်မုန့် ဖုတ်ခြင်းနည်းပညာများနှင့် ပေါင်မုန့်နှင့်ကိတ်မုန့် ကြာရှည်ခံနည်းပညာ၊ ငှက်သိုက်မှတန်ဖိုးမြှင့် ထုတ်ကုန်ပြုလုပ်ခြင်းနည်းပညာနှင့် ဓနိဖူးခြောက်ပြုလုပ်ခြင်း နည်းပညာ၊ အုန်းသီးမှ တန်ဖိုးမြင့်ထုတ်ကုန်ထုတ်လုပ်ခြင်းနည်းပညာ၊ Vacuum Frying နည်းပညာဖြင့် အသီးအနှံ ခြောက်ထုတ်ကုန်ထုတ်လုပ်သည့်နည်းပညာ၊ မျှစ်ခြောက်ပြုလုပ်သည့်နည်းပညာနှင့် ခရမ်းချဉ် သီးယို ပြုလုပ်သည့် နည်းပညာများအား သင်ကြားပို့ချ ပေးလျက်ရှိပါသည်။

                                        သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းမှအဖွင့်အမှာစကားပြောကြားခြင်း

                                       မြိတ်ခရိုင်စီမံအုပ်ချုပ်ရေး ကောင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးဉာဏ်ဇော်မှ အမှာစကားပြောကြားခြင်း

                                           မြိတ်ခရိုင် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဖြိုးဇာနည်ဝင်းမှ အမှာစကားပြောကြားခြင်း

 

                                ညွှန်ကြားရေးမှူးချုပ်နှင့် သင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်လာသူများ၏ မှတ်တမ်းဓာတ်ပုံ

                                                                                                 သင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်လာသူများ

                                                                                                    သင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်လာသူများ

                                                  သင်တန်းဆရာမမှ နာနတ်သီးဖျော်ရည်၊ ခရမ်းချဉ်သီးနှင့် ငရုတ်သီးဆော့စ်နည်းပညာများ လက်တွေ့သင်ကြားပို့ချပေးခြင်း

                                                 သင်တန်းဆရာမမှ နာနတ်သီးဖျော်ရည်၊ ခရမ်းချဉ်သီးနှင့် ငရုတ်သီးဆော့စ်နည်းပညာများ လက်တွေ့သင်ကြားပို့ချပေးခြင်း

                                                        သင်တန်းဆရာမမှကိတ်မုန့်၊ ပေါင်မုန့်ပြုလုပ်ခြင်းနည်းပညာများသင်ကြားပြသခြင်း

                                           သင်တန်းဆရာမမှကိတ်မုန့်၊ ပေါင်မုန့်ပြုလုပ်ခြင်းနည်းပညာများလက်တွေ့သင်ကြားပြသခြင်း

                                                                                                    သင်တန်းသားများလက်တွေ့ဆောင်ရွက်နေမှုများ

 

                                             သင်တန်းသားများလက်တွေ့ပြုလုပ်ထားသောခရမ်းချဉ်သီးနှင့် ငရုတ်သီးဆော့စ်များ

                                                                                      ကိတ်မုန့်၊ပေါင်မုန့်နည်းပညာများလက်တွေ့သင်ကြားပြသခြင်း

                                                                                           ကိတ်မုန့်၊ပေါင်မုန့်နည်းပညာများလက်တွေ့သင်ကြားပြသခြင်း