logo သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

logo

သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

Update News
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က) နိုင်ငံအကျိုးပြု သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်း များ ဆောင်ရွက်၍ နည်းပညာလွှဲပြောင်းခြင်းနှင့် ဖြန့်ဝေခြင်း၊ နည်းပညာအကြံပေး ခြင်းများဆောင်ရွက်ရန်၊ (ခ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ သုတေသနစင်တာများ၊ တက္ကသိုလ်များနှင့်စက်မှု လုပ်ငန်းများအကြားသုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ (ဂ) နိုင်ငံတော်၏ ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးမှုဝါဒများကို ပံ့ပိုးပေးသော မြန်မာစံချိန် စံညွှန်းများချမှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (ဃ) ခေတ်မီဓါတ်ခွဲစမ်းသပ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများကို ရည်ညွှန်းဓာတ်ခွဲခန်းအနေဖြင့် မှန်ကန်တိကျစွာ ဆောင်ရွက်ရန်၊ (င) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော သိပ္ပံနှင့် နည်းပညာဆိုင်ရာ လက်တွေ့အသုံးချ နည်းပညာသင်တန်းများ စဉ်ဆက်မပြတ် ပို့ချ ပေးရန်၊ (စ) နိုင်ငံတော်၏ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပနှင့် ‌ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်၊ (ဆ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသန လုပ်ငန်း များဖွံ့ဖြိုးတိုး တက်လာစေရန် ဆောင်ရွက်ရန်၊
MM

၂၀၂၄ခုနှစ် ၊ မတ်လ(၇) ရက်နေ့တွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊သုတေသနနှင့် တီထွင် ဆန်းသစ်မှုဦးစီးဌာနသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တော ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်     ဦးဖေချစ်ခေါင်းဆောင်၍ သစ်တောဦးစီးဌာနမှ တာဝန်ရှိ သူများ အဖွဲ့ဝင်(၁၁)ဦး ၊ မြန်မာနိုင်ငံ ကြိမ်နှင့်ဝါးလုပ်ငန်းရှင်များအသင်း(ရန်ကုန်)မှ အဖွဲ့ဝင် (၁၀) ဦး၊ ကြိမ်/ဝါး လက်မှုလုပ်ငန်းနှင့် ပုဂ္ဂလိကဝါး/သစ်မာစိုက်ခင်းလုပ်ငန်းရှင် (ဧရာဝတီ တိုင်းဒေသကြီး)မှ အဖွဲ့ဝင်(၈)ဦး၊ ကြိမ်/ဝါး လက်မှုလုပ်ငန်း(ပဲခူးတိုင်းဒေသကြီး)မှ အဖွဲ့ဝင်(၇)ဦး၊ အခြားဆက်စပ်ပတ်သက်သူများ (၇)ဦး ၊ အခြားဌာနဆိုင်ရာများမှ တက်ရောက်သူ (၃)ဦး၊ စုစုပေါင်း (၄၆)ဦး လာရောက်လေ့လာခဲ့ပါသည်။ သုတေသနနှင့်တီထွင်ဆန်းသစ်မှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးဖေချစ် မှ “မြန်မာ့ကြိမ်နှင့်ဝါး  အခန်းကဏ္ဍ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ” ကျင်းပဆောင်ရွက်ရန် ရည်ရွယ်ပြီး သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန သို့ လေ့လာရေးခရီး လာရောက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ ပါသည်။ ထို့နောက် အဖွဲ့ဝင်(၁)ဦးချင်းစီမှ မိတ်ဆက်စကားပြောကြားခဲ့ပြီးနောက် Bamboo Demonstration Unit သို့ သွားရောက်လေ့လာခဲ့ကြပါသည်။ထို့နောက် ဝါးနှင့်ကြိမ်ထုတ်ကုန်များ သုတေသန ပြုလုပ်သော ပေါ်လီမာသုတေသနဌာနသို့ သွားရောက်လေ့လာခဲ့ကြပါသည်။ ၂၀၂၄ ခုနစ်၊မတ်လ(၈)ရက်နေ့ နံနက်(၉)နာရီတွင် “မြန်မာ့ကြိမ်နှင့်ဝါး  အခန်းကဏ္ဍ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ”ကို ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့ရှိ  AFoCO RETC သင်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ဒေါက်တာသဇင်ဟန် (ညွှန်ကြားရေးမှူး) ၊ ဒေါက်တာသင်းသင်းလှိုင် (ဒုညွှန်မှူး) ပါဝင်သော အဖွဲ့ဝင် ၅ ဦး တက်ရောက်ခဲ့ကြပြီး မြန်မာ့ကြိမ်နှင့်ဝါး ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် တက်ကြွစွာပါဝင်ဆွေးနွေး၍ ဝိုင်းဝန်းဆောင်ရွက်ရန် ညှိနှိုင်းခြင်းအား ဆောင်ရွက်ခဲ့ကြပါသည်။

                                       သုတေသနနှင့်တီထွင်ဆန်းသစ်မှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းမှ အဖွင့်အမှာစကားပြောကြားနေစဉ်

                           သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ဦးဖေချစ်မှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခြင်း

                                                  သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဦးမင်းသူမှ အဖွင့်အမှာစကားပြောကြားခြင်း                                     

                              "မြန်မာ့ကြိမ်နှင့်ဝါး  အခန်းကဏ္ဍ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ" အမှတ်တရမှတ်တမ်းတင်ဓါတ်ပုံ


                                                      ဝါးဖြင့်ပြုလုပ်ထားသောထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသထားသည်ကို လေ့လာကြည့်ရှုခြင်း

                                                           လေ့လာရေး လာရောက်ကြသူများနှင့် အုပ်စုဖွဲ့ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း

                           ဝါးဖြင့် သုတေသနပြုလုပ်သော ‌ပေါ်လီမာသုတေသနဌာနသို့ ဝါးထုတ်ကုန်များ ခင်းကျင်းပြသထားသည်များကို သွားရောက်လေ့လာကြည့်ရှုခြင်း

                                                ဝါးဖြင့် သုတေသနပြုလုပ်သော ‌ပေါ်လီမာသုတေသနဌာနသို့ ဝါးထုတ်ကုန်များ ခင်းကျင်းပြသထားသည်များကို သွားရောက်လေ့လာကြည့်ရှုခြင်း

                                                                                 Bamboo Demonstration Unit သို့ သွားရောက်လေ့လာခြင်း

                                                                                                  ဆွေးနွေးပွဲကျင်းပနေပုံ