၁။စက်ရုံတည်နေရာ
စမ်းသပ်စက်ရုံစု(မှော်ဘီ)သည် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ် ရန်ကုန်-ပြည်ကားလမ်းမကြီး ၏ အရှေ့ဘက် မိုင်တိုင်အမှတ် ၂၂/၅ တွင် တည်ရှိပါသည်။
၂။စက်ရုံမြေနေရာအကျယ်အဝန်း
စမ်းသပ်စက်ရုံစု(မှော်ဘီ)၏မြေနေရာအကျယ်အဝန်းမှာ ၅၀ဧကဖြစ်ပါသည်။
(၁) မြေအမျိုးအစား - နိုင်ငံပိုင်မြေ
(၄-၁၁-၁၉၉၁)ရက်နေ့တွင် ရန်ကုန်တိုင်းငြိမ်ဝပ်ပိပြားရေးတည်ဆောက်ရေးအဖွဲ့၏ လ-န ၃၉ ခွင့်ပြုချက်ရရှိပြီးအောက်ပါအတိုင်းအဆင့်နှစ်ဆင့်ဆောင်ရွက်ခဲ့ပါသည်။
ပထမအဆင့်အနေဖြင့် ၁၉၉၂ ခုနှစ် ဇွန်လ(၃)ရက်နေ့ ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးဘုန်းမြင့် လက်မှတ်ရေးထိုး၍ အစိုးရမြေ ၃.၂၈ ဧကနှင့် စားကျက်မြေမှ ပ လပ်မြေ ၁.၄၈ဧကစုစုပေါင်း ၄.၇၆ဧကကို လွှဲပြောင်းလက်ခံရရှိခဲ့ပါသည်။
ဒုတိယအဆင့်အနေဖြင့် ၁၉၉၃ခု ဇွန်လ(၁)ရက်နေ့ ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးမြသင်းလက်မှတ်ရေးထိုး၍ မြေသိမ်းအက်ဥပဒေအရနိုင်ငံပိုင် သိမ်းယူခဲ့သည့် မြေ ၄၅.၂၄ဧက လွှဲပြောင်းလက်ခံရရှိခဲ့သည့်အတွက် စုစုပေါင်းမြေဧက ၅၀ဧကဖြစ်ပါသည်။
ရုံး၊ စက်ရုံ၊ အလုပ်ရုံ၊ သိုလှောင်ရုံများဆောက်လုပ်ထားသည့် စက်ရုံမြေနေရာအကျယ်အဝန်းမှာ ၂၃.၇၆ဧကဖြစ်ပါသည်။
ဝန်ထမ်းအိမ်ယာဆောက်လုပ်ထားသောမြေနေရာအကျယ်အဝန်းမှာ ၁၈ဧကဖြစ်ပါသည်။
**မှတ်ချက်။ အမှတ်(၂)စက်မှုဝန်ကြီးဌာန၊ ဗဟိုသုတေသနလုပ်ငန်းအဖွဲ့မှ စမ်းသပ်စက်ရုံစု(မှော်ဘီ)ကိုစတင်တည်ဆောက်ခဲ့စဉ်ကစက်မှုဆောင်ရွက်မှုလုပ်ငန်းအားအဆောက်အဦးများအပ်နှံဆောက်လုပ်စေခဲ့
ရာသိုလှောင်ရုံအဖြစ် ၈.၂၄ဧကကိုအသုံးပြုခဲ့ပြီးလက်ရှိအချိန်အထိ ၎င်းဌာနမှ ဆက်လက် အသုံးပြု လျှက်ရှိပါသည်။
၃။ အဆောက်အအုံအရေအတွက်
စက်ရုံအသေးစားရုံများဖြစ်သော
(၁) ကယ်လ်စီယမ်ကာဘိုဒ်စက်ရုံ
(၂) တာပင်နီယိုနှင့်ဒိုင်အိုဂျင်းနစ်စက်ရုံ
(၃) ကျွဲကော်စက်ရုံ
(၄) ကတ္ထူစက်ရုံ
(၅) လျှပ်စစ်သတ္တုဗေဒစက်ရုံ
(၆) ပျော့ဖတ်စက်ရုံ
(၇) စက္ကူစက်ရုံ
(၈) ကြေးနီစက်ရုံ
စုစုပေါင်းစက်ရုံ(၈)ရုံနှင့် သိုလှောင်ရုံ(၅)ရုံရှိပါသည်။
၄။ လက်ရှိလုပ်နေသောလုပ်ငန်းမှာပင်မထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်၏ ဘဏ္ဍာနှစ်အလိုက် အမှာစာအရရေအိမ်သုံးစက္ကူလိပ် လုပ်ငန်းတစ်ခုတည်းသာလည်ပတ်လျှက်ရှပါသည်။
စမ်းသပ်စက်ရုံစု(မှော်ဘီ)ရှိစက်ရုံများအခြေအနေ
စမ်းသပ်စက်ရုံစု(မှော်ဘီ)ရှိစက်ရုံများတပ်ဆင်တည်ဆောက်လည်ပတ်ခဲ့မှု၊ရပ်နားခဲ့မှုအခြေအနေများကိုအောက်တွင်ဖော်ပြပါသည်-
စဉ် |
စက်ရုံအမည် |
တည်ဆောက်တပ်ဆင်သည့်နှစ် |
စတင်လည်ပတ်သည့်နှစ် |
စက်ရုံရပ်နား ခဲ့သည့်နှစ် |
၁ |
ကယ်လ်ဆီယမ်ကာဘိုဒ်စက်ရုံ |
၁၉၇၇-၁၉၈၁ |
၁၉၈၂ |
၁၉၈၂ |
၂ |
တာပင်နီယိုနှင့်ဒိုင်အိုဂျင်နင်စက်ရုံ (ပရဆေးစက်ရုံ) |
၁၉၇၇-၁၉၈၁ |
၁၉၈၂ |
၁၉၈၂ |
၃ |
ကျွဲကော်စက်ရုံ |
၁၉၇၇-၁၉၈၁ |
၁၉၈၂ |
၁၉၉၃-၁၉၉၄ |
၄ |
ကတ်ထူစက်ရုံ ကောက်ရိုးကတ္ထူပြားကုန် ချောထုတ် |
၁၉၇၇-၁၉၈၁ |
၁၉၈၂ |
၂၀၀၁ |
|
တစ်ဖက်ချောစက္ကူအဖြေလွှာ ကုန်ချောထုတ် |
၁၉၇၇-၁၉၈၁ |
၂၀၀၉-၂၀၁၀ |
၂၀၁၂-၂၀၁၃ |
၅ |
လျှပ်စစ်သတ္တုဗေဒစက်ရုံ (ကျောက်ချဉ်စက်ရုံ) |
၁၉၇၇-၁၉၈၁ |
၁၉၈၂ |
၁၉၉၈ |
၆ |
ပျော့ဖတ်စက်ရုံ |
၁၉၇၉-၁၉၈၃ |
၁၉၈၃-၁၉၈၄ |
၂၀၀၁ |
၇ |
စက္ကူစက်ရုံ |
|
|
|
|
စက္ကူစက်အမှတ်(၁) |
၁၉၇၈-၁၉၈၀ |
၁၉၈၁-၁၉၈၂ |
၁၉၉၆ |
|
စက္ကူစက်အမှတ်(၂) |
၁၉၉၆ |
၁၉၉၆ |
ယနေ့ထိထုတ်လုပ်မှုရှိနေပါသည်။ |
၈ |
ကြေးနီစက်ရုံ |
၁၉၈၅-၁၉၈၇ |
၁၉၈၈ |
၁၉၈၈ |
No. 6 KabaAye Pagoda Road
P.O. Box 11081
Yankin
Yangon