logo Department of Research and Innovation

logo

Department of Research and Innovation

Update News
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က) နိုင်ငံအကျိုးပြု သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်း များ ဆောင်ရွက်၍ နည်းပညာလွှဲပြောင်းခြင်းနှင့် ဖြန့်ဝေခြင်း၊ နည်းပညာအကြံပေး ခြင်းများဆောင်ရွက်ရန်၊ (ခ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ သုတေသနစင်တာများ၊ တက္ကသိုလ်များနှင့်စက်မှု လုပ်ငန်းများအကြားသုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ (ဂ) နိုင်ငံတော်၏ ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးမှုဝါဒများကို ပံ့ပိုးပေးသော မြန်မာစံချိန် စံညွှန်းများချမှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (ဃ) ခေတ်မီဓါတ်ခွဲစမ်းသပ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများကို ရည်ညွှန်းဓာတ်ခွဲခန်းအနေဖြင့် မှန်ကန်တိကျစွာ ဆောင်ရွက်ရန်၊ (င) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော သိပ္ပံနှင့် နည်းပညာဆိုင်ရာ လက်တွေ့အသုံးချ နည်းပညာသင်တန်းများ စဉ်ဆက်မပြတ် ပို့ချ ပေးရန်၊ (စ) နိုင်ငံတော်၏ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပနှင့် ‌ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်၊ (ဆ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသန လုပ်ငန်း များဖွံ့ဖြိုးတိုး တက်လာစေရန် ဆောင်ရွက်ရန်၊
MM

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာန၏ စွမ်းဆောင်ရည် မြှင့်တင်မှု အလုပ်ရုံ ဆွေးနွေးပွဲ အခမ်းအနားကျင်းပခြင်း

3 hours ago
၂၀၂၆ခုနှစ် ဇန်နဝါရီလ (၂၂) ရက်နေ့ နံနက် (၁၀း၀၀) နာရီ တွင် DRI စုဝေးခန်းမကြီး ၌ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ စွမ်းဆောင်ရည်မြှင့်တင်မှု အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ကျင်းပခဲ့ပါသည်။ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲ ၏ နံနက်ပိုင်းအစီအစဉ်တွင် ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနမှူးများ၊ တက်ရောက်ရန်ဖိတ်ကြား ထားသော အရာထမ်းများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ ပြန်ပြည့်မြဲ စွမ်းအင် နှင့်အီလက်ထရောနစ် နည်းပညာသုတေသန ဗဟိုဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မင်းနိုင် မှ စွမ်းဆောင်ရည်မြှင့်တင်ခြင်းအတွက် ...

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တတိယ( ၃ )လပတ် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ ကျင်းပခြင်း

1 day ago
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တတိယ (၃)လပတ် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ အခမ်းအနား ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက် (၁၀း၀၀) နာရီတွင် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ စုဝေးခန်းမကြီး ၌ ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ ညွှန်ကြားရေးမှူးများ နှင့်အတူ ဌာနမှူး၊ ဌာနတာဝန်ခံ အရာထမ်း၊ အမှုထမ်း ဝန်ထမ်းများ အားလုံး တက်ရောက်ခဲ့ကြသည်။ အခမ်းအနား အစီအစဉ်အရ တက်ရောက...

ISO/IEC 17025:2017 Accredited Laboratory

6 days ago
The Department of Research and Innovation, National Analytical Laboratory has undertaken efforts to obtain ISO/IEC 17025:2017 certificate for the determination of Copper, Iron, Manganese, Nickel, and Zinc in water by Flame Atomic Absorption Spectrometer (FAAS). As a result of these efforts, the laboratory successfully received the “CERTIFICATE OF TESTING LABORATORY ACCREDITATION” as Accreditation Number Testing -0342 certified by the Bureau of Laboratory Accreditation, Department of Science Service (BLA-DSS), Ministry of Higher Education, Science, Research and Innovation, Thailand, on 29th September 2025. Accordingly, as an ISO/IEC 17025:2017 accredited testing laboratory, National Analytical Laboratory is now effectively providing reliable laboratory testing and supporting services. ISO/IEC 17025:2017 Activites for Achieving Accredited Laboratory Status Deputy Minister Laboratory Visit &nbs...

ISO/IEC 17025:2017 အသိအမှတ်ပြုဓာတ်ခွဲခန်း

6 days ago
ISO/IEC 17025:2017 အသိအမှတ်ပြု ဓာတ်ခွဲခန်းတစ်ခုအဖြစ် ဓာတ်ခွဲတိုင်းတာ ဝန်ဆောင်မှုလုပ်ငန်းများကို ထိရောက် စွာ ဆောင်ရွက်ပေးလျက်ရှိပါသည်။ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ အမျိုးသားဓာတ်ခွဲခန်းသည် ရေတွင်ပါဝင် သော Copper, Iron, Manganese, Nickel နှင့် Zinc စသည့် သတ္တုဓာတ်များအား Flame Atomic Absorption Spectrometer (FAAS) ဖြင့် တိုင်းတာခြင်းဆိုင်ရာ ISO/IEC 17025:2017 အသိအမှတ်ပြု ဓာတ်ခွဲခန်း ဖြစ်ပေါ်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ထိုင်းနိုင်ငံ Bureau of Laboratory Accreditation, Department of Science Service (BLA-DSS), Ministry of Higher Education, Science, Research and Innovation မှ ပေးအပ်သည့် “CERTIFICATE OF TESTING LABORATORY ACCREDITATION” အသိအမှတ်ပြု လက်မှတ်- Accreditation Number Testing - 0342 အား ၂၀၂၅ ခု...

ISO/IEC 17025:2017: General requirements for the competence of testing and calibration laboratories Training

1 month ago
The “ISO/IEC 17025:2017: General Requirements for the Competence of Testing and Calibration Laboratories” training was conducted via video conference from 11 December 2025 to 12 December 2025. The opening remarks were delivered by Dr. Phyu Phyu Win, Director General of the Department of Research and Innovation. A total of 96 participants attended this two-day training, including trainees from the Department of Irrigation and Water Utilization Management (Head Office) under the Ministry of Agriculture, Livestock and Irrigation, as well as Proven Technology Industry Co., Ltd. Giving an opening speech by Dr. Phyu Phyu Win, Director General, Department of Research and Innovation Group Photo of ISO/IEC 17025:2017 Awareness Training...

ISO/IEC 17025:2017: General requirements for the competence of testing and calibration laboratories ဓာတ်ခွဲခန်းဆိုင်ရာသင်တန်း

1 month ago
ISO/IEC 17025:2017 : General requirements for the competence of testing and calibration laboratories ဓာတ်ခွဲခန်းဆိုင်ရာသင်တန်း အား (၁၁-၁၂-၂၀၂၅) ရက်နေ့မှ (၁၂-၁၂-၂၀၂၅)ရက် နေ့အထိ Online ဖြင့်ကျင်းပပြုလုပ်ခဲ့ပြီး သုတေသနနှင့်တီထွင် ဆန်းသစ်မှု မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါ(၂)ရက်တာသင်တန်းသို့ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန(ရုံးချုပ်)၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် Proven Technology Industry Co., Ltdတို့မှ သင်တန်းသားစုစုပေါင်း(၉၆)ဦး တက်ရောက်ခဲ့ပါသည်။ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ...

Department of Research and Innovation (International Open Tender)

1 month ago
တင်ဒါတင်သွင်းခြင်း ပတ်သက်၍ အသေးစိတ်အချက်အလက်များ သိရှိလိုပါက Department of Research and Innovation (International Open Tender) International Open Tender.pdf...

NATIONAL STANDARDS AND QUALITY NEWSLETTER ISSUE 5

1 month ago
The fifth English language newsletter issued by the Department of National Standards and Quality, November 2025 Newsletter.pdf...

အမျိုးသားစံချိန်စံညွှန်းနှင့်အရည်အသွေးဌာန၏ သတင်းလွှာအမှတ်စဉ် (၅)

1 month ago
အမျိုးသားစံချိန်စံညွှန်းနှင့်အရည်အသွေးဌာန၏ ပဉ္စမအကြိမ်မြောက် မြန်မာ ဘာသာဖြင့်ထုတ်ဝေသောသတင်းလွှာအမှတ်စဉ် (၅) နိုဝင်ဘာလ ၂၀၂၅ သတင်းလွှာ.pdf...

သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန ဝန်ထမ်းမိသားစုများ၏ (၆၈) ကြိမ်မြောက် စုပေါင်းဘုံကထိန် သင်္ကန်းဆက်ကပ် လှူဒါန်းပွဲ အခမ်းအနား

2 months ago
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ နှစ်စဉ် ကျင်းပလျက် ရှိသော ဝန်ထမ်း မိသားစုများ၏ (၆၈)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ် လှူဒါန်းပွဲအခမ်းအနားကို ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ (၃၁)ရက်နေ့၊ နံနက် (၁၀)နာရီတွင် DRI စုဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ ရှေးဦးစွာ မြောက်ဥက္ကလာပမြို့နယ် ကျောက်ရေတွင်းရပ်ကွက် ဓမ္မရောင်ခြည်စာသင်တိုက်မှ ပင့်ဖိတ် သံဃာတော်(၅)ပါး ထံမှ ညွှန်ကြားရေးမှုးချုပ်နှင့် အရာထမ်း၊ အမှုထမ်း မိသားစုများသည် သီလခံယူ ဆောက်တည်ပြီး ဆရာတော်ကြီးများ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်မျ...