သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၌ မြန်မာနိုင်ငံအတွက် ပြန်ပြည့်မြဲစွမ်းအင်များ (Renewable Energy in Myanmar)ပညာရပ်ဆိုင်ရာ ဟောပြောပွဲ အခမ်းအနား ကို (၂-၆-၂၀၂၂)ရက်နေ့ နံနက် (၁၀ ၀၀)နာရီမှ မွန်းလွှဲ (၁ ၀၀)နာရီအထိ ကျင်းပခဲ့ ပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးကိုယ်စား၊ ညွှန်ကြားရေးမှူးချုပ် ဆရာမကြီး ဒေါက်တာဖြူဖြူဝင်းက အဖွင့်အမှာစကားပြောကြား၍ မြန်မာနိုင်ငံနည်းပညာရှင်အဖွဲ့ဥက္ကဌ ဆရာကြီးဦးသိန်းဦးဖိုးစောကလည်း အဖွင့်အမှာစကားများ အသီးသီးပြောကြားခဲ့ကြပါသည်။ ဆက်လက်၍ ဆရာကြီးဦးဌေးမြင့်၊ Managing Director, Electrical Power Engineering Company Limited ၊ BE (EP, 1971, RIT) က Photovoltaic Solar System ခေါင်းစဉ်ဖြင့် ဟောပြော ပို့ချခဲ့ပါသည်။ အခမ်းအနားသို့ မြန်မာနိုင်ငံနည်းပညာရှင်အဖွဲ့မှ ဆရာကြီး၊ဆရာမကြီးများ နှင့် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ နှင့် သက်ဆိုင်ရာဆရာ၊ ဆရာမများက လူကိုယ်တိုင်တက်ရောက်ကြပါသည်။ ထို့အပြင် နည်းပညာ တက္ကသိုလ်များ နှင့် အစိုးရနည်းပညာကောလိပ်၊သိပ္ပံကျောင်းများမှ ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမများလည်း Online Zoom link ဖြင့် စုစုပေါင်း (၆၉)ဦးတက်ရောက်ခဲ့ကြပါသည်။
No. 6 KabaAye Pagoda Road
P.O. Box 11081
Yankin
Yangon