logo Department of Research and Innovation

logo

Department of Research and Innovation

Update News
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က) နိုင်ငံအကျိုးပြု သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်း များ ဆောင်ရွက်၍ နည်းပညာလွှဲပြောင်းခြင်းနှင့် ဖြန့်ဝေခြင်း၊ နည်းပညာအကြံပေး ခြင်းများဆောင်ရွက်ရန်၊ (ခ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ သုတေသနစင်တာများ၊ တက္ကသိုလ်များနှင့်စက်မှု လုပ်ငန်းများအကြားသုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ (ဂ) နိုင်ငံတော်၏ ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးမှုဝါဒများကို ပံ့ပိုးပေးသော မြန်မာစံချိန် စံညွှန်းများချမှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (ဃ) ခေတ်မီဓါတ်ခွဲစမ်းသပ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများကို ရည်ညွှန်းဓာတ်ခွဲခန်းအနေဖြင့် မှန်ကန်တိကျစွာ ဆောင်ရွက်ရန်၊ (င) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော သိပ္ပံနှင့် နည်းပညာဆိုင်ရာ လက်တွေ့အသုံးချ နည်းပညာသင်တန်းများ စဉ်ဆက်မပြတ် ပို့ချ ပေးရန်၊ (စ) နိုင်ငံတော်၏ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပနှင့် ‌ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်၊ (ဆ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသန လုပ်ငန်း များဖွံ့ဖြိုးတိုး တက်လာစေရန် ဆောင်ရွက်ရန်၊
MM

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ၊ (၂၉)ရက်နေ့တွင် မြန်မာနိုင်ငံကြိမ်နှင့် ဝါးလုပ်ငန်းရှင်များအသင်းမှ နာယက ဦးကျော်သူ၊ ဉက္ကဌ ဉီးနေထွန်းမင်း၊ အလုပ်အမှုဆောင် ဦးတင်ထွန်းနီနှင့် အဖွဲ့ဝင်များ၊ Asia Craft Link-iNGO မှ Chairman Mr.Saito Shuichi ၊ ဒါရိုက်တာ ဒေါ်စုစုယဉ်နှင့် အဖွဲ့ဝင်များသည် (Bamboo Development Project) နှင့်ပတ်သက်၍ ဆွေးနွေးမှုများပြုလုပ်ရန်အတွက် သိပ္ပံနှင့်နည်း ပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန (DRI) သို့ လာရောက်၍ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပါသည်။ တွေ့ဆုံဆွေးနွေးပွဲသို့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်း၊  အမျိုးသားဓာတ်ခွဲခန်းမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းထွန်းမိုး၊ ဌာန အသီးသီးမှ ဌာနမှူးများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းမှ ဦးဆောင် ဆွေးနွေးခဲ့ပါသည်။ နိုင်ငံတကာဆက်ဆံရေးနှင့် နည်းပညာပူးပေါင်း ဆောင်ရွက်ရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာချိုချိုလွင်က သုတေသနနှင့်တီထွင်ဆန်းသစ်မှု ဦးစီးဌာန (DRI)၏ သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အရည်အသွေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများ၊ သင်တန်းပို့ချနေမှုများ၊ ဝါးတန်းဖိုးမြှင့်ထုတ်ကုန်ဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု အကျဉ်းချုပ်အား ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ Asia Craft Link(ACL) မှ Chairman Mr.Saito Shuichi က ACL ၏ မြန်မာနိုင်ငံတွင် ဝါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ACL အနေဖြင့် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန နှင့်ပူးပေါင်း၍ ဝါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လိုသည့် လုပ်ငန်းအစီအစဉ်များအား ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊  ပေါ်လီမာ သုတေသန ဌာနမှ ဝါးတန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသထားမှုများအား ကြည့်ရှု လေ့လာခဲ့ကြပါသည်။