စံချိန်စံညွှန်းလုပ်ငန်းကော်မတီအစည်းအဝေး (၂/၂၀၂၃) ကို ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(၁)ရက်နေ့တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၊ နေပြည်တော်၌ ကျင်းပခဲ့ရာ အဆိုပါ အစည်းအဝေးသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာမျိုးသိန်းကျော် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန်နှင့်အတူ စံချိန်စံညွှန်းလုပ်ငန်း ကော်မတီဝင်များ အသီးသီး တက်ရောက်ခဲ့ကြပြီး စံချိန်စံညွှန်းလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာဖြူဖြူဝင်းမှ အမျိုးသား အရည်အသွေးဆိုင်ရာ အခြေခံအဆောက်အအုံ ခိုင်မာ အားကောင်း စေရေးအတွက် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ စံချိန်စံညွှန်း လုပ်ငန်း ကော်မတီ အစည်းအဝေး (၁/၂၀၂၃)ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများကို အမျိုးသား စံချိန်စံညွှန်းနှင့် အရည်အသွေး ဌာန၊ ညွှန်ကြားရေးမှူးမှလည်းကောင်း၊ နည်းပညာ ဆပ်ကော်မတီများမှ သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိသည့် စံချိန်စံညွှန်း(မူကြမ်း)နှင့် အတည်ပြုအဆင့် ဆောင်ရွက်မည့် မြန်မာ စံချိန်စံညွှန်း(နောက်ဆုံးအဆင့်)မူကြမ်းများ၏ အကျဉ်းချုပ်အား ရှင်းလင်းဆွေးနွေးတင်ပြခြင်း၊ ဆက်လက်၍ ရွှေစံချိန်စံညွှန်းရေးဆွဲရေး နည်းပညာ ဆပ်ကော်မတီအသစ် အတည်ပြုဖွဲ့စည်းနိုင်ရေး တင်ပြခြင်းများ အပြင် အရည်အသွေးကိုက်ညီမှုစစ်ဆေးရေးအဖွဲ့(CABs)များအား Registration နှင့် Designation ပြုလုပ်ခြင်းလုပ်ငန်းစဉ်များနှင့် အမျိုးသားအဆင့်အရည်အသွေး ထောက်ခံချက် ထုတ်ပေးရေးအဖွဲ့ (National Certification Body-NCB) အတွက် ပြင်ဆင်ထားသည့် Quality Policy နှင့် Quality Manual (မူကြမ်း)များနှင့်စပ်လျဉ်း၍ စံချိန်စံညွှန်းဖွွံ့ဖြိုးတိုးတက်ရေးဌာနခွဲ၊ ညွှန်ကြားရေးမှူးမှ ရှင်းလင်းဆွေးနွေးခဲ့ပြီး ဆက်လက်၍ စံချိန်စံညွှန်းလုပ်ငန်းကော်မတီဝင်များဖြစ်သည့် နည်းပညာဆပ်ကော်မတီ(၂၆)ခုမှ ဥက္ကဋ္ဌနှင့်အတွင်းရေးမှူးများ၊ ကုန်သည်စက်မှုအသင်းချုပ်၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်နှင့် မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်မှ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအပေါ် အသီးသီးအကြံပြုဆွေးနွေးခဲ့ကြပြီး အဆိုပါအစည်းအဝေးသို့ အမျိုးသားစံချိန်စံညွှန်းနှင့်အရည်အသွေးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များအပါအဝင် စုစုပေါင်း (၄၅)ဉီးခန့်တက်ရောက်ခဲ့ကြပါသည်။
စံချိန်စံညွှန်းလုပ်ငန်းကော်မတီအစည်းအဝေး (၂/၂၀၂၃)ကျင်းပခြင်း
No. 6 KabaAye Pagoda Road
P.O. Box 11081
Yankin
Yangon