logo သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

logo

သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

Update News
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က) နိုင်ငံအကျိုးပြု သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်း များ ဆောင်ရွက်၍ နည်းပညာလွှဲပြောင်းခြင်းနှင့် ဖြန့်ဝေခြင်း၊ နည်းပညာအကြံပေး ခြင်းများဆောင်ရွက်ရန်၊ (ခ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ သုတေသနစင်တာများ၊ တက္ကသိုလ်များနှင့်စက်မှု လုပ်ငန်းများအကြားသုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ (ဂ) နိုင်ငံတော်၏ ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးမှုဝါဒများကို ပံ့ပိုးပေးသော မြန်မာစံချိန် စံညွှန်းများချမှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (ဃ) ခေတ်မီဓါတ်ခွဲစမ်းသပ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများကို ရည်ညွှန်းဓာတ်ခွဲခန်းအနေဖြင့် မှန်ကန်တိကျစွာ ဆောင်ရွက်ရန်၊ (င) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော သိပ္ပံနှင့် နည်းပညာဆိုင်ရာ လက်တွေ့အသုံးချ နည်းပညာသင်တန်းများ စဉ်ဆက်မပြတ် ပို့ချ ပေးရန်၊ (စ) နိုင်ငံတော်၏ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပနှင့် ‌ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်၊ (ဆ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသန လုပ်ငန်း များဖွံ့ဖြိုးတိုး တက်လာစေရန် ဆောင်ရွက်ရန်၊
MM

ပေါ်လီမာသုတေသနဌာနကို ၁၉၇၅ခုနှစ်တွင် ကုလသမဂ္ဂဖွံဖြိုးမှု အစီအစဉ် အကူအညီဖြင့် ဗဟိုသုတေသနလုပ်ငန်းအဖွဲ့၌ တိုးချဲ့ပေါင်းစပ်ဖွဲ့စည်းခဲ့ပြီး ၁၉၇၆ခုနှစ် မှ စတင်ပြီး သုတေသနလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ပါသည်။ ဤသုတေသ ဌာနတွင် ပေါ်လီမာ၊ ရာဘာနှင့် ကွန်ပိုစစ်ပစ္စည်းများဆိုင်ရာ လူသုံး ကုန်ပစ္စည်းများ၏ အရည်အသွေး မြှင့်တင်နိုင်စေရန်၊ စက်ရုံအလုပ်ရုံနှင့် ပြည်သူများ၏လိုအပ်ချက်များကို ဖြည်းဆည်းပေးနိုင်ရန်နှင့် စျေးနှုန်းချိုသာသော သွင်းကုန်အစားထိုးပစ္စည်းများ ထုတ်လုပ်မှုနည်းပညာတို့ကို မြှင့်တင်နိုင်စေရန် ရည်ရွယ်၍ သုတေသနလုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းတို့ကို အဓိကထား ဆောင်ရွက်လျှက်ရှိပါသည်။ ထို့အပြင် တက္ကသိုလ်ကောလိပ်များမှ ဘွဲ့ကြိုနှင့်ဘွဲ့လွန် သင်တန်းသားများအား သုတေသန ဆိုင်ရာ အကူအညီများကို ပံ့ပိုးပေးလျှက်ရှိပါသည်။

မျှော်မှန်းချက်

        ပေါ်လီမာသုတေသနဌာနသည် သစ်တောထွက်ပစ္စည်းများနှင့် ရေနံဓာတ်ငွေ့ထွက်ပစ္စည်းများကို အသုံးပြုပြီး စက်မှုလုပ်ငန်းသုံးနှင့် လူသုံးကုန် ပေါ်လီမာနှင့် ပလတ်စတစ်ပစ္စည်းများကို အဆင့်မြင့်နည်းပညာများဖြင့် စမ်းသပ်ထုတ်လုပ်သည့် နိုင်ငံ့အကျိုးပြုသုတေန လုပ်ငန်းများကို ဆောင်ရွက်ပေးလျှက်ရှိပါသည်။ သုတေသနနှင့်ဆန်းသစ်တီထွင်မှုများ တိုးမြှင့်ပြုလုပ် ခြင်းဖြင့် ပြည်သူများ၏လူမှုစီးပွား မြှင့်တင်နိုင်ရန် ဖြစ်ပါသည်။

ရည်ရွယ်ချက်

  1. ပေါ်လီမာ၊ ရာဘာနှင့် ကွန်ပိုစစ်ပစ္စည်းများဆိုင်ရာ လူသုံး ကုန်ပစ္စည်းများ ထုတ်လုပ်မှုအတွက် နည်းပညာများကိုရှာဖွေရန် နှင့် အရည်အသွေးကို မြှင့်တင်နိုင်စေရန်
  2. အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်မှုတွင် လိုအပ်သောနည်းပညာတောင်းခံမှုကို ဖြည့်ဆည်းပေးနိုင်ရန်
  3. တက္ကသိုလ်နှင့် ကောလိပ်များမှ ဘွဲ့ကြို၊ ဘွဲ့လွန် ကျောင်းသား၊ ကျောင်းသူများ၏ ဘွဲ့ကြိုစာတမ်း၊ ဘွဲ့လွန်စာတမ်းများအတွက် လိုအပ်သော သုတေသနဆောင်ရွက်မှုများကို  အထောက်အပံ့ ပေးနိုင်ရန်

သုတေသနလုပ်ငန်းနယ်ပယ်များ

  1. ကွန်ပိုစစ်သုတေသနလုပ်ငန်း
  2.  ပလတ်စတစ်သုတေသနလုပ်ငန်း
  3.  ရာဘာသုတေသနလုပ်ငန်းများ
  4.  ကော်စေးပြုလုပ်သည့် သုတေသနလုပ်ငန်းများ

၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်းဆောင်ရွက်ပြီးစီးခဲ့သောသုတေသနလုပ်ငန်းများ

၁။ ဇင့်အောက်ဆိုဒ်နှင့် ပေါ်လီအန်နလင်း နာနိုကွန်ပိုစစ် အခြေခံသော လျှပ်စစ်ဓာတု   စိုထိုင်းမှုတိုင်းပစ္စည်း     တည်ဆောက်ခြင်း

၂။ သဘာဝသစ်တောထွက်ဝါးများမှ သဘာဝ ပေါ်လီမာဝါးအမျှင်များ စမ်းသပ်ထုတ်လုပ်ခြင်း

၃။ သစ်အလေအလွင့်နှင့် ဝါးအလေအလွင့်ပစ္စည်းများမှတန်ဖိုးမြင့်လူသုံးကုန်ပစ္စည်းများထုတ်လုပ်ခြင်း

၄။  စွန့်ပစ်ပလတ်စတစ်များမှ Wood Plastic Composite စမ်းသပ်ထုတ်လုပ်ခြင်း သုတေသန

၅။  စွန့်ပစ်လျှင်ဆွေးမြေ့နိုင်သည့် အစားအစာထုတ်ပိုးသည့်ပစ္စည်းများ ထုတ်လုပ်သည့်သုတေသန

၆။ သဘာဝအမျှင်များ အားဖြည့်ထားသော CLC ဖြင့် ချပ်ကာပြားများ စမ်းသပ်ထုတ်လုပ်ခြင်း  

   သုတေသနလုပ်ငန်း

ရ။ အုန်းသားမျှင်မှ လူသုံးကုန်ပစ္စည်းများ စမ်းသပ်ထုတ်လုပ်ခြင်းသုတေသနလုပ်ငန်း

၈။  စိုက်ပျိုးရေးလုပ်ငန်း များတွင် အသုံးပြုနိုင် သည့် အုန်းဆံမြေဆွေး တုံးများ (Cocopeat Block)များ 

   စမ်းသပ် ပြုလုပ်ခြင်း သုတေသန

၉။ သဘာဝအမျှင်အားဖြည့်ထားသော မီးလောင်ခံနိုင်သည့် ကွန်ပို့စစ်ချပ်ပြားများ  ပြုလုပ်ခြင်း

ပြပွဲများတွင်ပူးပေါင်းပါဝင်ပြသခြင်း

  1. ရန်ကုန်တက္ကသိုလ်တွင် နှစ်စဉ်ကျင်းပသော သိပ္ပံပွဲခင်း
  2. The 10th ASEAN Week STI Week
  3. ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၁၅)ရက်နေ့မှ (၁၆)ရက်နေ့အထိ နေပြည်တော်တွင် ကျင်းပခဲ့သော သိပ္ပံနှင့်နည်းပညာတီထွင် ဆန်းသစ်မှု ပြပွဲနှင့်ပြိုင်ပွဲ(၂၀၁၈)
  4. ၂၀၁၈ ခုနှစ်၊ ဧပြီလ (၂၆)ရက်နေ့မှ (၃၀)ရက်နေ့အထိ တပ်မတော်ခန်းမတွင် ကျင်းပခဲ့သော Furniture Fair 2018
  5. ၂၀၁၉ခုနှစ် နေပြည်တော်တွင် ကျင်းပခဲ့သော World Environmental Day           

ဆက်သွယ်ရန်

ဒေါက်တာသင်းသင်းလှိုင်

ဒုတိယညွှန်ကြားရေးမှူး

ပေါ်လီမာသုတေသနဌာန

ဓာတုနည်းပညာသုတေသနဗဟိုဌာန

သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန

အမှတ်(၆)၊ကမ္ဘာအေးဘုရားလမ်း၊ရန်ကင်းမြို့နယ်၊ရန်ကုန်မြို့။

email:thinpa@gmail.com

ဖုန်းနံပါတ် + ၉၅-၉-၂၅၆၂၅၀၀၇၄ ၊ +၉၅-၁-၆၆၆၉၂၀