logo သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

logo

သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

Update News
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က) နိုင်ငံအကျိုးပြု သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်း များ ဆောင်ရွက်၍ နည်းပညာလွှဲပြောင်းခြင်းနှင့် ဖြန့်ဝေခြင်း၊ နည်းပညာအကြံပေး ခြင်းများဆောင်ရွက်ရန်၊ (ခ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ သုတေသနစင်တာများ၊ တက္ကသိုလ်များနှင့်စက်မှု လုပ်ငန်းများအကြားသုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ (ဂ) နိုင်ငံတော်၏ ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးမှုဝါဒများကို ပံ့ပိုးပေးသော မြန်မာစံချိန် စံညွှန်းများချမှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (ဃ) ခေတ်မီဓါတ်ခွဲစမ်းသပ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများကို ရည်ညွှန်းဓာတ်ခွဲခန်းအနေဖြင့် မှန်ကန်တိကျစွာ ဆောင်ရွက်ရန်၊ (င) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော သိပ္ပံနှင့် နည်းပညာဆိုင်ရာ လက်တွေ့အသုံးချ နည်းပညာသင်တန်းများ စဉ်ဆက်မပြတ် ပို့ချ ပေးရန်၊ (စ) နိုင်ငံတော်၏ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပနှင့် ‌ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်၊ (ဆ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသန လုပ်ငန်း များဖွံ့ဖြိုးတိုး တက်လာစေရန် ဆောင်ရွက်ရန်၊
MM

စားသောက်ကုန်ပစ္စည်းဓာတ်ခွဲခန်းမွမ်းမံခြင်း ကျွမ်းကျင်သူများ၊ ဓာတ်ခွဲခန်းပစ္စည်းကျွမ်းကျင်သူများနှင့်ညှိနှိုင်းဆွေးနွေးပွဲအား ၂၀၂၃ခုနှစ်မတ်လ ၂၀ ရက်နေ့တွင်သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန(ရန်ကုန်)ရှိ စုဝေးခန်းမတွင်ကျင်းပခဲ့ရာ       ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်‌များ၊ ညွှန်ကြားရေးမှူးများ၊ ဌာနမှူးများ၊ ဌာနတာဝန်ခံများ၊ စားသောက်ကုန်လုပ်ငန်းအထောက်အကူပြုဓာတ်ခွဲခန်း ၊(UMFCCI)မှ ဦးစိန်သောင်းဦး(ဥက္ကဌ)၊အစား    အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒေါက်တာခင်ချစ်( ဒုတိယညွှန်ကြားရေးမှူးချုပ်)၊ အစိုးရနှင့်ပုဂ္ဂလိကဓာတ်ခွဲခန်းများမှတာဝန်ရှိသူများနှင့်ဖိတ်ကြားထားသောဧည့်သည်တော်များတက်ရောက် ခဲ့ကြပါသည်။အဆိုပါဆွေးနွေးပွဲတွင်သုတေ သနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှညွှန်ကြားရေးမှူးချုပ်ဒေါက်တာဖြူဖြူဝင်းမှအဖွင့်အမှာစကားပြောကြားပြီး ဤဆွေးနွေးပွဲအားမဲခေါင်-လန်ချန်းပူပေါင်းပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေဖြင့်သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့ပါကြောင်းဖြင့်အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ဆက်လက်၍သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီး ဌာန၊ အစာအာဟာရဌာနမှူး (ညွှန်ကြားရေးမှူး) ဒေါက်တာသဇင်ဟန်မှစီမံကိန်းလုပ်ငန်းများအကြောင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါက်တာခင်ချစ်( ဥက္ကဌ၊Myanmar Food   Laboratory     Network)မှ  မြန်မာ့အစားအသောက်ဓာတ်ခွဲခန်းအသွင်အပြင်နှင့်ရှိရမည့်အရည်အသွေးများခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်စန်းစန်းမြင့်  ( ဓာတ်ခွဲခန်းမန်နေဂျာ၊စားသောက်ကုန်လုပ်ငန်းအထောက်အကူပြုဓာတ်ခွဲခန်း၊ UMFCCI) မှမြန်မာနိုင်ငံတွင်အစားအသောက်ဓာတ်ခွဲခန်းအတွက်ထပ်မံလိုအပ်နေသည့်ဓာတ်ခွဲခန်းသုံးစက်ကိရိယာပစ္စည်းများခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒေါက်တာကြူကြူလှိုင် (ဒုတိယညွှန်ကြားရေးမှူး၊SSID)မှအစားအသောက်ဓာတ်ခွဲခန်းနှင့် MSMEs လုပ်ငန်းများအတွက်လိုအပ်ချက်များခေါင်းစဉ်ဖြင့်လည်းကောင်း၊  Food   Analysis   Control   Centre  အတွက်ထည့်သွင်းနိုင်မည့်ဓာတ်ခွဲ ခန်းသုံးစက်ကိရိယာပစ္စည်းများနှင့်  Layout Plan ခေါင်းစဉ်ဖြင့်  First  Prime Co.,Ltd ၊ Sci SpecCo., Ltd ၊ Esco Co., Ltd တို့၏ တာဝန်ရှိသူများမှအသီးသီးရှင်းလင်းတင်ပြခဲ့ကြပါသည်။ဆက်လက်၍သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှညွှန်ကြားရေးမှူးချုပ်ဒေါက်တာဖြူဖြူဝင်း နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်‌‌ ဒေါက်တာဇော်မင်းနိုင်မှ အခမ်း အနားသို့တက်ရောက်လာကြသူများအားစားသောက်ကုန်ပစ္စည်းဓာတ်ခွဲခန်းမွမ်းမံခြင်းကျွမ်းကျင်သူများ၊ ဓာတ်ခွဲခန်းပစ္စည်းကျွမ်းကျင်သူများ၏ဆွေးနွေးတင်ပြချက်များအပေါ်သိရှိလို သည့်အချက်များရှိပါကဆွေးနွေးမေးမြန်းနိုင်ပါကြောင်းနှင့် အကြံ ဉာဏ်ပေးနိုင်ကြောင်းပြောကြားခဲ့ပြီးဧည့်သည်တော်များမှသိရှိလိုသည်များကိုမေမြန်းခဲ့ရာအစာအာဟာရသုတေသနဌာနမှညွှန်ကြားရေးမှူးဒေါက်တာသဇင်ဟန်မှပြန်လည်းဖြေကြားခဲ့ပါသည်။

သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းမှ စားသောက်ကုန်ပစ္စည်းဓာတ်ခွဲခန်းမွမ်းမံခြင်းကျွမ်းကျင်သူများ၊ ဓာတ်ခွဲခန်းကျွမ်းကျင်သူများနှင့်ညှိနှိုင်းဆွေးနွေးပွဲအဖွင့်အမှာစကားပြောကြားနေပုံ

သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ (ညွှန်ကြားရေးမှူး) ဒေါက်တာသဇင်ဟန်မှစီမံကိန်းလုပ်ငန်းများရှင်းလင်းတင်ပြနေပုံ

ဒေါက်တာခင်ချစ်( ဥက္ကဌ၊ Myanmar Food Laboratory  Network)မှ  မြန်မာ့အစားအသောက်ဓာတ်ခွဲခန်းအသွင်အပြင်နှင့် ရှိရမည့်အရည်အသွေးများ အားရှင်းလင်းတင်ပြနေစဉ်

ဒေါ်စန်းစန်းမြင့် ( ဓာတ်ခွဲခန်းမန်နေဂျာ၊စားသောက်ကုန်လုပ်ငန်းအထောက် အကူပြုဓာတ်ခွဲခန်း၊ UMFCCI) မှ မြန်မာနိုင်ငံတွင် အစားအသောက်ဓာတ်ခွဲခန်းအတွက် ထပ်မံလိုအပ်နေသည့် ဓာတ်ခွဲခန်းသုံးစက်ကိရိယာပစ္စည်းများအားရှင်းလင်းတင်ပြနေစဉ်

ဒေါက်တာကြူကြူလှိုင် (ဒုတိယညွှန်ကြားရေးမှူး၊SSID)မှ   အစားအသောက်ဓာတ်ခွဲခန်းနှင့်  MSMEs  လုပ်ငန်းများအတွက်  လိုအပ်ချက်များအားရှင်းလင်းတင်ပြနေစဉ်

Food Analysis Control Centre အတွက် သက်ဆိုင်ရာပုဂ္ဂိုလ်များမှ ဝိုင်းဝန်းဆွေးနွေးအကြံပေးနေပုံ

စားသောက်ကုန်ပစ္စည်းဓာတ်ခွဲခန်းမွမ်းမံခြင်းကျွမ်းကျင်သူများ၊ ဓာတ်ခွဲခန်းကျွမ်းကျင်သူများနှင့်ညှိနှိုင်းဆွေးနွေးပွဲ အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ

ကုမ္ပဏီများမှ  Food   Analysis   Control   Centre  အတွက်  ထည့်သွင်းနိုင်မည့်  ဓာတ်ခွဲခန်းသုံးစက်ကိရိယာပစ္စည်းများနှင့်     Layout    Plan အားရှင်းလင်းတင်ပြနေပုံ