logo သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

logo

သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

Update News
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က) နိုင်ငံအကျိုးပြု သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်း များ ဆောင်ရွက်၍ နည်းပညာလွှဲပြောင်းခြင်းနှင့် ဖြန့်ဝေခြင်း၊ နည်းပညာအကြံပေး ခြင်းများဆောင်ရွက်ရန်၊ (ခ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ သုတေသနစင်တာများ၊ တက္ကသိုလ်များနှင့်စက်မှု လုပ်ငန်းများအကြားသုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ (ဂ) နိုင်ငံတော်၏ ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးမှုဝါဒများကို ပံ့ပိုးပေးသော မြန်မာစံချိန် စံညွှန်းများချမှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (ဃ) ခေတ်မီဓါတ်ခွဲစမ်းသပ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများကို ရည်ညွှန်းဓာတ်ခွဲခန်းအနေဖြင့် မှန်ကန်တိကျစွာ ဆောင်ရွက်ရန်၊ (င) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော သိပ္ပံနှင့် နည်းပညာဆိုင်ရာ လက်တွေ့အသုံးချ နည်းပညာသင်တန်းများ စဉ်ဆက်မပြတ် ပို့ချ ပေးရန်၊ (စ) နိုင်ငံတော်၏ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပနှင့် ‌ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်၊ (ဆ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသန လုပ်ငန်း များဖွံ့ဖြိုးတိုး တက်လာစေရန် ဆောင်ရွက်ရန်၊
MM

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ(စီမံကိန်း ၂၀၂၂) ဖြင့်ဆောင်ရွက်သည့် မြန်မာ့သိပ္ပံ၊ နည်းပညာနှင့်ဆန်းသစ်တီထွင်မှုဖွံ့ဖြိုးတိုးတက်ရေးလမ်းပြမြေပုံရေးဆွဲခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ မတ်လ(၂၄)ရက်နေ့တွင် နေပြည်တော်ရှိသိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၌ကျင်းပခဲ့ပါသည်။

ဆွေးနွေးပွဲတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာအောင်ဇေယျက နိုင်ငံတော်ရှိကြွယ်ဝပြီးဖြစ်သည့်သဘာဝအရင်းအမြစ်များမှတစ်ဆင့်ဒေသထွက်ကုန်များအကျိုးရှိစွာထုတ်လုပ်ကာသွင်းကုန်အစားထိုး၍ပို့ကုန်များစဉ်ဆက်မပြတ်မြှင့်တင်ထုတ်လုပ်ရေးအမျိုးသားအကျိုးစီးပွားဖွံ့ဖြိုးတိုးတက်စေရေးအဓိကမောင်းနှင်အားများဖြစ်သည့်အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်း (MSME)များရေရှည် ဖွံ့ဖြိုးတိုးတက်စေရေးအတွက်သိပ္ပံနှင့်နည်းပညာရှင်များ၊ သုတေသီများ၊တာဝန်ရှိသူများ၊စွန့်ဦးတီထွင်လုပ်ငန်းရှင်များအားလုံးလက်တွဲညီညီဖြင့်ပူးပေါင်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်တည်ဆောက်ရာတွင်လိုအပ်သည့်သိပ္ပံ၊ နည်းပညာနှင့်ဆန်းသစ်တီ ထွင်မှုဆိုင်ရာအရည်အချင်းပြည့်မီသည့်လူ့စွမ်းအားအရင်းအမြစ်များစဉ်ဆက်မပြတ်မွေးထုတ်နိုင်ရေးကြိုးပမ်းဆောင်ရွက်ရန် ၊လက်ရှိပညာရှင်ကြီးများကမျိုးဆက်သစ်လူငယ်များအားမွေခံထိုက်စေဖြစ်စေရေး၊မြေတောင်မြှောက်ပေးကာနိုင်ငံတ ကာစွန့်ဦးတီထွင်နည်းပညာပြိုင်ပွဲများတွင်ပါဝင်ယှဉ်ပြိုင်နိုင်ရန်နှင့်နိုင်ငံဂုဏ်ဆောင်ဆုများဆွတ်ခူးရရှိစေရေးအလေးထားဆောင်ရွက်ကြရန်၊ စိုက်ပျိုးရေးနှင့်စက်မှုကဏ္ဍများဖွံ့ဖြိုးလာပြီးပြည်တွင်းကုန်ထုတ်လုပ်မှုဆိုင်ရာအရည်အသွေးများတိုး တက်မြင့်မားကာနိုင်ငံတကာဈေးကွက်တွင်ရင်ဘောင်တန်းယှဉ်ပြိုင်နိုင်စေရန်အတွက်သိပ္ပံ၊နည်းပညာနှင့်ဆန်းသစ်တီထွင်မှုုနည်းဥပဒေ၊လုပ်ထုံးလုပ်နည်းများနှင့်အညီသုတေသနရလဒ်များမှနည်းပညာဖြန့်ဝေခြင်းနှင့်နည်းပညာလွှဲပြောင်းခြင်းလုပ်ငန်းများစနစ်တကျဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ယနေ့အလုပ်ရုံဆွေးနွေးပွဲမှရေရှည်တည်တံ့သောစွန့်ဦးတီထွင်ဂေဟစနစ်ဖွံ့ဖြိုးတိုးတက်လာစေမည့်နည်းလမ်းများ၊နိုင်ငံတော်တွင်ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုများရရှိနိုင်စေရန်သိပ္ပံ၊နည်းပညာနှင့်ဆန်းသစ်တီထွင်မှုုတိုးတက်ရေးလမ်းပြမြေပုံရေးဆွဲခြင်းအတွက်အထောက်အပံ့ကောင်းများရရှိမည်ဟုယုံကြည်ကြောင်းပြောကြားခဲ့ပါသည်။

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျမှ မြန်မာ့သိပ္ပံ၊နည်းပညာနှင့်ဆန်းသစ်တီထွင်မှုဖွံ့ဖြိုးတိုးတက်ရေးလမ်းပြမြေပုံရေးဆွဲခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲအဖွင့်အမှာစကားပြောကြားနေပုံ

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုင်းကျော်နိုင်ဦးမှ မြန်မာ့သိပ္ပံ၊ နည်းပညာနှင့်ဆန်းသစ်တီထွင်မှုဖွံ့ဖြိုးတိုးတက်ရေးလမ်းပြမြေပုံရေးဆွဲခြင်းနှင့်ပတ်သက်၍ဆွေးနွေးပြောကြားနေပုံ

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းမှ   မြန်မာ့သိပ္ပံ၊နည်းပညာနှင့်ဆန်းသစ်တီထွင်မှုဖွံ့ဖြိုးတိုးတက်ရေးလမ်းပြမြေပုံရေးဆွဲခြင်းနှင့်ပတ်သက်၍ဆွေးနွေးပြောကြားနေပုံ

မြန်မ့ာသိပ္ပံ၊နည်းပညာနှင့်ဆန်းသစ်တီထွင်မှုဖွံ့ဖြိုးတိုးတက်ရေးလမ်းပြမြေပုံရေးဆွဲခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲအမှတ်တရစုပေါင်:မှတ်တမ်းဓါတ်ပုံ

မြန်မ့ာသိပ္ပံ၊နည်းပညာနှင့်ဆန်းသစ်တီထွင်မှုဖွံ့ဖြိုးတိုးတက်ရေးလမ်းပြမြေပုံရေးဆွဲခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ  Round Table Discussion ပြုလုပ်နေပုံ