logo သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

logo

သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

Update News
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က) နိုင်ငံအကျိုးပြု သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်း များ ဆောင်ရွက်၍ နည်းပညာလွှဲပြောင်းခြင်းနှင့် ဖြန့်ဝေခြင်း၊ နည်းပညာအကြံပေး ခြင်းများဆောင်ရွက်ရန်၊ (ခ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ သုတေသနစင်တာများ၊ တက္ကသိုလ်များနှင့်စက်မှု လုပ်ငန်းများအကြားသုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ (ဂ) နိုင်ငံတော်၏ ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးမှုဝါဒများကို ပံ့ပိုးပေးသော မြန်မာစံချိန် စံညွှန်းများချမှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (ဃ) ခေတ်မီဓါတ်ခွဲစမ်းသပ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများကို ရည်ညွှန်းဓာတ်ခွဲခန်းအနေဖြင့် မှန်ကန်တိကျစွာ ဆောင်ရွက်ရန်၊ (င) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော သိပ္ပံနှင့် နည်းပညာဆိုင်ရာ လက်တွေ့အသုံးချ နည်းပညာသင်တန်းများ စဉ်ဆက်မပြတ် ပို့ချ ပေးရန်၊ (စ) နိုင်ငံတော်၏ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပနှင့် ‌ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်၊ (ဆ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသန လုပ်ငန်း များဖွံ့ဖြိုးတိုး တက်လာစေရန် ဆောင်ရွက်ရန်၊
MM

ပညာရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃)ကို ၂၀၂၃ ခုနှစ်၊ မေလ (၁၈) ရက်နေ့ မှ (၂၀)ရက်နေ့အထိ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်းဗန်းရှင်းစင်တာ-၂(MICC-II)၌ ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားကို သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန မှ Session Chair အဖြစ် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်း မှဆောင်ရွက်ခဲ့ပြီး MSMEs အထောက်အကူပြု သုတေသနနှင့်တီထွင်ဆန်းသစ်မှု မြင့်မားရေးခေါင်းစဉ်အောက်တွင် စာတမ်း(၁)စောင်ကို ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မင်းနိုင် မှ တင်သွင်းဖတ်ကြားခဲ့ပါသည်။ ထို့အပြင်  သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန မှ သုတေသန ဆောင်ရွက်ခဲ့မှုများကို ပြခန်းတွင် ခင်းကျင်းပြသခဲ့ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံတွင် ပြခန်းတာဝန်ခံများ၏ မှတ်တမ်းဓါတ်ပုံ

မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံတွင် နေပြည်တော်ရှိ လုပ်ငန်းတာဝန်အဖွဲ့နှင့် မှတ်တမ်းဓါတ်ပုံ

မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ၌ (၁၉-၅-၂၀၂၃) ရက်နေ့တွင် သုတေသနနှင့် တီထွင်ဆန်းသစ်မှုမြင့်မားရေးကဏ္ဍဆွေးနွေးခြင်း (Parallel Session-6)တွင် တက်ရောက်လာကြသည့်ပုဂ္ဂိုလ်များ၏ မှတ်တမ်းဓါတ်ပုံ

သုတေသနနှင့် တီထွင်ဆန်းသစ်မှုမြင့်မားရေးကဏ္ဍ ဆွေးနွေးခြင်းတွင်  သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းမှ ဥက္ကဌ နှင့် ဆေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်သန်းထွန်းမှ  ဒု- ဥက္ကဌ အဖြစ်ဆောင်ရွက်ခြင်းမှတ်တမ်းဓါတ်ပုံ

မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ၌ (၁၉-၅-၂၀၂၃) ရက်နေ့တွင် သုတေသနနှင့် တီထွင်ဆန်းသစ်မှုမြင့်မားရေးကဏ္ဍဆွေးနွေးခြင်း (Parallel Session-6)တွင် ဥက္ကဌ၊ ဒု- ဥက္ကဌနှင့်  စာတမ်းရှင်များ၏ မှတ်တမ်းဓါတ်ပုံ

မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ၌ (၂၀-၅-၂၀၂၃) ရက်နေ့တွင် သုတေသနနှင့် တီထွင်ဆန်းသစ်မှုမြင့်မားရေးကဏ္ဍတွင် စာတမ်းရှင်များနှင့်စကားဝိုင်း‌ဆွေးနွေးခြင်း မှတ်တမ်းဓါတ်ပုံ