logo သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

logo

သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

Update News
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က) နိုင်ငံအကျိုးပြု သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်း များ ဆောင်ရွက်၍ နည်းပညာလွှဲပြောင်းခြင်းနှင့် ဖြန့်ဝေခြင်း၊ နည်းပညာအကြံပေး ခြင်းများဆောင်ရွက်ရန်၊ (ခ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ သုတေသနစင်တာများ၊ တက္ကသိုလ်များနှင့်စက်မှု လုပ်ငန်းများအကြားသုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ (ဂ) နိုင်ငံတော်၏ ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးမှုဝါဒများကို ပံ့ပိုးပေးသော မြန်မာစံချိန် စံညွှန်းများချမှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (ဃ) ခေတ်မီဓါတ်ခွဲစမ်းသပ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများကို ရည်ညွှန်းဓာတ်ခွဲခန်းအနေဖြင့် မှန်ကန်တိကျစွာ ဆောင်ရွက်ရန်၊ (င) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော သိပ္ပံနှင့် နည်းပညာဆိုင်ရာ လက်တွေ့အသုံးချ နည်းပညာသင်တန်းများ စဉ်ဆက်မပြတ် ပို့ချ ပေးရန်၊ (စ) နိုင်ငံတော်၏ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပနှင့် ‌ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်၊ (ဆ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသန လုပ်ငန်း များဖွံ့ဖြိုးတိုး တက်လာစေရန် ဆောင်ရွက်ရန်၊
MM

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ စီမံကိန်းများ(၂၀၂၂) Launching Ceremony နှင့် Solar Photovoltaic အသုံးပြုခြင်းဆိုင်ရာ နှီးနှောဖလှယ်ပွဲကို နေပြည်တော်၊ မင်္ဂလာသီရိ ဟိုတယ်၌ မတ်လ ၁ ရက်နေ့တွင် ကျင်းပခဲ့ရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် က  တက်ရောက်၍ အဖွင့်မိန့်ခွန်းပြောကြားခဲ့ပါသည်။

          ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ၂၀၂၂ ခုနှစ်တွင် သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနအား မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ စီမံကိန်း သုံးခုကို အကောင်အထည်ဖော်ဆောင်ရွက် ခွင့်ရခဲ့ပါကြောင်း၊ အဆိုပါ ရရှိခဲ့သောစီမံကိန်းများမှ တစ်ခုဖြစ်သော “မြန်မာနိုင်ငံတွင် ဆိုလာစွမ်းအင်ဖွံ့ဖြိုးမှုအတွက် စွမ်းဆောင်ရည်အရှိန်မြှင့်တင်ရန် မြန်မာနိုင်ငံအမျိုးသားအဆင့် ဆိုလာ Photovoltaic အသုံးချမှု တိုးမြှင့်ရေးနှင့်လေ့ကျင့်ရေးစင်တာ တည်ထောင်ခြင်း” စီမံကိန်းကို ယနေ့ စတင်ဖွင့်လှစ် လိုက်ပြီဖြစ်ကြောင်း၊ ၎င်းသည် မြန်မာနိုင်ငံ တွင် ဆိုလာလျှပ်စစ်ဓာတ်အားဆိုင်ရာ အသုံးချအစီအစဉ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် အရှိန်အဟုန်ဖြင့် ကြီးမားသောအခန်းကဏ္ဍမှ ပါဝင်မည်ဖြစ်ကာ မြန်မာနိုင်ငံရှိ နေရောင်ခြည် စွမ်းအင်သုံး photovoltaic အသုံးချမှုသမိုင်းတွင် အမှတ်အသား တစ်ခုအဖြစ် ကျန်ရစ်စေမည် ဖြစ်ပါကြောင်း၊ ဤအခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်များမှာ နိုင်ငံတကာ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာလျှပ်စစ်ဓာတ်အား ဖြန့်ကျက်စနစ် နှင့်စပ်လျဉ်းသည့် အချက်အလက်များ ရရှိစေရန် နှင့် မြန်မာနိုင်ငံရှိ နေရောင်ခြည် စွမ်းအင်သုံး photovoltaic နည်းပညာနှင့် အသုံးချမှုဆိုင်ရာ အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများကို ဆွေးနွေးရန် တို့ဖြစ်ပါတယ်။ ဤစီမံကိန်းကို အကောင်အထည်ဖော်ပြီးနောက် မြန်မာနိုင်ငံတွင် ပြည်တွင်း နည်းပညာစွမ်းရည်များကို ဆက်လက် လေ့ကျင့် သင်ကြားပေးပြီး ခေတ်နှင့်အညီ နိုင်ငံတကာ ပြန်ပြည့်မြဲစွမ်းအင်နည်းပညာများ ဖွံ့ဖြိုး တိုးတက်မှုအပေါ်အခြေခံ၍ လေ့ကျင့်မှုအသစ်များ အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေမည် ဖြစ်ပါကြောင်း၊ ထို့အပြင် ၎င်းစီမံကိန်းသည် လန်ချန်း-မဲခေါင်မြစ်ဝှမ်းရှိ သက်ဆိုင်ရာနိုင်ငံများအား နိုင်ငံတကာ စွမ်းရည်ဖလှယ်မှုနှင့် သင်ယူမှုများကို ပံ့ပိုးပေးရန်အတွက် ထိရောက်သောပလက်ဖောင်း တစ်ခုဖြစ်လာမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

/uploads/mediamk8d49ba4acd06976b2dba7bc690563211.jpLaunching Ceremony နှင့် Solar Photovoltaic အသုံးပြုခြင်းဆိုင်ရာ နှီးနှောဖလှယ်ပွဲအခမ်းအနား၌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်‌ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်မှ အဖွင့်အမှာစကားပြောကြားနေပုံ

) Launching Ceremony နှင့် Solar Photovoltaic အသုံးပြုခြင်းဆိုင်ရာ နှီးနှောဖလှယ်ပွဲအခမ်းအနား၌ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၊ Minister Counselor, Dr. Zheng Zhihongမှ အဖွင့်အမှာစကား ပြောကြားနေပုံ

Launching Ceremony နှင့် Solar Photovoltaic အသုံးပြုခြင်းဆိုင်ရာ နှီးနှောဖလှယ်ပွဲ အခမ်းအနား၌ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးဝင်းဇေယျာထွန်းမှ အဖွင့်အမှာစကား ပြောကြားနေပုံ

Launching Ceremony နှင့် Solar Photovoltaic အသုံးပြုခြင်းဆိုင်ရာ နှီးနှောဖလှယ်ပွဲ အခမ်းအနား၌ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာဖြူဖြူဝင်းမှ အဖွင့်အမှာ စကားပြောကြားနေပုံ

Launching Ceremony နှင့် Solar Photovoltaic အသုံးပြုခြင်းဆိုင်ရာ နှီးနှောဖလှယ်ပွဲ အခမ်းအနား၌ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာဇော်မင်းနိုင်မှ အဖွင့်အမှာ စကားပြောကြားနေပုံ

Launching Ceremony နှင့် Solar Photovoltaic အသုံးပြုခြင်းဆိုင်ရာ နှီးနှောဖလှယ်ပွဲအခမ်းအနား၏ မှတ်တမ်းတင်ဓာတ်ပုံ

Launching Ceremony နှင့် Solar Photovoltaic အသုံးပြုခြင်းဆိုင်ရာ နှီးနှောဖလှယ်ပွဲအခမ်းအနား၏ မှတ်တမ်းတင်ဓာတ်ပုံ

Launching Ceremony နှင့် Solar Photovoltaic အသုံးပြုခြင်းဆိုင်ရာ နှီးနှောဖလှယ်ပွဲ အခမ်းအနားကျင်းပနေပုံ