logo သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

logo

သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

Update News
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က) နိုင်ငံအကျိုးပြု သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်း များ ဆောင်ရွက်၍ နည်းပညာလွှဲပြောင်းခြင်းနှင့် ဖြန့်ဝေခြင်း၊ နည်းပညာအကြံပေး ခြင်းများဆောင်ရွက်ရန်၊ (ခ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ သုတေသနစင်တာများ၊ တက္ကသိုလ်များနှင့်စက်မှု လုပ်ငန်းများအကြားသုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ (ဂ) နိုင်ငံတော်၏ ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးမှုဝါဒများကို ပံ့ပိုးပေးသော မြန်မာစံချိန် စံညွှန်းများချမှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (ဃ) ခေတ်မီဓါတ်ခွဲစမ်းသပ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများကို ရည်ညွှန်းဓာတ်ခွဲခန်းအနေဖြင့် မှန်ကန်တိကျစွာ ဆောင်ရွက်ရန်၊ (င) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော သိပ္ပံနှင့် နည်းပညာဆိုင်ရာ လက်တွေ့အသုံးချ နည်းပညာသင်တန်းများ စဉ်ဆက်မပြတ် ပို့ချ ပေးရန်၊ (စ) နိုင်ငံတော်၏ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပနှင့် ‌ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်၊ (ဆ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသန လုပ်ငန်း များဖွံ့ဖြိုးတိုး တက်လာစေရန် ဆောင်ရွက်ရန်၊
MM

၁။        သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနတွင် (၁၅-၆-၂၀၂၃) ရက်နေ့မှ (၂၈-၆-၂၀၂၃) ရက်နေ့အထိ ပြန်ပြည့်မြဲစွမ်းအင်နည်းပညာလက်တွေ့သင်တန်းများကို(Hybrid Mode)ဖြင့်  ဖွင့်လှစ်သင်ကြားမည်ဖြစ်ပါသည်။

ပြန်ပြည့်မြဲစွမ်းအင်နည်းပညာလက်တွေ့သင်တန်းများ

            (က) နေရောင်ခြည်စွမ်းအင်နည်းပညာလက်တွေ့အသုံးချသင်တန်း

            (ခ) စပါးခွံလောင်စာသုံးဓါတ်ငွေ့ထုတ်စက်နှင့် ဇီဝဓါတ်ငွေ့ကန်တည်ဆောက်ခြင်း အသုံးချသင်တန်း

၂။         ဝင်ခွင့်လျှောက်ထားလိုသူများသည် အောက်ပါသတ်မှတ်ချက်များနှင့် ပြည့်စုံကြောင်း အထောက်အထား မူရင်းနှင့် မိတ္တူများကို တင်ပြရမည်။

(က)

လျှောက်ထားလိုသူများသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။ (နိုင်ငံသားစိစစ် ရေးကတ်ပြားမူရင်း/မိတ္တူတင်ပြနိုင်ရမည်။)

(ခ)

လျှောက်ထားလိုသူများသည် အနည်းဆုံးအခြေခံပညာအထက်တန်းအောင်မြင်ပြီးသူ ဖြစ်ရမည်။ (ပညာရေးဆိုင်ရာ အထောက်အထားမူရင်းတင်ပြနိုင်ရမည်။)

(ဂ)

ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာနအကြီးအကဲ၏ တက်ရောက်ခွင့်ပြုကြောင်း ထောက်ခံချက် (မူရင်း) တင်ပြနိုင်သူ ဖြစ်ရမည်။

(ဃ)

သင်တန်းအမျိုးအစားတစ်ခုအတွက် သင်တန်းကြေး ၃၀၀၀၀/- (သုံးသောင်းကျပ်) ပေးသွင်းရမည်။

၃။        သင်တန်းချိန်မှာ နံနက်(၁၀ ၀၀) နာရီမှ နေ့လည် (၁၂ ၀၀)နာရီအထိဖြစ်ပြီး (၁၅-၆-၂၀၂၃) ရက်နေ့မှ (၂၈-၆-၂၀၂၃) ရက်နေ့အထိ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး သင်တန်း ကာလမှာ(၁၀)ရက်ဖြစ်ပါသည်။

၄။        လျှောက်လွှာပုံစံများကို ဤကြော်ငြာပါသည့်နေ့မှစ၍ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနတွင် အခမဲ့ ရယူနိုင်ပြီး သတ်မှတ်ပုံစံများကို ပြည့်စုံစွာဖြည့်စွက်၍ ရုံးချိန်အတွင်း ကိုယ်တိုင်လာရောက် လျှောက်ထားရမည် ဖြစ်ပါသည်။

၅။ လျှောက်လွှာနှင့်အတူ လျှောက်ထားသူ၏ အကျင့်စာရိတ္တကောင်းမွန်ကြောင်း ရဲစခန်း/ ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့၏ ထောက်ခံချက်(မူရင်း)၊ ပတ်စ်ပို့အရွယ် ရောင်စုံဓါတ်ပုံ (၃) ပုံတို့ကို ပူးတွဲတင်ပြရမည် ဖြစ်ပါသည်။

၆။        အသေးစိတ်အချက်အလက်များသိရှိလိုပါက သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ အမှတ်(၆)၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဖုန်း- ၀၉၇၇၇၃၂၅၆၇၁ သို့ ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည်။