logo သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

logo

သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

Update News
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က) နိုင်ငံအကျိုးပြု သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်း များ ဆောင်ရွက်၍ နည်းပညာလွှဲပြောင်းခြင်းနှင့် ဖြန့်ဝေခြင်း၊ နည်းပညာအကြံပေး ခြင်းများဆောင်ရွက်ရန်၊ (ခ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ သုတေသနစင်တာများ၊ တက္ကသိုလ်များနှင့်စက်မှု လုပ်ငန်းများအကြားသုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ (ဂ) နိုင်ငံတော်၏ ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးမှုဝါဒများကို ပံ့ပိုးပေးသော မြန်မာစံချိန် စံညွှန်းများချမှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (ဃ) ခေတ်မီဓါတ်ခွဲစမ်းသပ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများကို ရည်ညွှန်းဓာတ်ခွဲခန်းအနေဖြင့် မှန်ကန်တိကျစွာ ဆောင်ရွက်ရန်၊ (င) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော သိပ္ပံနှင့် နည်းပညာဆိုင်ရာ လက်တွေ့အသုံးချ နည်းပညာသင်တန်းများ စဉ်ဆက်မပြတ် ပို့ချ ပေးရန်၊ (စ) နိုင်ငံတော်၏ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပနှင့် ‌ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်၊ (ဆ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသန လုပ်ငန်း များဖွံ့ဖြိုးတိုး တက်လာစေရန် ဆောင်ရွက်ရန်၊
MM

စားသုံးဆီများအရည်အသွေး စစ်ဆေးခြင်းဆိုင်ရာ ဓာတ်ခွဲခန်းအချင်းချင်း တိုင်းတာ ရလာဒ် အဖြေများ နှိုင်းယှဉ်ခြင်း အစီအစဉ် (Interlaboratory Comparison for Quality of Vegetable Oils)ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအား ၂၀၂၃ ခုနှစ်၊ မတ်လ(၃၁)ရက်နေ့ နံနက်(၁၀း၀၀)နာရီမှ (၁၂း၀၀)နာရီထိ အစည်းအဝေးခန်းမ၊ သု​တေသနနှင့်တီထွင်ဆန်း သစ်မှုဦးစီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတွင် ကျင်းပခဲ့ပါသည်။

           ၂၀၂၃ ခုနှစ်ဖေဖော်ဝါရီလတွင်   သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင် ဆန်းသစ်မှုဦးစီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာနတို့ ပူးပေါင်းပြီး ဓာတ်ခွဲခန်းများ Competence ရှိစေရန် အတွက်  စားသုံးဆီများ အရည်အသွေး စစ်ဆေးခြင်းဆိုင်ရာ ပထမအကြိမ် ဓာတ်ခွဲခန်းအချင်းချင်း တိုင်းတာ ရလာဒ်အဖြေများနှိုင်းယှဉ်ခြင်း အစီအစဉ် (Interlaboratory Comparison for Quality of Vegetable Oils)ကို  ဆောင်ရွက်ခဲ့ကြပြီး ပြည်နယ်နှင့်တိုင်းအသီးသီးရှိ အစိုးရနှင့်ပုဂ္ဂလိကတို့မှ ဓာတ်ခွဲခန်းစုစုပေါင်း (၁၇)ခုမှ ပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။

           အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်နယ်နှင့်တိုင်းဓာတ်ခွဲခန်း (၁၇)ခုမှ ILC အစီအစဉ်တွင် ပါဝင်ခဲ့ကြသော ဓာတ်ခွဲခန်းဆိုင်ရာကျွမ်းကျင်ဝန်ထမ်းများ၊ Evaluation and Monitoring ဆောင်ရွက်ပေးပါသော နည်းပညာပိုင်းဆိုင်ရာကျွမ်းကျင်ပညာရှင်များ တက်ရောက်ကာ တိုင်းတာ စမ်းသပ်အဖြေများ ကြေငြာပေးခြင်းနှင့် Evaluation and Monitoring များပြုလုပ်ခဲ့ကြပါသည်။ အဆိုပါ  ဓာတ်ခွဲခန်းအချင်းချင်းတိုင်းတာရလာဒ်အဖြေနှိုင်းယှဉ်ခြင်း အစီအစဉ်ကို(၆)လတစ်ကြိမ် ဆက်လက်ကျင်းပသွားရန် အလုပ်ရုံဆွေးနွေးပွဲတွင် သဘောတူခဲ့ကြပါသည်။ စားသုံးဆီများ အရည်အသွေးစစ်ဆေးခြင်းဆိုင်ရာ ဓာတ်ခွဲခန်းအချင်းချင်း တိုင်းတာရလာဒ်အဖြေများ နှိုင်းယှဉ်ခြင်း (Inter Laboratory Comparison for Quality of Vegetable Oils) အစီအစဉ် ဆောင်ရွက်ခဲ့ခြင်းကြောင့်   ဓာတ်ခွဲခန်းများ ISO ရရှိ‌ရေးလုပ်ငန်းစဉ်အတွက် အထောက်အကူ ပြုခြင်း၊  စားသုံးဆီများအရည်အသွေးပြည့်မီရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် တိုင်းတာစမ်း သပ်ခြင်းဆိုင်ရာလုပ်ငန်းစဉ်များအား   အထောက်အကူပြုခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိခဲ့ကြပါသည်။ 

 

 

       

  

စားသုံးဆီများအရည်အသွေး စစ်ဆေးခြင်းဆိုင်ရာ ဓာတ်ခွဲခန်း အချင်းချင်း တိုင်းတာရလာဒ်အဖြေများ နှိုင်းယှဉ်ခြင်း အစီအစဉ် (Interlaboratory Comparison for Quality of Vegetable Oils)ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တွင် Evaluation ပြုလုပ်နေပုံ