• Call Us: 01 663258
  • Email: techplan2@gmail.com
EVENT NEWS
GMT+6:30 04:43

Technical Information Center

ဌာန၏နောက်ခံသမိုင်းကြောင်း

သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနဟူ၍ နောင်တွင်ခေါ်တွင်မည်ဖြစ်သော မြန်မာ နိုင်ငံတော်စက်မှုလက်မှုသုတေသနအဖွဲ့ကို ၁၉၄၇ ခုနှစ်၊ စက်တင်ဘာလ (၂၂)ရက်နေ့တွင် တည်ထောင်ခဲ့ပါသည်။
စက်မှုပညာပြန်ကြားရေးဌာနကို ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာ (၁၀)ရက်နေ့တွင် စတင် တည်ထောင်ခဲ့ပါသည်။ စတင်တည်ထောင်စဥ်က ရန်ကုန်မြို့၊ ကုန်သည်လမ်း အမှတ် ၅၂၁၊ (၃၈လမ်းနှင့် ကုန်သည်လမ်းဒေါင့်) စာပေဗိမာန်နှင့် ကိုက်အနည်းငယ်အကွာတွင် တည်ရှိခဲ့သည်။
အမှတ်(၁)ကံဘဲ့လမ်း (ယခု ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန) တည်ရှိရာ နေရာသို့ စက်မှုပညာပြန်ကြားရေးဌာနအား အမှတ် ၅၂၁၊ ကုန်သည်လမ်းမှ ‌ြေပာင်းရွှေ့လာစေရာ ၁၉၅၅ ခုနှစ် ၊ ဇွန်လ ၂၈ ရက်နေ့တွင် စက်မှုလက်မှု၀န်ကြီးက ယင်းဌာနကို အခမ်းအနားဖြင့် ဖွင့်လှစ်ပေးခဲ့ပါသည်။ ဖွင့်လှစ်စဥ်ကာလက စာအုပ် ၃၀၀၀ သာ ရှိပါသည်။
ထို့နောက် အမှတ် (၁)ကံဘဲ့လမ်းမှ အမှတ် ၆၊ ကမ္ဘာအေးဘုရားလမ်းသို့ ၁၉၆၄ ခုနှစ်တွင် ပြောင်းရွှေ့ခဲ့ပါသည်။ စက်မှုပညာပြန်ကြားရေးဌာနသည် စုစုပေါင်းစတုရန်းပေ (၁၀၂၉၆) ကျယ်၀န်းကာ အမှတ် ၆၊ ကမ္ဘာအေးဘုရားလမ်းရှိ မျက်နှာစာအဆောင်၏ မြေညီထပ် အဆောင် (အေ) နှင့် (ဘီ)တွင် တည်ရှိပါသည်။
စက်မှုပညာပြန်ကြားရေးဌာန၏ ပထမဆုံး စာကြည့်တိုက်မှူးမှာ ဦးဇင်မောင် ဖြစ်ပါသည်။ ဦးဇင်မောင်သည် စက်မှုပညာ ပြန်ကြားရေးဌာနကို တည်ထောင်ခဲ့သူ ဖြစ်ပါသည်။ ဦးဇင်မောင်အား အမေရိကန်နိုင်ငံ၊ ချီကာဂို တက္ကသိုလ်သို့ ပို့လွှတ်၍ စာကြည့်တိုက် ပညာကို သင်ယူစေရာ စာကြည့်တိုက်ပညာ မဟာသိပ္ပံဘွဲ့ ရရှိခဲ့ပါသည်။ ယခုအခါ စက်မှုပညာ ပြန်ကြားရေးဌာနတွင် သိပ္ပံစာအုပ်၊ စာစောင် နှင့် အစီရင်ခံစာ စုစုပေါင်း ( ၂၇၉၇၂) အုပ်၊ မဂ္ဂဇင်းအမျိုးပေါင်း (၁၃၆၈) မျိုး စောင်ရေ (၈၄၉၁၇)စောင် ရှိပါသည်။

မျှော်မှန်းချက်

သိပ္ပံနှင့်နည်းပညာဆိုင်ရာ ပညာရပ်များကို ပြန်ကြားပေးသော စာကြည့်တိုက်အနေဖြင့် စာပေလေ့လာသူများအား ပိုမိုခေတ်မီသော စာအုပ်၊ ဂျာနယ်၊ CD-ROM စသော စာပေပစ္စည်းများ ကိုစုဆောင်းထားရှိကာ သတင်းအချက်အလက် ဆက်သွယ်ရေးနည်းပညာ (Information Technology) နှင့် စာကြည့်တိုက်ပညာ (Library Science) တို့ ပူးပေါင်းအသုံးချကာ ပိုမို ထိရောက်လျင်မြန်စွာ ပြန်ကြားပေးနိုင်ရန်။

ရည်မှန်းချက်များ

စက်မှုပညာပြန်ကြားရေးဌာန (စာကြည့်တိုက်)သည် စက်မှုပညာဗဟုသုတများ လေ့လာ မှတ်သားနိုင်ရန်နှင့် နည်းပညာအကြောင်းအချက်များ ရယူနိုင်ရေးအတွက် ၀န်ဆောင်မှုပေးရန် ဖြစ်ပါသည်။

ဌာန၏ ဆောင်ရွက်ပေးနိုင်မည့်၀န်ဆောင်မှုများ/ လုပ်ငန်းများ

စက်မှုပညာပြန်ကြားရေးဌာနသည် သုတေသနအထောက်အကူပြုဌာနတစ်ခု ဖြစ်ပါသည်။ စက်မှုပညာပြန်ကြားရေးဌာနသည် နည်းပညာအကြောင်းအချက် လိုအပ်သည်များကို တက္ကသိုလ်၊ ကောလိပ်များ၊ ဘွဲ့လွန်ကျောင်းသားများ၊ မဟာတန်း၊ ပါရဂူတန်းမှ ကျောင်းသားများ၊ လုပ်ငန်းစု များအားလုံး၊ သိပ္ပံပညာရှင်များ၊ သုတေသီများ၊ အစိုးရဌာနများနှင့် အခြားသောအစိုးရ အဖွဲ့အစည်းများကို ပံ့ပိုး၀န်ဆောင်မှုပေးရန် ဖြစ်ပါသည်။
စက်မှုပညာပြန်ကြားရေးဌာန၏ ဆောင်ပုဒ်မှာ “စက်မှုပညာပြန်ကြားသုတေသနအတွက် အထောက်အပ့ံဖြစ်စေသား”

စာကြည့်တိုက်၏လုပ်ငန်းတာဝန်များ

  1. သုတေသနဌာနများသို့ လစဥ်စာအုပ်အသစ်များစာရင်းကို ပြုစုဖြန့်ဝေခြင်း။
  2. စာနယ်ဇင်းများမှ သတင်းအချက် အလက်များကိုထုတ်ယူခြင်း နှင့် သုတေသီများ မဟာတန်း/ပါရဂူတန်းမှ ကျောင်းသားများအား အညွှန်း(indexes) နှင့်အကျဥ်းချုပ် (abstracts) သုံးနည်းကိုသင်ပြပေးခြင်း။
  3. ရည်ညွှန်းစာအုပ်များနှင့် Text books များမှသိလိုသော သတင်းအချက်အလက်များ ထုတ်ယူခြင်း။
  4. နျူကလီယားသတင်းအချက်အလက် လိုအပ်သူများကို CD-ROMs မှ ထုတ်ယူ ပြန်ကြားပေးခြင်း။
  5. သုတေသနနှင့် တီထွင် ဆန်းသစ်မှုဦးစီးဌာနရှိ ဌာနအသီးသီးမှ သုတေသ အစီရင်ခံစာများကို မှတ်ပုံတင်ထားရှိပြီး အညွှန်းပြုလုပ်ရန် ြပင်ဆင်ခြင်း။
  6. e-library တွင် ကွန်ပျူတာ (၁၀)လုံးကိုတပ်ဆင်ထားပြီး database server အတွင်းသို့ စာအုပ်များ၊ ဂျာနယ်များကို data entry နေ့စဥ်သွင်းလျက် ရှိပါသည်။
  7. ထို့အပြင် အိန္ဒိယနိုင်ငံမှ လှူဒါန်းထားသော scanner ဖြင့် စာအုပ်သစ်များကို scan ဖတ်ခြင်း၊ CD ရေးခြင်းလုပ်ငန်းများ လုပ်ဆောင်လျက်ရှိပါသည်။
  8. ထို့ပြင်သမရိုးကျလုပ်ငန်းများဖြစ်သော စာအုပ်ဝယ်ယူစုဆောင်းခြင်း၊ မျိုးတူစုပြုခြင်း၊ ကတ်တလောက်ရေးခြင်း၊ သတင်းအချက်အလက်ဖြန့်ဝေခြင်းနှင့် စာကြည့်တိုက် သန့်ရှင်းရေးတို့ကိုလုပ်ဆောင်ကြပါသည်။

နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်မှုများ

အပြည်ပြည်ဆိုင်ရာ နျူးကလီယား သတင်းအချက်အလက် ပြန်ကြားရေးစနစ်အဖွဲ့ (International Nuclear Information System (INIS))၏ (၉၂)နိုင်ငံမြောက် အဖွဲ့၀င်အဖြစ် ၁၉၉၅၊ သြဂုတ်လ ၂၂ရက်နေ့တွင် သတ်မှတ်ခဲ့သဖြင့် စက်မှုပညာပြန်ကြားရေးဌာနသည် မြန်မာနိုင်ငံဆိုင်ရာ INIS နှင့် ပတ်သက်သည့် ဗဟိုဌာနလည်း ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ပထမဆုံး ဆက်သွယ်ရေး အရာရှိမှာ ဦးလှ၀င်းဖြစ်ပါသည်။ နှစ်စဥ် ြမန်မာနိုင်ငံမှ နျူးကလီယားဆိုင်ရာ သုတေသနစာပေများပေးပို့ခြင်း၊ INIS ရုံးချုပ်သည် အဖွဲ့၀င်နိုင်ငံများမှ အချက်အလက်များကို CD-ROMတွင် ထည့်သွင်း၍ စာတိုက်မှပေးပို့သဖြင့် Nuclear Information လိုအပ်သည့် ကျောင်းသား/ သူများ CD-ROM မှ ကမ္ဘာ့စာပေများကို ရှာဖွေဖတ်ရှုနိုင်ပါသည်။

ပြုစုခဲ့သောစာစုစာရင်းများ

  • ရန်ကုန်မြို့ရှိ သိပ္ပံဂျာနယ်များအားလုံး၏ စုပေါင်းကတ်တလောက်စာရင်း – ၁၉၇၇။
  • ြမန်မာ့သိပ္ပံနှင့် နည်းပညာသုတေသနဦးစီးဌာန၏ သုတေသနအစီရင်ခံစာများ အညွှန်း အတွဲ (၁) ၁၉၉၆ ။
  • ြမန်မာ့သိပ္ပံနှင့် နည်းပညာသုတေသနဦးစီးဌာန၏ သုတေသနအစီရင်ခံစာများ အညွှန်း အတွဲ (၂) ၂၀၁၂ ။
  • သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ သုတေသနအစီရင်ခံစာများ အညွှန်း အတွဲ (၃) ၂၀၁၇။
  • သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနရှိ ဌာနအသီးသီးမှ သုတေသန အစီရင်ခံစာများကို မှတ်ပုံတင်ထားရှိပြီး အညွှန်းပြုလုပ်ရန် ြပင်ဆင်ခြင်း။

စက်မှုပညာြပန်ကြားရေးဌာနတွင် လုပ်ငန်းနယ်ပယ်အလိုက် ဆက်စပ်ဖွဲ့စည်းထားရှိမည့် ဌာနခွဲများနှင့် လူအင်အားအ‌ြေခပြဇယား မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

Organization Structure

စက်မှုပညာြပန်ကြားရေးဌာနတွင် လုပ်ငန်းနယ်ပယ်အလိုက် ဆက်စပ်ဖွဲ့စည်းထားရှိမည့် ဌာနခွဲ များနှင့် လူအင်အားအ‌ြေခပြဇယား မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

Services

စက်မှုပညာပြန်ကြားရေးဌာနသည် သုတေသန အထောက်အကူပြု ဌာနတစ်ခု ဖြစ်ပါသည်။  စက်မှုပညာပြန်ကြားရေးဌာနသည် နည်းပညာ အကြောင်းအချက် လိုအပ်သည်များကို တက္ကသိုလ် ကောလိပ်များ၊ ဘွဲ့လွန်ကျောင်းသားများ၊ မဟာတန်း၊ ပါရဂူတန်းမှ ကျောင်းသားများ၊ လုပ်ငန်းစုများ အားလုံး၊ သိပ္ပံပညာရှင်များ၊ သုတေသီများ၊ အစိုးရဌာနများနှင့် အခြားသော အစိုးရအဖွဲ့အစည်း များကို ပံ့ပိုး၀န်ဆောင်မှုပေးရန် ဖြစ်ပါသည်။

ဓါတ်ပုံများ

 e-library

 စာဖတ်အခန်း 

tic3

 ရည်ညွှန်းအခန်း 

 စာနယ်ဇင်းအခန်း

Contact us

Daw Nwe Nwe Aung

Assistant Director

dawnwenweag2012@gmail.com

Technical Information Center, DRI

© 2018 All rights reserved. Designed By World Wide Myanmar