• Call Us: 01 663258
  • Email: techplan2@gmail.com
EVENT NEWS
GMT+6:30 01:54

ဝန်ဆောင်မှုများ

ဝန်ဆောင်မှုများ

Technology Transfer as Human Resource Development
(Short Term Course Training)

It is one month training course and instantly started to open. In this training, the trainees will be taught by using recent fabricated units and equipments from renewable energy research department and supporting department. This training will give the knowledge and technologies of fabricating, installing, operating and maintenance in theoretically and practically. The following short term training course is being provided for Human Resource Development.

  1. Technology and Application of solar energy course
  2. Technology and Application of wind energy course
  3. Technology and Application of rice husk gasifier course
  4. Technology and Application of biogas energy course
  5. Technology and Application of hydro power course

Research/Work accomplishment

Renewable energy research department undertakes research and development for Pico Hydro Power, PV Charge controller, Solar Dryer, Solar Cooker, Small Wind Turbines, Wind Pumping, Biogas Digesters and Rise Husk Gasifier.

      1. DRI undertakes research and development for rice husk and other forms of small-scale gasifiers (producing electricity 30 to 50kW).
      2. DRI has been also doing research on expanded use of low cost household biogas digester system in the villages of rural area.
      3. Wind turbine projects are at the experimental and research phase and related output of these wind turbines are from 500W to 3 kilowatts.
      4. For the solar energy technology, Design model and Solutions are contributed for utilization of solar energy to the village people in Myanmar.
      5. Design and construction of induction motor to generator for wind turbine and hydro power generation
      6. Design and construction of hydro concrete turbine (1kW)
      7. Design and construction of Helical savonious wind turbine
      8. Design and construction of efficient cooking stove
      9. Design and fabrication of 1.5 cube meter Fibre type Biogas Digester
      10. Fabrication of 10kW rice husk gasifier to improve Resource Efficient cleaner production system
      11. Green House type solar dryer
      12. Design and construction of efficient gasifier stove
      13. Modification of Horizontal and vertical Axis Wind Turbine
      14. Design of Waste water management for gasification in Myanmar

ဇီဝဒြပ်ထုသုတေသနဌာန၏ဆောင်ရွက်ချက်များ

ဇီဝဒြပ်ထု သုတေသန

သုတေသနခေါင်းစဥ် လက်ရှိ 10 kW Gasifierအား Resource Efficient Cleaner Production (RECP) နည်းစနစ်ဖြင့် အဆင့်မြှင့်ပြုပြင်တည်ဆောက်၍Gasifierသင်တန်းများတွင် Training Kit အနေဖြင့်အသုံးပြုနိုင်စေရန်သုတေသန
သုတေသန ရည်ရွယ်ချက် စဥ်ဆက်မပြတ်ဖွံဖြိုးတိုးတက်နေသောGasifierသင်တန်းဖြစ်ပေါ်စေရေးအတွက် အခြေခံကောင်းများရရှိရန်
အကျိုးကျေးဇူး/ရလဒ် – သင်တန်းသားများ အနေဖြင့် လက်တွေ့ တည်ဆောက်တပ်ဆင်ခြင်း နှင့် Problem Solving အကြောင်း၊ ပါဝင်သော Process တစ်ခုချင်းစီ၏ တာဝန်နှင့် စွမ်းဆောင် ရည်များအကြောင်း၊ Waste Management နှင့်Awareness အခြေခံကောင်းများအား သင်ကြားပေး နိုင်ခြင်းနှင့် လက်တွေ့အသုံးဝင်သော Gasifierစနစ်တစ်ခုကိုရရှိခြင်း
ဘဏ္ဍာ ရေးနှစ် ၂၀၁၆-၂၀၁၇
မှတ်ချက်

ဇီဝဒြပ်ထု သုတေသန

သုတေသနခေါင်းစဥ် ၁.၅ကုဗမီတာရှိဖိုင်ဘာနည်းပညာသုံးဇီဝဓာတ်ငွေ့ကန်(1.5m3 Fiber Type Biogas Digester)စမ်းသပ်တည်ဆောက်ခြင်းသုတေသန
သုတေသန ရည်ရွယ်ချက် – ထင်း၊မီးသွေးအသုံးပြုမှုကိုဇီဝဓာတ်ငွေ့ဖြင့့်် အစားထိုးအသုံးပြုနိုင်ရန်၊
-Fiber Type Biogas Digester များအသုံးပြုခြင်းအားဖြင့် ဓာတ်ငွေ့ကန် လွယ်ကူလျှင်မြန်စွာတည်ဆောက်နိုင်ပြီးသက်တမ်းကြာရှည်စွာအသုံးပြုနိုင်ရန်၊
-Fiber Type Digester အသုံးပြုပြီးမြေနေရာယူမှုလျှော့ချနိုင်ရန်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့၏တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူထားသောတိရစ္ဆာန်စွန့်ပစ်ပစ္စည်း၊ လယ်ယာစွန့်ပစ် ပစ္စည်းတို့ကိုအသုံးပြုပြီး Fiber Type Biogas Digester နည်းပညာကိုပိုမိုအကျိုးရှိစွာအသုံးချနိုင်ရန်
အကျိုးကျေးဇူး/ရလဒ် – ဇီဝဓါတ်ငွေ့ဖြင့်ထမင်းဟင်းချက်ပြုတ်နိုင်သဖြင့်ထင်းအစားထိုးလောင်စာအဖြစ်အစားထိုးနိုင်ခြင်း၊
– ဇီဝလျှံရည်သည်တန်ဖိုးမြင့်သဘာဝမြေသြဇာဖြစ်သဖြင့်ဓါတ်မြေသြဇာသုံးစွဲမှုကုန်ကျစရိတ်သက်သာခြင်း၊
– Fiber Type Biogas Digester ကိုအသုံးပြုခြင်းဖြင့်ကန်လွယ်ကူလျှင်မြန်စွာတည်ဆောက်နိုင်ခြင်း၊
– စွန့်ပစ်ပစ္စည်းများကိုအသုံးပြုခြင်းဖြင့်ထင်း၊မီးသွေးအသုံးပြုမှုထက်ကုန်ကျစရိတ်သက်သာခြင်း၊
– စွန့်ပစ်ပစ္စည်းများကိုအသုံးပြုခြင်းဖြင့်ပတ်ဝန်းကျင်ညစ်ညမ်းမှုလျော့နည်းစေခြင်း၊
– Methane gas အားအသုံးပြုခြင်းဖြင့်ကမ္ဘာကြီးပူနွေးလာခြင်းအားလျော့ချနိုင်ခြင်း
ဘဏ္ဍာ ရေးနှစ် ၂၀၁၆-၂၀၁၇
မှတ်ချက်

ဇီဝဒြပ်ထု သုတေသန

သုတေသနခေါင်းစဥ် စွမ်းအားမြှင့်မီးဖိုတည်ဆောက်ခြင်းသုတေသန
သုတေသန ရည်ရွယ်ချက်
  • To save fuel wood use by using energy efficient cooking stove
  • To cover deforestation

-ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဇီဝဒြပ်ထုနည်းပညာကိုပိုမိုအကျိုးရှိစွာအသုံးချနိုင်ရန်
– ဇီဝဒြပ်ထုသုံးစွမ်းအားမြှင့်မီးဖိုများကိုစရိတ်သက်သာစွာတည်ဆောက်ပေးခြင်းဖြင့်ကျေးလက်ဒေသအိမ်ထောင်စုများတွင်မွေးမြူရေး၊စိုက်ပျိုးရေး၊ပတ်ဝန်းကျင်သန့်ရှင်းရေးကဏ္ဍများကိုတိုးတက်စေပြီးထမင်းဟင်းချက်ရန်နှင့် လောင်စာအကုန်အကျသက်သာစေရန်၊
-လောင်စာအကုန်အကျသက်သာသောစွမ်းအားမြှင့်မီးဖိုများသုံးစွဲခြင်းဖြင့်သစ်တောပြုန်းတီးမှုများကာကွယ်နိုင်ရန်

အကျိုးကျေးဇူး/ရလဒ် – သစ်တောပြန်လည်ထူထောင်ခြင်းနှင့်ကျေးရွာအနီးစိုက်ခင်းများပျိုးထောင်ခြင်း၊ အသစ်စိုက်ပျိုးထားသောသစ်တောပျိုးခင်းများမှာလည်းမကြီးထွားမီခုတ်ယူသုံးစွဲခြင်းတို့မှကင်းဝေးစေခြင်း
– စွမ်းအားမြှင့်မီးဖိုကိုသုံးစွဲခြင်းဖြင့်ကျေးလက်နေပြည်သူများ၏လူမှုစီးပွားဘဝတိုးတက်လာပြီးကျန်းမာရေးကိုအထောက်အကူပြုခြင်း
ဘဏ္ဍာ ရေးနှစ် ၂၀၁၆-၂၀၁၇
မှတ်ချက်

ဇီဝဒြပ်ထု သုတေသန

သုတေသနခေါင်းစဥ် မြန်မာနိုင်ငံအတွင်းလျှပ်စစ်မီးပေးလျက်ရှိသောGasifierများအတွက်ရေသန့်စင်သောစနစ်သုတေသန
သုတေသန ရည်ရွယ်ချက် – ခုနစ်၂၀၃၀တွင် မြန်မာတနိုင်ငံလုံးမီးလင်းရေးဟူသောကြီးမားသောရည်မှန်းချက် အကောင်အထည် ဖော်ရန်လက်တွေ့ကျပြီးရေရှည်တည်တံ့ခိုင်မြဲေသာနည်းလမ်းတစ်ရပ်တွင် Gasifierသည််လျှပ်စစ်မီးမရရှိသော၊ စပါးခွံပေါ များသော၊ နယ်စပ်ဒေသများအတွက် ရွေးချယ်စရာတစ်ခုဖြစ်ပါသည်။ သို့ရာတွင် ၎င်းတို့မှ ရေဆိုးများထွက်ရှိမှုကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုများဖြစ်ပေါ်လျက်ရှိရာအဆိုပါ ပြဿနာကိုအဖြေရှာရန် လိုအပ်လျက် ရှိပါသည်။ ယခုသုတေသနသည် ၎င်းအခက်အခဲကိုဖြေရှင်းရန်ရည်ရွယ်ပါသည်။
အကျိုးကျေးဇူး/ရလဒ် – Waste Water Management System စနစ်အသုံးပြုခြင်းဖြင့်Gasifierမှရေဆိုးများ၏အရည်အသွေးဆိုင်ရာများတိုင်းတာရာတွင်ပိုမို၍အကြိမ်ရေများစွာပြန်လည်အစဆုံးအသုံးပြုနိုင်ခြင်း၊
– ၎င်းစနစ်ကိုအသုံးပြုခြင်းအားဖြင့်ရေများကိုကြိမ်ဖန်များစွာအသုံးပြုနိုင်ခြင်း၊
– ရေကိုပတ်ဝန်းကျင် ရေထုသို့ စိတ်ချလက်ချ စွန့်ပစ်နိုင်ခြင်း၊ Gasifier ၏ အရွယ်အစားပေါ်မူတည်၍ Waste Water Manage-ment System ကို Filtration Tank Design အမျိုးမျိုး
ပြုပြင်ပြောင်းလဲနိုင်ခြင်း၊
ဘဏ္ဍာ ရေးနှစ် ၂၀၁၇-၂၀၁၈
မှတ်ချက်

ဇီဝဒြပ်ထု သုတေသန

သုတေသနခေါင်းစဥ် ကျိုက်ထီးရိုးတောင်ပေါ်တွင်အမှိုက်မီးရှို့စက်တည်ဆောက်ခြင်းသုတေသန
သုတေသန ရည်ရွယ်ချက် (က) ကျိုက်ထီးရိုးတောင်တော် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရန်
(ခ) အမှိုက်သရိုက်များကိုစနစ်တကျ ထိရောက်စွာရှင်းလင်းနိုင်ရန်
(ဂ) Solid Waste Incinerator နှင့်စပ်လျဉ်း၍ နည်းပညာများဖွံ့ဖြိုးတိုးတက်လာစေရန်
(ဃ) ကုန်ကျစရိတ်သက်သာပြီးလွယ်ကူစွာရွေ့ပြောင်းအသုံးပြုနိုင်ရန်
အကျိုးကျေးဇူး/ရလဒ် (က) ပြာကိုအချိန်ပိုင်းသာဖယ်ရှားရန်ဖြစ်၍ ပြုပြင်ထိန်းသိမ်းစရိတ်နည်းပါးခြင်း
(ခ) ရိုးရှင်းလွယ်ကူသောဒီဇိုင်းဖြစ်၍ အရွယ်အစားအမျိုးအမျိုးပြုလုပ်နိုင်ခြင်း
(ဂ) လွယ်ကူစွာနေရာပြောင်းရွေ့အသုံးပြုနိုင်ခြင်း
(ဃ) ကုန်ကျစရိတ်သက်သာစွာဖြင့် စနစ်တကျ မီးရှို့နိုင်ခြင်း
(င) အမှိုက်သရိုက်များစီမံခန့်ခွဲမှုအတွက် အထောက်အကူဖြစ်စေနိုင်ခြင်း
(စ) ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အထောက်အပံ့ဖြစ်စေခြင်း
ဘဏ္ဍာ ရေးနှစ် ၂၀၁၇-၂၀၁၈
မှတ်ချက်

ဇီဝဒြပ်ထု သုတေသန

သုတေသနခေါင်းစဥ် ကာဗွန်ထုတ်လွှတ်မှုလျော့ချနိုင်သောအမှိုက်မီးရှို့စက်တည်ဆောက်ခြင်းသုတေသန
သုတေသန ရည်ရွယ်ချက် (က) သဘာဝပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရန်
(ခ) အမှိုက်သရိုက်များကိုစနစ်တကျ ထိရောက်စွာရှင်းလင်းနိုင်ရန်
(ဂ) အမှိုက်မီးရှို့စက်များကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာနိုင်ရန်
(ဃ) ကုန်ကျစရိတ်သက်သာပြီးလွယ်ကူစွာရွေ့ပြောင်းအသုံးပြုနိုင်ရန်
အကျိုးကျေးဇူး/ရလဒ် (က) ပြာကိုအချိန်ပိုင်းသာဖယ်ရှားရန်ဖြစ်၍ ပြုပြင်ထိန်းသိမ်းစရိတ်နည်းပါးခြင်း
(ခ) ရိုးရှင်းလွယ်ကူသောဒီဇိုင်းဖြစ်၍ အရွယ်အစားအမျိုးအမျိုးပြုလုပ်နိုင်ခြင်း
(ဂ) လွယ်ကူစွာနေရာပြောင်းရွေ့အသုံးပြုနိုင်ခြင်း
(ဃ) ကုန်ကျစရိတ်သက်သာစွာဖြင့် စနစ်တကျ မီးရှို့နိုင်ခြင်း
(င) အမှိုက်သရိုက်များစီမံခန့်ခွဲမှုအတွက် အထောက်အကူဖြစ်စေနိုင်ခြင်း
(စ) ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အထောက်အပံ့ဖြစ်စေခြင်း
ဘဏ္ဍာ ရေးနှစ် ၂၀၁၈
မှတ်ချက်

ဇီဝဒြပ်ထု သုတေသန

သုတေသနခေါင်းစဥ် ကစီဓာတ်များသောဇီဝဒြပ်ထုများမှ Bioethanol ထုတ်လုပ်ခြင်းသုတေသန
သုတေသန ရည်ရွယ်ချက် – Bioethanol ဈေးနှုန်းကြီးခြင်းအကြောင်းအရင်းများကိုသိရှိနားလည်ပြီးဈေးနှုန်းချိုသာစွာထုတ်လုပ်နိုင်သောနည်းလမ်းများရရှိနိုင်စေရန်၊
– Bioethanol ၏မြန်မာနိုင်ငံအလားအလာကိုသိရှိနားလည်လာစေရန်၊
– Biomass သုတေသနဋ္ဌာနတွင် Bioethanol ထုတ်လုပ်ခြင်းနည်းပညာရရှိစေရန်
အကျိုးကျေးဇူး/ရလဒ် (က) Bioethanol ထုတ်လုပ်ခြင်းကို Biomass ဌာနတွင် ပြုလုပ်နိုင်ခြင်းဖြင့်ဌာနမူဝါဒကိုအကောင်အထည်ဖော်နိုင်ခြင်း၊
(ခ) Bioethanol ဆိုင်ရာတွေ့ရှိမှုများအားနည်းပညာဖြန့်ဝေပေးနိုင်ခြင်း၊
(ဂ) Bioethanol ဆိုင်ရာသုတေသနများတွင် ပြည်တွင်းပြည်ပ၌ ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်လာနိုင်ခြင်း၊
ဘဏ္ဍာ ရေးနှစ် ၂၀၁၈
မှတ်ချက်</td

အသေးစားရေအားလျှပ်စစ်သုတေသနဌာန၏ဆောင်ရွက်ချက်များး

အသေးစားရေအားလျှပ်စစ်သုတေသန

သုတေသနခေါင်းစဥ် Hydro Concrete Turbine (1kW) စမ်းသပ်တည်ဆောက်ခြင်းသုတေသန
သုတေသန ရည်ရွယ်ချက် – သဘာဝအရင်းအမြစ်ဖြစ်သည့်သဘာဝရေအားကိုအသုံးပြု၍လျှပ်စစ်မီးအလုံအလောက်မရရှိနိုင်သောကျေးလက်ဒေသများတွင်လျှပ်စစ်မီးအသုံးပြုနိုင်ရန်၊နည်းပညာသစ်များဖွံ့ဖြိုးတိုးတက်ရန်နှင်‌့အသေးစားရေအားလျှပ်စစ်တည်ဆောက်တပ်ဆင်ြခင်းသင်တန်းတွင်သင်ထောက်ကူပစ္စည်းအတွက်အသုံးပြုနိုင်ရန်
အကျိုးကျေးဇူး/ရလဒ် – ကျေးလက်ဒေသနေပြည်သူများ လျှပ်စစ်မီးရရှိနိုင်ခြင်း၊
– ကုန်ကျစရိတ်သက်သာစေခြင်း၊
– ကျေးလက်နေပြည်သူ များ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေနိုင်ြခင်း၊ ၊ – Micro Hydro Power သုံးစွဲမှုနှင့် ပတ်သက်၍ နည်းပညာရပ်များဖွံ့ဖြိုးတိုးတက်စေခြင်း၊
– ပြန်ပြည့်မြဲစွမ်းအင် သုတေသနဌာနတွင် ဖွင့်လှစ်သင်ကြားသည့် အသေးစားရေအားလျှပ်စစ်တည်ဆောက် တပ်ဆင်ခြင်းသင်တန်းတွင် သင်ထောက်ကူပစ္စည်းအဖြစ်င်ကြားပြသနိုင်ခြင်း
ဘဏ္ဍာ ရေးနှစ် ၂၀၁၆-၂၀၁၇
မှတ်ချက်

နေရောင်ခြည်စွမ်းအင်သုတေသနဌာန၏ဆောင်ရွက်ချက်များ

နေရောင်ခြည်စွမ်းအင်သုတေသန

သုတေသနခေါင်းစဥ် Design & Construction of Phase Change Material Based Solar Thermal Water Heating System တည်ဆောက်ခြင်းသုတေသန
သုတေသန ရည်ရွယ်ချက် မြို့ပြနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ပြည့်မြဲစွမ်းအင်စနစ်များတွင် တစ်ခု အပါအဝင်ဖြစ်သော နေရောင်ခြည်စွမ်းအင်သုံး အပူပေးစနစ်ကို စမ်းသပ်တည်ဆောက်မည်ဖြစ်ပါသည်။ ၎င်းစနစ်မှ ထွက်ရှိလာသောရေပူများကို အလိုရှိရာသို့ပို့ဆောင်ပြီး သုံးစွဲစေမည်ဖြစ်ပါသည်။ တစ်အိမ် ထောင်သုံးနှင့် တစ်ဆိုင်သုံး အပူစွမ်းဆောင်ရည်မြှင့် ရေအပူပေးစနစ်ဖြစ်ပြီး အသုံးပြုမှုလွယ်ကူစေရန် တည်ဆောက်မည်ဖြစ်ပါသည်။ ထိုစနစ်ကိုကျယ်ပြန့်စွာအသုံးပြုစေ၍ နိုင်ငံတော်၏ စွမ်းအင်လိုအပ်ချက် ကိုလည်း အတိုင်းအတာတစ်ခုထိ ဖြည့်စွမ်းပေးနိုင်မည်ဖြစ်သည်။ လျှပ်စစ်မီး၊ထင်း၊မီးသွေးနှင့် အခြား ရုပ်ကြွင်းလောင်စာများ အသုံးပြုမှုကိုလည်း အထိုက်အလျောက်လျော့ချပေးနိုင်သည့် ပြန်ပြည့်မြဲ စွမ်းအင် စနစ်တစ်ခုဖြစ်ပါသည်။
အကျိုးကျေးဇူး/ရလဒ် ၂၄နာရီပတ်လုံး အပူ စွမ်းရည်ကို ထိန်းသိမ်းထား နိုင်ရန် Phase Change Material ကို အသုံးပြု ထားသဖြင့် ဆောင်းရာသီ တွင်လည်း ရေပူကိုထုတ်ယူ သုံးစွဲနိုင်စေမည်ဖြစ်ပါသည်။ နေရောင်ခြည်စွမ်းအင်ကို လွယ်ကူစွာအသုံးပြုနိုင်ပါသဖြင့် နေ့ခင်းဘက် အချိန် များတွင် ပတ်ဝန်းကျင်ကို မညစ်ညမ်းစေဘဲ သဘာဝ စွမ်းအင်ဖြင့် ရေပူကို ထုတ်လုပ်ပေးနိုင်သည့် အကျိုးကျေးဇူးကို ရရှိမည် ဖြစ်သည်။ ကာဗွန်ဒိုင်
အောက်ဆိုဒ်ထုတ်လွှတ်မှုမရှိသဖြင့် လေထုညစ်ညမ်းမှု လျော့ချစေနိုင်ခြင်း၊ နေရောင်ခြည်စွမ်းအင်ကို အသုံးပြုသဖြင့် စဥ်ဆက်မပြတ်စွမ်းအင်ရရှိစေခြင်း၊ ထင်း၊ လောင်စာ နှင့် လျှပ်စစ်မီး အသုံးမပြု ခြင်းတို့ကြောင့် Long Term တွင် ကုန်ကျစရိတ် သက်သာစေခြင်း စသည့် အကျိုးကျေးဇူးများလည်း ရရှိနိုင် ပါသည်။ ထို့ပြင် ပြန်ပြည့်မြဲစွမ်းအင်အသုံးပြုမှုကဏ္ဍကိုလည်း ထိထိ ရောက်ရောက် အသိပညာ ပေး၍ ဒေသအတွင်းတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာမည်ဖြစ်သည်။
ဘဏ္ဍာ ရေးနှစ် ၂၀၁၆-၂၀၁၇
မှတ်ချက်

နေရောင်ခြည်စွမ်းအင်သုတေသန

သုတေသနခေါင်းစဥ် Green House ပုံစံနေရောင်ခြည်သုံးအခြောက်လှမ်းခြင်းသုတေသန
သုတေသန ရည်ရွယ်ချက် က) Solar Dryer Technology ဖွံ့ဖြိုးတိုးတက်စေရန်
(ခ) ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာနည်းပညာများကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်ရန်
(ဂ) ကျေးလက်ဒေသနေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရန်
အကျိုးကျေးဇူး/ရလဒ် (က) အလုပ်သမား (Labour)စရိတ်လျော့ချနိုင်ခြင်း
(ခ) ကွမ်းသီး၏ အရည်အသွေး(Quality)ကို မြှင့်တင်ပေးနိုင်ခြင်း
(ဂ) အခြောက်ခံသည့် ကြာချိန်များလျော့ချနိုင်ခြင်း
(ဃ) ကွမ်းသီးစိုက်တောင်သူများ၏ ဝင်ငွေပိုမိုရရှိနိုင်ခြင်း
ဘဏ္ဍာ ရေးနှစ် ၂၀၁၇-၂၀၁၈
မှတ်ချက်

လေစွမ်းအင်သုတေသနဌာန၏ဆောင်ရွက်ချက်များး

လေစွမ်းအင် သုတေသနဌာန

သုတေသနခေါင်းစဥ် လေအားလျှပ်စစ်နှင့်ရေအားလျှပ်စစ်တာဘိုင်များအတွက် Induction Motor မှ Generator သို့ပြောင်းလဲတည်ဆောက်ခြင်းသုတေသန
သုတေသန ရည်ရွယ်ချက် သဘာဝအရင်းအမြစ်ဖြစ်သည့်လေစွမ်းအင်နှင့်ရေစွမ်းအားကိုအသုံးပြု၍ပြည်တွင်းတွင်လွယ်ကူစွာဝယ်ယူရရှိနိုင်ပြီးအိမ်နှင့်စက်မှုလုပ်ငန်းတို့တွင်လက်ရှိအသုံးပြုနေသော Induction Motor ကို Generator အဖြစ်ပြောင်းလဲအသုံးပြု၍လျှပ်စစ်မီးအသုံးပြုနိုင်ရန်နှင့်နည်းပညာသစ်များဖွံ့ဖြိုးတိုးတက်ရန်ရည်ရွယ်ပါသည်။
အကျိုးကျေးဇူး/ရလဒ် လျှပ်စစ်မီးရရှိရေးအတွက်လည်အားရရှိအောင်ဖန်တီးထားသောမော်တာကိုGeneratorအဖြစ်ပြောင်းလဲအသုံးပြုနိုင်ပြီး၊ရေအားလျှပ်စစ်နှင့်လေအားလျှပ်စစ်ထုတ်လုပ်ခြင်းလုပ်ငန်းများအတွက်အသုံးပြုနိုင်ခြင်းနှင့်လက်တွေ့အသုံးချသင်တန်းအတွက်သင်ထောက်ကူဖြစ်စေခြင်း
ဘဏ္ဍာ ရေးနှစ် ၂၀၁၆-၂၀၁၇
မှတ်ချက်

လေစွမ်းအင် သုတေသနဌာန

သုတေသနခေါင်းစဥ် Helical Savonious Wind Turbine စမ်းသပ်တည်ဆောက်ခြင်းသုတေသန
သုတေသန ရည်ရွယ်ချက် သဘာဝအရင်းအမြစ်ဖြစ်သည့်လေစွမ်းအင်ကိုအသုံးပြု၍လျှပ်စစ်မီးအလုံအလောက်မရရှိနိုင်သောမြို့ပြနှင့်ကျေးလက်ဒေသများတွင်လျှပ်စစ်မီးအသုံးပြုနိုင်ရန်နှင့်နည်းပညာသစ်များဖွံ့ဖြိုးတိုးတက်ရန်အတွက်ရည်ရွယ်၍ဤသုတေသနကိုတည်ဆောက်ခဲ့ပါသည်
အကျိုးကျေးဇူး/ရလဒ် Drag Type Wind Turbine နှင့်ပတ်သက်၍နည်းပညာရပ်များဖွံ့ဖြိုးတိုးတက်စေခြင်းနှင့်စက်သုံးဆီသုံးစွဲမှုကိုလျော့ကျစေနိုင်ခြင်းစသည့်အကျိုးကျေးဇူးများရရှိစေနိုင်ပါသည်။ထို့အပြင် Tower တိုင်အမြင့်မှာများစွာမလိုအပ်သဖြင့်ကုန်ကျစရိတ်သက်သာခြင်း၊လေအသင့်အတင့်ရရှိရုံဖြင့်လည်ပတ်နိုင်ခြင်း၊တစ်ပိုင်တစ်နိုင်တည်ဆောက်တပ်ဆင်ရာတွင်လွယ်ကူခြင်းစသည့်အကျိုးကျေးဇူးများကိုလည်းရရှိနိုင်ပါသည်။
ဘဏ္ဍာ ရေးနှစ် ၂၀၁၆-၂၀၁၇
မှတ်ချက်

လေစွမ်းအင် သုတေသနဌာန

သုတေသနခေါင်းစဥ် Modifications of Horizontal and Vertical Axis Wind Turbine သုတေသန
သုတေသန ရည်ရွယ်ချက် လေစွမ်းအင်ကိုအသုံးပြု၍လျှပ်စစ်မီးအလုံအလောက်မရရှိနိုင်သောမြို့ပြနှင့်ကျေးလက်ဒေသများတွင်လျှပ်စစ်မီးအသုံးပြုနိုင်ရန်နှင့်နည်းပညာသစ်များဖွံ့ဖြိုးတိုးတက်ရန်အတွက်ရည်ရွယ်၍လောင်စာအကုန်အကျသက်သာသော Wind Turbine များကိုအသုံးပြုခြင်းဖြင့်နိုင်ငံတော်၏ကုန်ကျစရိတ်များကိုလည်းတစ်ဖက်တစ်လမ်းမှလျှော့ချနိုင်မည်ဖြစ်ပါသည်။
အကျိုးကျေးဇူး/ရလဒ် ဤ Projectများကိုတပ်ဆင်အသုံးပြုခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ကိုသန့်ရှင်းစေခြင်း၊ မြို့ပြနှင့်ကျေးလက်ဒေသများတွင်လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေနိုင်ခြင်း၊CarbonDioxide ပါဝင်မှုမရှိ၍ အခြားသောဖန်လုံအိမ် အာနိသင် ထုတ်လွှတ်မှုမရှိခြင်း၊ Wind Turbine များနှင့်ပတ်သက်၍နည်းပညာရပ်များဖွံ့ဖြိုးတိုးတက်စေခြင်းနှင့် စက်သုံးဆီသုံးစွဲမှုကိုလျော့ကျစေနိုင်ခြင်းစသည့်အကျိုးကျေးဇူးများရရှိစေနိုင်ပါသည်။
ဘဏ္ဍာ ရေးနှစ် ၂၀၁၆-၂၀၁၇
မှတ်ချက်

လေစွမ်းအင် သုတေသနဌာန

သုတေသနခေါင်းစဥ် လေအားရေအားလျှပ်စစ်တာဘိုင်များနှင့်တွဲဖက်မောင်းနှင်နိုင်သော Self Excited Induction Generator (SEIG) အသုံးပြု၍ကောင်းမွန်စိတ်ချရသောလျှပ်စစ်ဓါတ်အားရရှိစေရန်ပြုလုပ်ဆောင်ရွက်ခြင်းသုတေသနလုပ်ငန်း
သုတေသန ရည်ရွယ်ချက် -လေစွမ်းအင်နှင့်ရေစွမ်းအားကိုအသုံးပြု၍ပြည်တွင်းတွင်လွယ်ကူစွာဝယ်ယူရရှိနိုင်ပြီး Induction Motor As Induction Generator ကို Self Excited Induction Generator (SEIG) အဖြစ်အသုံးပြု၍လျှပ်စစ်မီးကိုကောင်းမွန်လုံခြုံစိတ်ချစွာအသုံးပြုနိုင်ရန်၊
အကျိုးကျေးဇူး/ရလဒ် ကောင်းမွန်လုံခြုံစိတ်ချရသောလျှပ်စစ်ဓါတ်အားထုတ်လုပ်ခြင်းနှင့်ပတ်သက်၍နည်းပညာရပ်များဖွံ့ဖြိုးတိုးတက်စေခြင်း၊လက်တွေ့အသုံးချသင်တန်းအတွက်သင်ထောက်ကူဖြစ်စေခြင်း
ဘဏ္ဍာ ရေးနှစ် ၂၀၁၈ ဧပြီ- စက်တင်ဘာ
မှတ်ချက်

ပြန်ပြည့်မြဲစွမ်းအင်သုတေသနဌာန

Web Portal တွင် ဖော်ပြမည့် သတင်းအချက်အလက်များ

လူစွမ်းအားအရင်းအမြစ်ပြုစုပျိုးထောင်မှုအစီအစဉ်

ကာလတိုပြန်ပြည့်မြဲစွမ်းအင်သင်တန်းကို ၂၀၁၄ခုနှစ်၊နိုဝင်ဘာလမှစတင်၍ သုတေသန နှင့် တီထွင်ဆန်းသစ်မှုဌာနမှ စီစဉ်လုပ်ဆောင်ခဲ့ပါသည်။ သင်တန်းများကို စနေ၊တနင်္ဂနွေတွင် ဖွင့်လှစ်ပြီး သင်တန်းကာလမှာ (၅)ပတ် ဖြစ်ပါသည်။ သင်ကြားပို့ချပေးသော ပြန်ပြည့်မြဲ စွမ်းအင်သင်တန်း(၅)မျိုးမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) နေရောင်ခြည်စွမ်းအင်နည်းပညာနှင့်လက်တွေ့အသုံးချသင်တန်း
(ခ) လေ စွမ်းအင်နည်းပညာနှင့်လက်တွေ့အသုံးချသင်တန်း
(ဂ) ရေအားလျှပ်စစ် နည်းပညာနှင့်လက်တွေ့အသုံးချသင်တန်း
(ဃ) စပါးခွံလောင်စာဓာတ်ငွေ့ထုတ်စက် နည်းပညာနှင့်လက်တွေ့အသုံးချသင်တန်း
(င) ဇီဝဒြပ်ထု စွမ်းအင်နည်းပညာနှင့်လက်တွေ့အသုံးချသင်တန်း
သင်တန်းများ၏ရည်ရွယ်ချက်မှာအောက်ပါအတိုင်းဖြစ်ပါသည်-
– ပြန်ပြည့်မြဲစွမ်းအင် နည်းပညာနှင့်အသုံးချမှုနယ်ပယ်နှင့်သတ်ဆိုင်သော အသိပညာ၊ ဗဟုသုတနှင့် အတွေ့အကြုံများ ဖြန့်ဝေပေးရန်
– ပြန်ပြည့်မြဲစွမ်းအင်နယ်ပယ်တွင် အရည်အချင်းပြည့်မီသော နည်းပညာရှင်များ ဖော်ထုတ်ပေးရန်
– အစိုးရ၏ မူဝါဒကို အထောက်အကူဖြစ်စေရန်
သင်တန်းတစ်ခုခြင်းစီတွင် သင်တန်းသား (၂၀)ဦး ပါဝင်ပါသည်။ အပတ်စဉ် (၁)မှ (၁၈)အထိ သင်တန်းသားစုစုပေါင်း(၅၃၈)ဦး သင်တန်းတက်ရောက်အောင်မြင်ပြီးမြှောက်ခဲ့ပါသည်။ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ လုပ်ဆောင်သော ပြန်ပြည့်မြဲစွမ်းအင်သင်တန်းနှင့် အသိပညာပေး အစီအစဉ် အကျဉ်းချုပ်အား ဇယား(၁)တွင် ဖော်ပြထားပါသည်။
ဇယား(၁) ပြန်ပြည့်မြဲစွမ်းအင်သင်တန်းနှင့်အသိပညာပေးအစီအစဉ်အကျဉ်းချုပ်

စဉ် သင်တန်းအမှတ်စဉ် သင်တန်းသား ဦးရေ
၁။ ပြန်ပြည့်မြဲစွမ်းအင်လက်တွေ့အသုံးချသင်တန်း၊ အမှတ်စဉ်(၉) ၁၇
၂။ ပြန်ပြည့်မြဲစွမ်းအင်လက်တွေ့အသုံးချသင်တန်း၊ အမှတ်စဉ်(၁၀) ၂၀
၃။ ပြန်ပြည့်မြဲစွမ်းအင်လက်တွေ့အသုံးချသင်တန်း၊ အမှတ်စဉ်(၁၁) ၂၂
၄။ ပြန်ပြည့်မြဲစွမ်းအင်လက်တွေ့အသုံးချသင်တန်း၊ အမှတ်စဉ်(၁၂) ၃၀
၅။ ပြန်ပြည့်မြဲစွမ်းအင်လက်တွေ့အသုံးချသင်တန်း၊ အမှတ်စဉ်(၁၃) ၃၀
၆။ ပြန်ပြည့်မြဲစွမ်းအင်လက်တွေ့အသုံးချသင်တန်း၊ အမှတ်စဉ်(၁၄) ၃၀
၇။ ပြန်ပြည့်မြဲစွမ်းအင်လက်တွေ့အသုံးချသင်တန်း၊ အမှတ်စဉ်(၁၅) ၅၄
၈။ ပြန်ပြည့်မြဲစွမ်းအင်လက်တွေ့အသုံးချသင်တန်း၊ အမှတ်စဉ်(၁၆) ၃၀
၉။ ပြန်ပြည့်မြဲစွမ်းအင်လက်တွေ့အသုံးချသင်တန်း၊ အမှတ်စဉ်(၁၇) ၅၂
၁၀။ ပြန်ပြည့်မြဲစွမ်းအင်လက်တွေ့အသုံးချသင်တန်း၊ အမှတ်စဉ်(၁၈) ၁၅

ပြန်ပြည့်မြဲစွမ်းအင်လက်တွေ့အသုံးချသင်တန်းတွင် ညွှန်ကြားရေးမှူးချုပ်ဆရာကြီးဦးဝင်းခိုင်မိုးမှ အဖွင့်အမှာစကားပြောကြားခြင်း

ပြန်ပြည့်မြဲစွမ်းအင်လက်တွေ့အသုံးချသင်တန်းဖွင့်ပွဲ စုပေါင်းမှတ်တမ်းဓာတ်ပုံ

ညွှန်ကြားရေးမှူးချုပ်မှ သင်တန်းဆင်းလက်မှတ် ချီးမြှင့်ခြင်း

Most Recent Entries

  • About

    About

  • Contact

    Contact

  • Hydropower

    Hydropower

  • Wind

    Wind

© 2018 All rights reserved. Designed By World Wide Myanmar