• Call Us: 01 663258
  • Email: techplan2@gmail.com
EVENT NEWS
GMT+6:30 01:09

Polymer

Polymer

ပေါ်လီမာသုတေသနဌာန

 ဌာနကြောင်း

ပေါ်လီမာသုတေသနဌာနကို ၁၉၇၅ခုနှစ်တွင် ကုလသမဂ္ဂဖွံဖြိုးမှု အကူအညီဖြင့် ဗဟိုသုတေသနလုပ်ငန်းအဖွဲ့၌ တိုးချဲ့ပေါင်းစပ်ဖွဲ့စည်းခဲ့ပြီး ၁၉၇၆ခုနှစ်မှ စတင်၍ သုတေသန လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၄ ခုနှစ်၊ ဧပြီလ(၁) ရက်နေ့တွင် မြန်မာ့သိပ္ပံနှင့် နည်းပညာသုတေသနဦးစီးဌာနအား သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနဟူ၍ ပြောင်းလဲ ဖွဲ့စည်းခဲ့ရာ ပေါ်လီမာသုတေသနဌာနသည် ဓာတုနည်းပညာ သုတေသနဗဟိုဌာန၏ ဌာနခွဲ တစ်ခု ဖြစ်လာခဲ့ပါသည်။

 မျှော်မှန်းချက်

ခေတ်မှီဆန်းသစ်သော နိုင်ငံ့အကျိုးပြု သုတေသနလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်သော သုတေသနဌာနဖြစ်ရန်

ရည်မှန်းချက်များ

ပေါ်လီမာသုတေသနဌာနသည် ပေါ်လီမာ၊ ရာဘာနှင့် ကွန်ပိုစစ်ပစ္စည်းများ ဆိုင်ရာ လူသုံးကုန်ပစ္စည်းများ၏ အရည်အသွေးမြှင့်တင်နိုင်စေရန်၊ စက်ရုံအလုပ်ရုံနှင့် ပြည်သူများ၏ လိုအပ်ချက်များကို ဖြည်းဆည်းပေးနိုင်ရန်နှင့် စျေးနှုန်းချိုသာသော သွင်းကုန်အစားထိုး ပစ္စည်းများ ထုတ်လုပ်မှုနည်းပညာတို့ကို မြှင့်တင်နိုင်စေရန် ရည်ရွယ်၍ သုတေသနလုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းတို့ကို အဓိကထား၍ ဆောင်ရွက်လျက်ရှိပါသည်။

 ဆောင်ရွက်ခဲ့သည့်/မည့် အစီအစဉ်များ

ဌာနအနေဖြင့် ဆောင်ရွက်ခဲ့သော သုတေသနလုပ်ငန်းများမှာ သဘာဝပစ္စည်းများမှ သုတ်ဆေး၊ ဖယောင်းနှင့် အမဲဆီများ စမ်းသပ်ပြုလုပ်ခြင်း၊ အလင်းဖောက်အမျှင်များ၊ ကော်နှင့် ပုံသွင်းမှုန့်များ၊ တပိုင်းလျှပ်ကာပစ္စည်းများနှင့် ပေါ်လီမာ ဆီစစ်စက္ကူများ စမ်းသပ်ပြုလုပ်ခြင်း သုတေသနလုပ်ငန်းများ၊ စွန့်ပစ်ဇီဝ ပေါ်လီမာပစ္စည်းများအား အသုံးချ၍ လူသုံးကုန်ပစ္စည်းများ စမ်းသပ်ထုတ်လုပ်ခြင်း၊ အမျှင်အားဖြည့် ကွန်ပိုစစ်ပစ္စည်းများ ပြုလုပ်အသုံးချခြင်း၊ ရာဘာမှ လူသုံးကုန်ပစ္စည်းများနှင့် စက်မှုလုပ်ငန်းသုံးပစ္စည်းများထုတ်လုပ်ခြင်းတို့ဖြစ်ပါသည်။

ရှေ့ဆက်၍ ခေတ်မှီနည်းပညာများကို အသုံးပြု၍ ပြည်တွင်းစက်မှုလုပ်ငန်းရှင်များ၌ တွေ့ကြုံနေရသော ဓာတုထုတ်ကုန်ဆိုင်ရာ အခက်အခဲ ပြဿနာများကို ဖြေရှင်းပေးနိုင်သော သုတေသနများ ဆောင်ရွက်ခြင်း၊ ဘေးထွက်ပစ္စည်းများမှ တန်ဖိုးမြင့် လူသုံးကုန်ပစ္စည်းများ စမ်းသပ်ထုတ်လုပ်ခြင်း၊ တွေ့ရှိလာသော သုတေသနရလဒ်များကို အများပြည်သူသို့ ဖြန့်ဝေ ပေးခြင်းနှင့် လက်ရှိအအသုံးပြုနေသော ဓါတ်ခွဲခန်းများကို အဆင့်မြှင့်တင်ခြင်း စသော လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

 နည်းပညာလဲွှပြောင်းမှုများ

 ဌာန၏ဆောင်ရွက်ပေးနိုင်မည့် ဝန်ဆောင်မှုများ/လုပ်ငန်းများ

ဝန်ဆောင်မှုလုပ်ငန်း အနေဖြင့် နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင်လုပ်ငန်းများ၏ ရာဘာပစ္စည်း များ၊ ပလတ်စတစ်ပစ္စည်းများ၊ ကွန်ပိုစစ် ပစ္စည်းများ နှင့် ဓာတုဗေဒပစ္စည်းများ၏ ရုပ်ဂုဏ် သတ္တိများ၊ ဓာတ်ဂုဏ်သတ္တိများ နှင့် စက်မှုဆိုင်ရာ ဂုဏ်သတ္တိများကို တိုင်းတာပေးလျက် ရှိပါသည်။ ထို့အပြင် တက္ကသိုလ်ကောလိပ်များမှ ဘွဲ့ကြိုနှင့်ဘွဲ့လွန်ကျောင်းသား ကျောင်းသူများ အား သုတေသနဆိုင်ရာ အကူအညီများကို ပံ့ပိုးပေးလျက်ရှိပါသည်။

 အောင်မြင်ပြီး သုတေသနများ/လုပ်ငန်းများ

 သတင်းအချက်အလက်များ

 ကြေငြာချက်များ/ကြော်ငြာများ

 မီဒီယာ

 သီးခြားတင်ပြရန်/အကြံပြုရန်အချက်များ

 နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများ

 မှတ်တမ်းဓါတ်ပုံနှင့်တကွဖော်ပြရန်

မှိုင်းခံရာဘာ ထုတ်လုပ်ခြင်း

ကော်စေး ထုတ်လုပ်ခြင်း

ပလတ်စတစ်ပစ္စည်း၏ ဆွဲဆန့် ခံနိုင်ရည်ရှိမှုကို တိုင်းတာခြင်း

ကွန်ပို့စစ်ပစ္စည်း၏ ရိုက်ချိုးမှုဒဏ် ခံနိုင်ရည်ရှိမှုကို တိုင်းတာခြင်း

Most Recent Entries

  • ပုံနှိပ်ထုတ်ဝေခြင်း

    ပုံနှိပ်ထုတ်ဝေခြင်း

  • ဝန်ဆောင်မှုလုပ်ငန်းများ

    ဝန်ဆောင်မှုလုပ်ငန်းများ

  • ပြည်တွင်းပြည်ပ ပူးပေါင်းဆောင်ရွက်မှုများ

    ပြည်တွင်းပြည်ပ ပူးပေါင်းဆောင်ရွက်မှုများ

  • သုတေသနလုပ်ငန်းများ

    သုတေသနလုပ်ငန်းများ

© 2018 All rights reserved. Designed By World Wide Myanmar