• Call Us: 01 663258
  • Email: techplan2@gmail.com
EVENT NEWS
GMT+6:30 05:23

Food Web Portal

Food Web Portal

နည်းပညာလွှဲပြောင်းခြင်း နှင့် နည်းပညာဖြန့်ဝေခြင်း

၂၀၁၇ ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့မှ (၃၀)ရက်နေ့အထိ မြစ်ကြီးနားမြို့၌ ပညာရေး ဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနနှင့် စက်မှုဝန်ကြီးဌာန တို့ ပူးပေါင်းကျင်းပပြုလုပ်သော သရက်သီးမှ Value-Added Product များ ပြုလုပ်သည့် နည်းပညာပံ့ပိုးခြင်းသင်တန်းကို SME လုပ်ငန်းရှင် သင်တန်းသား (၃၂)ဦး အား စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ပါသည်။ ၂၀၁၇ ခုနှစ်၊ မေလ (၅) မှ (၈)ရက်နေ့ အထိ မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့၊ သဇင်နွယ်သရက်သီးထုတ်လုပ်ရေးတွင် သရက်သီး Candy ပြုလုပ်ခြင်းနည်းပညာနှင့် သင်တန်းအား သွားရောက်ပို့ချပေးခဲ့ပါသည်။

၁၈.၁၁.၂၀၁၆ ရက်နေ့တွင် စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးဦးစီးဌာနအောက်ရှိ၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာနတို့ ပူးပေါင်း၍  ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနတွင် “စိုက်ပျိုးရေး ထုတ်ကုန်အစားအစာများ ထုတ်လုပ်ခြင်း နည်းပညာများ” အား မြန်မာတစ်နိုင်ငံလုံးရှိ အသေးစား နှင့်အလတ်စားထုတ်လုပ်သူ (၁၆၀) ဦးအား လွှဲပြောင်းပေးခဲ့ပါသည်။

အစားအစာသုတေသနဌာန

နိုင်ငံအကျိုးပြု အစားအစာဆိုင်ရာသုတေသနလုပ်ငန်းများကို သိပ္ပံနည်းကျစူးစမ်းရှာဖွေခြင်းနှင့် မြန်မာနိုင်ငံ၏ဒေသထွက်ကုန်များကို ကျန်းမာရေးနှင့်ညီညွတ်သည့် အရည်အသွေးမြှင့် စျေးကွက်ဝင် စားသောက်ကုန်ပစ္စည်းများ ဆန်းသစ်တီထွင်ထုတ်လုပ်သောသုတေသန လုပ်ငန်းများကို ဆောင်ရွက် ပြီး ပြည်သူလူထုအား နည်းပညာပံ့ပိုးပေးလျက်ရှိပါသည်။

ဆောင်ရွက်ပြီးသောသုတေသနများ

  • ငါးဟင်းခတ်မှုန့်ပြုလုပ်ခြင်း
  • မင်းကွတ်သီးလက်ဖက်ရည်ပြုလုပ်ခြင်း
  • ပဲနို့အရည်/အမှုန့်ထုတ်လုပ်
  • တန်ဖိုးမြှင့်သရက်သီးထုတ်ကုန်များထုတ်လုပ်ခြင်း
  • ဝိုင်အချဥ်ဖောက်ခြင်း (Wine Fermentation)
  • အုန်းစိမ်းဂျယ်လီထုတ်လုပ်ခြင်း
  • Bacteria ဂျယ်လီပြုလုပ်ခြင်း(Nata De Coco)
  • ခရမ်းချဥ်သီး အီတလီခေါက်ဆွဲအနှစ် ပြုလုပ်ခြင်း
  • ဟင်းသီးဟင်းရွက်ဟင်းခတ်မှုန့်ပြုလုပ်ခြင်း
  • Freeze Dried ပိန္နဲသီးခြောက်ပြုလုပ်ခြင်း
  • သစ်သီးရှလကာရည်များပြုလုပ်ခြင်း
  • မုန်လာဥနီ Candy ပြုလုပ်ခြင်း

DRI ပဲနို့

ထန်းရည် Vinegar

မုန်လာဥနီ Candy

သရက်သီး၊မက်မန်းသီးဝိုင်များ

ဟင်းသီးဟင်းရွက် ဟင်းခတ်မှုန့်

ငါးဟင်းခတ်မှုန့်

ခရမ်းချဥ်သီး အီတလီခေါက်ဆွဲအနှစ်

သရက်သီး Candy

ပိန္နဲသီးခြောက်

အုန်းစိမ်းရည်ဂျယ်လီ

(Nata de coco ဂျယ်လီ) အုန်းစိမ်းရည်ကိုအသုံးပြု၍  ဘတ်တီးရီးယားဂျယ်လီပြုလုပ်ခြင်း နည်းပညာ (ဖျော်ရည်များတွင်ထည့်သည်)

Nata de coco ဂျယ်လီသည် ဘတ်တီးရီးယားတစ်မျိုးဖြစ်သော Gluconacetobacter xylinum နှင့် အုန်းစိမ်းရည်ကို nutrient အဖြစ်အသုံးပြုထားသော biocellulose တစ်မျိုး ဖြစ်ပါသည်။ အာရှနိုင်ငံများတွင် အချိုပွဲအတွက်  အသုံးပြုသော nata de coco cellulose အား အုန်းစိမ်းရည်ကို အချဥ်ဖောက်ခြင်းဖြင့် ရရှိပါသည်။ Nata de coco ပြုလုပ်ခြင်း သုတေသန လုပ်ငန်းအား အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းရှင်များထံ နည်းပညာလွှဲပြောင်းပေး ခြင်းဖြင့် စျေးကွက်ဝင် စားသောက်ကုန်တစ်ခုအဖြစ် ထုတ်လုပ်နိုင်ရန် ဆက်လက်လုပ်ဆောင် လျက်ရှိပါသည်။ Bacterial Cellulose အား အစားအစာများတွင်သာမက အခြားကဏ္ဍများ ဖြစ်သည့် ဆေးပညာကဏ္ဍ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကဏ္ဍနှင့် ချည်ထည်ထုတ်လုပ်မှုကဏ္ဍ များတွင်လည်း အသုံးပြုလာကြပြီ ဖြစ်ပါသည်။

Freeze Dried Jackfruit Crispy  ကြွပ်ကြွပ်ရွရွပိန္နဲသီးခြောက်ပြုလုပ်ခြင်း နည်းပညာ

 အရသာကောင်းမွန်သောပိန္နဲသီးခြောက်ပြုလုပ်ရာတွင် အာဟာရတန်ဖိုးများ ပျက်စီးဆုံးရှုံးမှု နည်းပါးစေရန် Vacuum Freeze Dryer ဖြင့် ပိန္နဲသီးအိမ်မာသီးအမျိုးအစားအားအသုံးပြု၍ ပြုလုပ်ခဲ့ပါသည်။ Vacuum Freeze Dried ပိန္နဲသီးခြောက်မှာ သဘာဝအနံ့အရသာအတိုင်း ကြွပ်ရွ၍ အရသာအလွန် ကောင်းမွန်သောတန်ဖိုးမြှင့်ထုတ်ကုန်တစ်ခုဖြစ်ပါသည်။

Vacuum Freeze Dryer အားအသုံးပြု၍ ပိန္နဲသီးခြောက်ရရှိလာပုံ

အစားအစာသုတေနဌာန၏ နည်းပညာလွှဲပြောင်းထားမှုမှတ်တမ်းများ

Technology Awareness Sharing Workshop (DISI, ၃၀.၇.၂၀၁၆, ရန်ကုန်)

မုန်လာဥနီ Candy နည်းပညာလွှဲပြောင်းခြင်း( ၅.၇.၂၀၁၇, ရန်ကုန်)

နိုင်ငံအဝန်းရှိ SME လုပ်ငန်းရှင်များအား စိုက်ပျိုးရေး အခြေခံ စားသောက်ကုန် ထုတ်လုပ်ခြင်းနaည်းပညာ ပံ့ပိုးပေးခြင်း အလုပ်ရုံဆွေးနွေးပွဲ (DRI, ၁၈.၁၁.၂၀၁၆, ရန်ကုန်)

ကချင်ပြည်နယ်၏ဒေသထွက်ကုန်များကို value added product များ ပြုလုပ်သည့် နည်းပညာ ပံ့ပိုးခြင်း သင်တန်း ( ၂၆.၆.၂၀၁၇-၃၀.၆.၂၀၁၇, မြစ်ကြီးနား)

သရက်သီး candy ပြုလုပ်ခြင်းနည်းပညာပံ့ပိုးပေးခြင်း သင်တန်း (၁၂.၅.၂၀၁၇- ၁၄.၅.၂၀၁၇ သဇင်နွယ် သရက်ခြံ၊ စဉ့်ကိုင်မြို့)

Appreciation Certificates for Technology Supports and Trainings

Most Recent Entries

  • About

    About

  • Contact

    Contact

  • Hydropower

    Hydropower

  • Wind

    Wind

© 2018 All rights reserved. Designed By World Wide Myanmar