• Call Us: 01 663258
  • Email: techplan2@gmail.com
EVENT NEWS
GMT+6:30 08:55

Applied Chemistry Research Department

Applied Chemistry Research Department

လက်တွေ့ဓာတုဗေဒသုတေသနဌာန

မြန်မာ့သိပ္ပံနှင့်နည်းပညာ သုတေသနဦးစီးဌာနတွင် သိပ္ပံပညာရပ်မျိုးစုံအား သုတေသနပြု ဆောင်ရွက်နေသော သုတေသနနှင့် ဖွံ့ဖြိုးရေးဌာန (၁၀)ခုတွင် လက်တွေ့ဓာတုဗေဒသုတေသန ဌာန သည် တစ်ခုအပါအ၀င် ဖြစ်ပါသည်။(၁ – ၄ – ၂၀၁၅) ခုနှစ်မှ စတင်၍ မြန်မာ့သိပ္ပံနှင့်နည်းပညာ သုတေသနဦးစီးဌာနအား ဖွဲ့စည်းပုံ အသစ်ဖြင့် သုတေသနနှင့်တီထွင်ဆန်းသစ်မှု ဦးစီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်း တည်ထောင်ခဲ့ပါ သည်။ ၄င်းဦးစီးဌာနကြီး၏ လက်အောက်တွင် သုတေသနပင်မဌာန (၂)ခု ရှိပါသည်။ ၄င်းတို့မှာ အီလက်ထရောနစ်နှင့် ပြန်ဖြည့်မြဲစွမ်းအင်ဦးစီးဌာန နှင့် ဓာတုနည်းပညာသုတေသနဗဟိုဌာနတို့ ဖြစ်ပါသည်။ လက်တွေ့ဓါတုဗေဒသုတေသနဌာနသည် ဓာတုနည်းပညာ သုတေသနဗဟိုဌာန၏ဌာနခွဲတစ်ခုဖြစ်ပါသည်။ ၁၉၅၄ခုနှစ်မှစ၍ယနေ့အထိသုတေသန လုပ်ငန်းပေါင်း(၂၀၀)နီးပါး‌ ေဆာင် ရွက် ခဲ့ပြီးဖြစ်ပါသည်။အ‌‌ဓိကနယ်ပယ်များမှာ

(၁)‌စိုက်ပျိုးရေးနှင့်ရေထွက်ပစ္စည်းများကိုအခြေခံသောသုတေသနလုပ်ငန်းများ

(၂)သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေးနှင့်ဆက်စပ်သောသုတေသနလုပ်ငန်းမ‌ျား

(၃)ရေသယံဇာတနှင့်သက်ဆိုင်သောသုတေသနလုပ်ငန်းများ

(၄)လူသုံးကုန်နှင့်စက်မှုလုပ်ငန်းသုံးဓာတုဗေဒပစ္စည်းများထုတ်လုပ်သည့်လုပ်ငန်းများတို့ဖြစ်ပါသည်။

လက်တွေ့ဓာတုဗေဒသုတေသန ဌာန၏မျှော်မှန်းချက်

လက်တွေ့ဓါတုဗေဒသုတေသနဌာန၏ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးရေးကဏ္ဍ မျှော်မှန်းချက်မှာ

စက်မှုလုပ်ငန်း အထောက်အကူပြု အသုံးချဓာတုဗေဒ သုတေသနလုပ်ငန်းများကိုနိုင်ငံတကာအဆင့်မှီလုပ်

ဆောင်နိုင်ရန်ဖြစ်ပါသည်။

လက်တွေ့ဓာတုဗေဒသုတေသန ဌာန၏ရည်မှန်းချက်များ

– ပြည်တွင်းထွက်ကုန်ကြမ်းများ၊သယံဇာတများနှင်‌့စွန့်ပစ်ပစ္စည်းများ မှ စက်မှု၊ စိုက်ပျိုး၊ ဆေး၀ါး၊ အလှကုန်လုပ်ငန်း အထောက်အကူပြုနှင့်လူသုံးကုန်ပစ္စည်းများထုတ်လုပ်နိုင်ရန်။

– အသုံးချဓါတုဗေဒ သုတေသနလုပ်ငန်းများဖြင့် စက်မှုလုပ်ငန်းရှင်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်။

-အရည်အသွေးပြည့်မှီသောလူသုံးကုန်ပစ္စည်းများအားစီးပွားဖြစ်ထုတ်လုပ်နိုင်သော နည်းပညာများကို အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များ သို့နည်းပညာလွှဲပြောင်းပေးရန်ဖြစ်ပါသည်။

လက်တွေ့ဓါတုဗေဒသုတေသနဌာနမှဆောင်ရွက်ခဲ့သည့်သုတေသနလုပ်ငန်းအချို့မှာ

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာသုတေသနလုပ်ငန်းများ

Gasifier များမှထွက်ရှိသော ကတ္တရာဖယ်ထုတ်ရန် လိုအပ်သော Catalyst များထုတ်လုပ်ခြင်း။
စွန့်ပစ်ပလပ်စတစ်မှ ဒီဇယ်လောင်စာ စမ်းသပ်ထုတ်လုပ်ခြင်း။
သဘာ၀ မိုက်ခရိုအယ်လ်ဂျေးမှဇီ၀လောင်စာထုတ်လုပ်ခြင်း။
အရက်ဆီထုတ်လုပ်သောစက်ရုံမှ စွန့်ပစ်ရေများကိုအသုံးပြု၍ Green house အဆင့် Nannochloropsis မိုက်ခရိုအယ်လ်ဂျေး မွေးမြူခြင်း ဖြင့်သန့်စင်ခြင်း။
ရေသယံဇာတဆိုင်ရာသုတေသနလုပ်ငန်းများ

ရေသန့်စင်ခြင်းတွင် အသုံးပြုသော ဆယ်လူးလို့စ်အက်ဆီတိတ် အလွှာပါးကိုဝါးပင်မှ ထုတ်လုပ်ခြင်း။
General Water Filter စမ်းသပ်ထုတ်လုပ်ခြင်း။
လူသုံးကုန်နှင့်စက်မှုလုပ်ငန်းသုံးဓာတုဗေဒပစ္စည်းများထုတ်လုပ်သည့်သုတေသနများ

ဖော့စဖိတ်၊ အလူမီနီယမ် အက်ဆီတိတ်၊ ဆိုဒီယမ် အက်ဆီတိတ်၊ ဇင့်စတီးယား ရိတ်၊ ဂလစ်စရောမိုနိုစတီးယားရိတ်၊မဂ္ဂနီဆီယမ်ကာဗွန်နိတ်စမ်းသပ်ထုတ်လုပ်ခြင်း။
ဆေးဘက်ဝင်အပင်အမျိုးမျိုးမှ Herbal Soap နှင့် Antiseptic Soap စမ်းသပ် ထုတ်လုပ် ခြင်း။.
ကွန်ကရစ်လုပ်ငန်းသုံးပရိုတင်းအခြေခံအမြုပ်ထဆေး ( Protein Based Foaming Agent )ထုတ်လုပ်ခြင်း။

နည်းပညာလွှဲပြောင်းမှုများ

ကေျာက်ကျောထုတ်လုပ်မှုနည်းပညာ
မဂ္ဂနီဆီယမ်စတီးယားရိတ်ထုတ်လုပ်ခြင်းနည်းပညာ
လောင်စာပျစ်တွဲစေသောပစ္စည်း (Fuel Thickener) ထုတ်လုပ်မှုနည်းပညာ
ကွန်ကရစ်လုပ်ငန်းသုံးပရိုတင်းအခြေခံအမြုပ်ထဆေး (Protein Based Foaming Agent ) ထုတ်လုပ်ခြင်းနည်းပညာ

အောင်မြင်ပြီးသုတေသနမ‌‌ျား

စွန့်ပစ်ပလပ်စတစ်မှ ဒီဇယ်လောင်စာ စမ်းသပ်ထုတ်လုပ်ခြင်း။
General Water Filter စမ်းသပ်ထုတ်လုပ်ခြင်း။
ဆေးဘက်ဝင်အပင်အမျိုးမျိုးမှ Herbal Soap နှင့် Antiseptic Soap စမ်းသပ် ထုတ်လုပ်ခြင်း။.
ကွန်ကရစ်လုပ်ငန်းသုံးပရိုတင်းအခြေခံအမြုပ်ထဆေး ( Protein Based Foaming Agent )ထုတ်လုပ်ခြင်း။
သဘာဝမိုက်ခရိုအယ်ဂျေးမျဇီဝလောင်‌စာစမ်းသပ်ထုတ်လုပ်ခြင်း။

မှတ်တမ်းဓါတ်ပုံများ

acrd1
acrd9
acrd5
acrd2
acrd6
acrd10
acrd3
acrd7
acrd11
acrd4
acrd8
acrd12

ဆေးဘက်ဝင်အပင်များမှ Herbal Soaps နှင့် Antiseptic Soaps ထုတ်လုပ်ခြင်း

concrete1
concrete5
concrete9
concrete2
concrete6
concrete10
concrete3
concrete7
concrete11
concrete4
concrete8
concrete12

၂၀၁၄ခုနှစ်တွင်  ထွန်းရေပေါ်အုတ် ကွန်ကရစ်လုပ်ငန်း  နှင့် ၂၀၁၅ခုနှစ်တွင်  Myanmar Industrial Valley Co., Ltd. သို့ ကွန်ကရစ်လုပ်ငန်းသုံး ပရိုတင်းအခြေခံအမြုပ်ထဆေး ထုတ်လုပ်ခြင်း နည်းပညာလွဲပြောင်းခြင်း

biodiesel1
biodiesel9
biodiesel5
biodiesel2
biodiesel6
biodiesel3
biodiesel7
biodiesel4
biodiesel8

စွန့်ပစ်အကြော်ဆီမှဇီဝလောင်စာဆီစမ်းသပ်ထုတ်လုပ်ခြင်း

သဘာဝမိုက်ခရိုအယ်လ်ဂျေးမှဇီဝလောင်စာစမ်းသပ်ထုတ်လုပ်ခြင်း

အရက်ဆီချက်စက်ရုံများမှစွန့်ပစ်သောရေဆိုးများကိုNannochloropsis sp.မိုက်ခရိုအယ်လ်ဂျေးကိုအသုံးပြု၍Green House အဆင့်စိုက်ပျိုးခြင်းဖြင့်ပြုပြင်ခြင်း

ဓာတုနည်းပညာသုတေသနဗဟိုဌာနသို့လာရောက်လေ့လာခဲ့ကြသောရန်ကုန်တက္ကသိုလ်၊ ကုန်ထုတ်ဓာတုဗေဒဌာနမှ ကျောင်းသား/သူများနှင့် ရန်ကုန်တက္ကသိုလ်၊ ဓာတုဗေဒဌာနတွင် ဖွင့်လှစ်သောပတ်ဝန်းကျင် ဆိုင်ရာသင်တန်းမှ ဆရာ၊ ဆရာမများနှင့် သင်တန်းသားများကို ၂၀၁၆ ခုနှစ်၊ မေလ (၁၁)ရက်နေ့ တွင်လည်း‌ကောင်း လက်တွေ့ဆောင်ရွက်လျက်ရှိသော သုတေသနလုပ်ငန်း များကို ရှင်းလင်းပြသပေးခဲ့ခြင်း

၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၃၀)ရက်နေ့ တွင် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနနှင့် စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးဦးစီးဌာနအောက်ရှိ၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာနတို့ ပူးပေါင်း၍ SME လုပ်ငန်းရှင်များ လိုအပ်လျက် ရှိသည့် နည်းပညာများကို ပံ့ပိုးကူညီပေးနိုင်ရန်အတွက် “နည်းပညာဆိုင်ရာ Awareness များ Sharing ပြုလုပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲ” ပြုလုပ်၍ နည်းပညာများ ဖြန့်ဝေခြင်းင်း

ရန်ကုန်တက္ကသိုလ်သိပံ္ပ္ပံံ့့့့့့ ပွဲခင်း ္ပံ၂၀၁၆

SMEလုပ်ငန်းရှင်များအားစိုက်ပျိုးရေးအခြေခံစားသောက်ကုန်ထုတ်လုပ်ခြင်းနည်းပညာများပံပိုးပေးခြင်းအလုပ်ရုံဆွေးနွေးပွဲ

Most Recent Entries

  • About

    About

  • Contact

    Contact

  • Hydropower

    Hydropower

  • Wind

    Wind

© 2018 All rights reserved. Designed By World Wide Myanmar