• Call Us: 01 663258
  • Email: techplan2@gmail.com
EVENT NEWS
GMT+6:30 09:12

‌နောက်ဆုံးရသတင်း

ပညာရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသောဥပဒေများ

သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန

စဉ် အသစ်ရေးဆွဲ

လျက်ရှိသည့် 

ဥပဒေအမည်

ယခင်တည်ဆဲဥပဒေ

များနှင့်

ပြဋ္ဌာန်းသည့် ရက်စွဲ

 ဆောင်ရွက်ထားရှိမှုအခြေအနေ မှတ်ချက်
၁။ စံချိန်စံညွှန်း ဆိုင်ရာဥပဒေ စံချိန်စံညွှန်းသတ်မှတ် ခြင်းဆိုင်ရာဥပဒေ(၂၀၁၄ ခုနှစ်၊ ပြည် ထောင်စုလွှတ်တော် ဥပဒေအမှတ်၂၈) ၂၀၁၄ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့ စံချိန်စံညွှန်းဆိုင်ရာဥပဒေအသစ်အား USAID, UNIDO, PTB တို့၏ အကူအညီဖြင့် ရေးဆွဲ၍ ပြည်ထောင်စုလွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်၏ အကြံပြုချက်ရယူကာ Stakeholder Meeting (၃)ကြိမ် နှင့် Knowledge Sharing Workshop (၁) ကြိမ် ကျင်းပခဲ့ပြီး သဘောထားမှတ်ချက်များ ရယူခဲ့ပါသည်။ ရရှိလာ သည့် သဘောထားမှတ်ချက်များအရ ဥပဒေအား ပြင်ဆင်ဖြည့်စွက်ပြီး ဆက်လက်၍              (၂၄-၅-၂၀၁၈)ရက်နေ့တွင် ပြည်သူ့လွှတ်တော် (I-1) ဆောင်၌ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်နှင့် ထပ်မံ၍ ဆွေးနွေးမည်ဖြစ်ပါသည်။
၂။ တိကျစွာ တိုင်းတာခြင်း နည်းပညာဥပဒေ မရှိပါ တိကျစွာတိုင်းတာခြင်း နည်းပညာဥပဒေ(မူကြမ်း)ကို ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာ နှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်နှင့် ပြည်သူ့လွှတ်တော် (I-1) ဆောင်၌ ၂၀၁၇ခုနှစ်၊ ဇန်နဝါရီလမှဧပြီလအထိ၊ စုစုပေါင်း (၄) ကြိမ် တွေ့ဆုံညှိနှိုင်းဆွေးနွေးပြီး ကော်မရှင်၏ အကြံပြုချက်များအတိုင်း ပြင်ဆင်ဖြည့်စွက်မှုများ ဆောင်ရွက်ခဲ့ပြီး ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ ပြန်လည်ပေးပို့တင်ပြလျက်ရှိရာ ၂၀၁၈ခုနှစ် ဖေဖေါ်ဝါရီလတွင် ထပ်မံ၍ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ဥပဒေလုပ်ထုံးလုပ်နည်း အကြုံပြုချက်များရရှိရန် ပြည်ထောင်စု ဝန်ကြီးရုံးမှတဆင့် တင်ပြထား ပါသည်။
၃။ စက်မှုဒီဇိုင်း မူပိုင်ခွင့်ဥပဒေ ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီတွင် (၂၇-၂-၂၀၁၈)ရက်နေ့၌ စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေကြမ်းကိုလည်းကောင်း၊ (၂၀-၃-၂၀၁၈)ရက်နေ့၌ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ ကြမ်းကိုလည်းကောင်း၊ (၂၁-၃-၂၀၁၈)ရက်နေ့ ၌ တီထွင်မှုမူပိုင်ခွင့်ဥပဒေကြမ်းကိုလည်းကောင်း၊ (၁၀-၅-၂၀၁၈)ရက်နေ့၌  စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေကြမ်းကိုလည်းကောင်း၊ ရှင်းလင်း တင်ပြဆွေးနွေးခဲ့ပြီးဖြစ်ပါသည်။
၄။ ကုန်အမှတ်တံဆိပ်ဥပဒေ
၅။ တီထွင်မှုမူပိုင်ခွင့် ဥပဒေ
၆။ စာပေနှင့် အနုပညာမူပိုင်ခွင့် ဥပဒေ
၇။ သိပ္ပံနည်းပညာနှင့်ဆန်းသစ်တီထွင်မှုနည်းဥပဒေ(မူကြမ်း) သိပ္ပံနည်းပညာနှင့်ဆန်းသစ် တီထွင်မှု နည်းဥပဒေ (မူကြမ်း) များအား ရေးဆွဲ၍ ပြည်ထောင်စု ရှေ့နေချုပ်ရုံး ၏ဥပဒေ လုပ်ထုံး လုပ်နည်းအကြံပြုချက်များရရှိရန် ပညာရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံးမှ တဆင့်တင်ပြ ထားပါသည်။

© 2018 All rights reserved. Designed By World Wide Myanmar