• Call Us: 01 663258
  • Email: techplan2@gmail.com
EVENT NEWS
GMT+6:30 05:05

သမိုင်းအကျဥ်းချုပ်များ

သုတေသနလုပ်ငန်းသည် သိပ္ပံနှင့်နည်းပညာရပ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မရှိမဖြစ် လိုအပ်ပြီး နိုင်ငံ့စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကအခန်းကဏ္ဍမှ ပါ၀င်လျက်ရှိပါ သည်။မြန်မာ့သိပ္ပံနှင့်နည်းပညာ သုတေသနဦးစီးဌာနသည်၁၉၄၇ခုနှစ်မှစ၍ “နိုင်ငံတော်စက်မှုလက်မှု သုတေသနဌာန”အမည်ဖြင့်ဖွဲ့စည်းဖြစ်ပေါ်ခဲ့ပါသည်။

၁၉၄၇: နိုင်ငံတော်စက်မှုလက်မှုသုတေသနဌာနအား သတ္တုဗေဒသုတေသနဌာန၊ ဆဲလ်လူးလို့ သုတေသနဌာနနှင့် ဓါတုဗေဒ ဓါတ်ခွဲဌာနတို့ဖြင့် ဖွဲ့စည်းခဲ့ပါသည်။

၁၉၅၄: နိုင်ငံတော်စက်မှုလက်မှုသုတေသနဌာနအား တိုးချဲ့ရန်နှင့် ပြန်လည်ဖွဲ့စည်းရန်အတွက် ပြည်ထောင်စုမြန်မာနိုင်ငံ လက်တွေ့သုတေသနလုပ်ငန်းအဖွဲ့ (Union of Burma Applied Research Institute (UBARI) ဥပဒေအား ရေးဆွဲခဲ့ပြီး (၅-၃-၅၅)ရက်နေ့တွင် ဥပဒေ ပြဌာန်းခဲ့ပါသည်။ (UBARI)တွင် စက်မှုပညာပြန်ကြားရေးဌာနနှင့် အဏုမြူ စွမ်းအင်ဌာနတို့ အား တိုးချဲ့ပေါင်းစပ်ဖွဲ့စည်းခဲ့ပါသည်။

၁၉၇၃: (၂၆-၆-၇၃)ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံ လက်တွေ့သုတေသနလုပ်ငန်းအဖွဲ့အား ဗဟိုသုတေသန လုပ်ငန်းအဖွဲ့  Central Research Organization (CRO) အဖြစ်သို့ ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။

၁၉၇၅: ဗဟိုသုတေသနလုပ်ငန်းအဖွဲ့တွင် ပေါ်လီမာသုတေသနဌာနအား တိုးချဲ့ပေါင်းစပ်ဖွဲ့စည်းခဲ့ ပါသည်။

၁၉၉၄: (၇-၆-၉၄)ရက်နေ့တွင်“သိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးရေးဥပဒေ”အား ပြဌာန်းခဲ့ပြီး ၁၉၅၄ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ လက်တွေ့သုတေသနလုပ်ငန်းအဖွဲ့ဥပဒေအား ဤဥပဒေဖြင့် ရုပ်သိမ်းခဲ့ပါသည်။ ဤဥပဒေဖြင့် ဗဟိုသုတေသနလုပ်ငန်းအဖွဲ့အား မြန်မာ့သိပ္ပံနှင့်နည်းပညာသုတေသနဦးစီးဌာနအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။

၁၉၉၆: (၂-၁၀-၉၆)ရက်နေ့တွင် သိပ္ပံနှင့်နည်းပညာ၀န်ကြီးဌာနအား ဖွဲ့စည်းခဲ့ရာ  မြန်မာ့သိပ္ပံနှင့် နည်းပညာသုတေသန ဦးစီးဌာနသည် ထိုအချိန်က သိပ္ပံနှင့်နည်းပညာ၀န်ကြီးဌာန အောက်ရှိ တစ်ခုတည်းသော ဦးစီးဌာန ဖြစ်ခဲ့ပါသည်။

၁၉၉၈: (၁-၄-၉၈)ရက်နေ့တွင် စမ်းသပ်စက်ရုံစု(မှော်ဘီ)အား အမှတ်(၁)စက်မှု၀န်ကြီးဌာနမှ သိပ္ပံနှင့် နည်းပညာ၀န်ကြီးဌာန မြန်မာ့သိပ္ပံနှင့်နည်းပညာသုတေသနဦးစီးဌာန အောက်သို့ လွှဲပြောင်း ပေးခဲ့ပါသည်။

၂၀၀၃:  (၁-၄-၀၃)ရက်နေ့တွင် စမ်းသပ်စက်ရုံစု(မှော်ဘီ)အား မြန်မာ့သိပ္ပံနှင့် နည်းပညာသုတေသန ဦးစီးဌာနမှ စက်မှု နည်းပညာမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန အောက်သို့ လွှဲပြောင်းပေးခဲ့ပါသည်။

၂၀၁၂:  စမ်းသပ်စက်ရုံစု (မှော်ဘီ)အား စက်မှုနည်းပညာမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာနမှ မြန်မာ့သိပ္ပံနှင့်နည်းပညာသုတေသနဦးစီးဌာန အောက်သို့ ပြန်လည်လွှဲပြောင်း ပေးခဲ့ပါသည်။

၂၀၁၅:  (၁-၄-၂၀၁၅)ရက်နေ့တွင် မြန်မာ့သိပ္ပံနှင့်နည်းပညာသုတေသနဦးစီးဌာနကို သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနအဖြစ်တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

၂၀၁၆:  (၁-၄-၂၀၁၆)ရက်နေ့မှစတင်၍ သု‌တေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနသည်  ပညာရေး  ဝန်ကြီးဌာနလက်အောက်သို့ ရောက်ရှိခဲ့ပါသည်။

ဦးစီးဌာန၏မူဝါဒ

(က) စီးပွားရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော  ပြန်ပြည့်မြဲ စွမ်းအင်ကဏ္ဍ၊ အီလက်ထရောနစ်နည်းပညာကဏ္ဍ၊ဓါတုနည်းပညာကဏ္ဍ၊ ဇီဝနည်းပညာကဏ္ဍ၊ အဆင့်မြင့်ဒြပ်ပစ္စည်း သိပ္ပံကဏ္ဍနှင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ ကဏ္ဍများတွင် သုတေသနနှင့်ဆန်းသစ်တီထွင်မှု လုပ်ငန်းများ ဆောင်ရွက်ရန်၊

(ခ)စီးပွားရေးနှင့်ကုန်သွယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးကို အထောက်အကူပြုသော အမျိုးသားအဆင့် အရည်အသွေး အခြေခံအဆောက်အအုံများ ကြံ့ခိုင်အားကောင်းလာစေရေး ဆောင်ရွက်ရန်၊

(ဂ)    နိုင်ငံ၏ စီးပွားရေးနှင့်ယဥ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော အသိဉာဏ်ပစ္စည်းမူပိုင်ခွင့် စနစ်တည်ဆောက်ရေး ဆောင်ရွက်ရန်၊

(ဃ)အဆင့်မြင့် ဓာတ်ခွဲခန်းများဖြင့် ကျန်းမာရေး၊ ပညာရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အထောက်အကူပြုသော ဓာတ်ခွဲစမ်းသပ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရန်၊

(င) တက္ကသိုလ်များ၊ စက်မှုလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊

(စ)နည်းပညာကဏ္ဍအသီးသီးတွင် ပြည်တွင်း ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊

ဦးစီးဌာန၏ မျှော်မှန်းချက်

“သိပ္ပံ၊နည်းပညာနှင့်ဆန်းသစ်တီထွင်မှု ပင်မမောင်းနှင်အားဖြင့် သုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရန်”

ဦးစီးဌာန၏ ရည်မှန်းချက်များ

(က)နိုင်ငံအကျိုးပြုသိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနှင့် ဆန်းသစ်တီထွင်မှုလုပ်ငန်းများ ဆောင်ရွက်၍ နည်းပညာလွှဲပြောင်းခြင်းနှင့် ဖြန့်ဝေခြင်းဆိုင်ရာကိစ္စရပ်များဆောင်ရွက်ရန်၊

(ခ)စံချိန်စံညွှန်းသတ်မှတ်ခြင်း၊ အသိအမှတ်ပြုခြင်းနှင့်  တိကျစွာတိုင်းတာမှုနည်းပညာဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင််ရွက်ရန်၊

(ဂ)မြန်မာနိုင်ငံအသိဉာဏ်ပစ္စည်းမူပိုင်ခွင့်စနစ် ဖြစ်ထွန်းပေါ်ပေါက်ရေးအတွက် အကောင် အထည်ဖော်ဆောင်ရွက်ရန်၊

(ဃ)ဓါတ်ခွဲစမ်းသပ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းများကို မှန်ကန်တိကျစွာ ဆောင်ရွက်နိုင်ရန်၊

ဦးစီးဌာန၏လုပ်ငန်းစဉ်များ

(က)မြန်မာနိုင်ငံ စံချိန်စံညွှန်းသတ်မှတ်ခြင်းနှင့် အသိအမှတ်ပြုခြင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးအတွက် စံချိန်စံညွှန်းဆိုင်ရာ ဥပဒေပြဋ္ဌာန်းကျင့်သုံးအကောင်အထည်ဖေါ်ခြင်း၊

(ခ)အမျိုးသားအဆင့် တိကျစွာတိုင်းတာခြင်း နည်းပညာသိပ္ပံအားထူထောင်၍ တိကျစွာ တိုင်းတာခြင်း နည်းပညာ ဥပဒေကို ပြဋ္ဌာန်းကျင့်သုံး အကောင်အထည်ဖော်ခြင်း၊

(ဂ)အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ရုံး တည်ထောင်၍ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဥပဒေများကို ပြဋ္ဌာန်း ကျင့်သုံးအကောင်အထည်ဖော်ခြင်း၊

(ဃ)ISO 17025 လက်မှတ်ရဓာတ်ခွဲခန်းများ  ဖြစ်ပေါ်လာရေးဆောင်ရွက်ခြင်း၊ ဓာတ်ခွဲခန်း ကွန်ရက် တည်ထောင်ခြင်းနှင့် ဓာတ်ခွဲခန်းဝန်ထမ်းများ၏ ဓာတ်ခွဲစမ်းသပ် ဝန်ဆောင်မှုဆိုင်ရာ ကျွမ်းကျင်မှု အရည်အချင်းမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊

(င)ပြန်ပြည့်မြဲစွမ်းအင်နှင့် အီလက်ထရောနစ်နည်းပညာ၊ ဓာတုနည်းပညာနှင့် ဒြပ်ပစ္စည်းဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် ခြင်း၊

စ)ကျေးလက်ဒေသဖွံ့ဖြိုးရေးကဏ္ဍ၊ အစာအာဟာရဖူလုံရေးကဏ္ဍ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍ အသီးသီးတွင်လက်တွေ့ အသုံးပြုနိုင်မည့် ဇီဝနည်းပညာဆိုင်ရာ သုတေသန နှင့် ဖွံ့ဖြိုးရေးလုပ်ငန်း များ ဆောင်ရွက်ခြင်း၊

(ဆ)နျူကလီးယားနည်းပညာများအသုံးပြု၍ အစားအစာနှင့်စိုက်ပျိုးရေး၊ စက်မှု၊ ကျန်းမာရေးနှင့် သဘာဝ ပတ်ဝန်းကျင်ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိရောက်စွာ အသုံးချနိုင်သည့် သုတေသန လုပ်ငန်းများ ဆောင်ရွက်ခြင်း၊

(ဇ)သဘာဝသယံဇာတအရင်းအမြစ်များမှ တန်ဖိုးရှိသောဒြပ်ပစ္စည်းများ သုတေသနပြု ရှာဖွေ ဖော်ထုတ် ခြင်း၊

(ဈ)သိပ္ပံ၊နည်းပညာနှင့်ဆန်းသစ်တီထွင်မှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ဆွေးနွေးပွဲများ၊ နှီးနှော ဖလှယ်ပွဲများကျင်းပခြင်း၊  အသိဉာဏ်မျှဝေခြင်း၊ သတင်းအချက်အလက်များ ပြုစုထိန်းသိမ်းခြင်းနှင့် ပြန်ကြားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊

© 2018 All rights reserved. Designed By World Wide Myanmar