logo သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

logo

သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

Update News
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က) နိုင်ငံအကျိုးပြု သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်း များ ဆောင်ရွက်၍ နည်းပညာလွှဲပြောင်းခြင်းနှင့် ဖြန့်ဝေခြင်း၊ နည်းပညာအကြံပေး ခြင်းများဆောင်ရွက်ရန်၊ (ခ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ သုတေသနစင်တာများ၊ တက္ကသိုလ်များနှင့်စက်မှု လုပ်ငန်းများအကြားသုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ (ဂ) နိုင်ငံတော်၏ ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးမှုဝါဒများကို ပံ့ပိုးပေးသော မြန်မာစံချိန် စံညွှန်းများချမှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (ဃ) ခေတ်မီဓါတ်ခွဲစမ်းသပ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများကို ရည်ညွှန်းဓာတ်ခွဲခန်းအနေဖြင့် မှန်ကန်တိကျစွာ ဆောင်ရွက်ရန်၊ (င) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော သိပ္ပံနှင့် နည်းပညာဆိုင်ရာ လက်တွေ့အသုံးချ နည်းပညာသင်တန်းများ စဉ်ဆက်မပြတ် ပို့ချ ပေးရန်၊ (စ) နိုင်ငံတော်၏ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပနှင့် ‌ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်၊ (ဆ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသန လုပ်ငန်း များဖွံ့ဖြိုးတိုး တက်လာစေရန် ဆောင်ရွက်ရန်၊
MM

၁။စက်ရုံတည်နေရာ

စမ်းသပ်စက်ရုံစု(မှော်ဘီ)သည် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ် ရန်ကုန်-ပြည်ကားလမ်းမကြီး ၏ အရှေ့ဘက် မိုင်တိုင်အမှတ် ၂၂/၅ တွင် တည်ရှိပါသည်။

၂။စက်ရုံမြေနေရာအကျယ်အဝန်း

            စမ်းသပ်စက်ရုံစု(မှော်ဘီ)၏မြေနေရာအကျယ်အဝန်းမှာ ၅၀ဧကဖြစ်ပါသည်။

            (၁) မြေအမျိုးအစား - နိုင်ငံပိုင်မြေ

            (၄-၁၁-၁၉၉၁)ရက်နေ့တွင် ရန်ကုန်တိုင်းငြိမ်ဝပ်ပိပြားရေးတည်ဆောက်ရေးအဖွဲ့၏ လ-န ၃၉ ခွင့်ပြုချက်ရရှိပြီးအောက်ပါအတိုင်းအဆင့်နှစ်ဆင့်ဆောင်ရွက်ခဲ့ပါသည်။

            ပထမအဆင့်အနေဖြင့် ၁၉၉၂ ခုနှစ် ဇွန်လ(၃)ရက်နေ့ ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးဘုန်းမြင့် လက်မှတ်ရေးထိုး၍ အစိုးရမြေ ၃.၂၈ ဧကနှင့် စားကျက်မြေမှ ပ လပ်မြေ ၁.၄၈ဧကစုစုပေါင်း ၄.၇၆ဧကကို လွှဲပြောင်းလက်ခံရရှိခဲ့ပါသည်။

            ဒုတိယအဆင့်အနေဖြင့် ၁၉၉၃ခု ဇွန်လ(၁)ရက်နေ့ ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးမြသင်းလက်မှတ်ရေးထိုး၍ မြေသိမ်းအက်ဥပဒေအရနိုင်ငံပိုင် သိမ်းယူခဲ့သည့် မြေ ၄၅.၂၄ဧက လွှဲပြောင်းလက်ခံရရှိခဲ့သည့်အတွက် စုစုပေါင်းမြေဧက ၅၀ဧကဖြစ်ပါသည်။

            ရုံး၊ စက်ရုံ၊ အလုပ်ရုံ၊ သိုလှောင်ရုံများဆောက်လုပ်ထားသည့် စက်ရုံမြေနေရာအကျယ်အဝန်းမှာ ၂၃.၇၆ဧကဖြစ်ပါသည်။

            ဝန်ထမ်းအိမ်ယာဆောက်လုပ်ထားသောမြေနေရာအကျယ်အဝန်းမှာ ၁၈ဧကဖြစ်ပါသည်။

**မှတ်ချက်။         အမှတ်(၂)စက်မှုဝန်ကြီးဌာန၊ ဗဟိုသုတေသနလုပ်ငန်းအဖွဲ့မှ စမ်းသပ်စက်ရုံစု(မှော်ဘီ)ကိုစတင်တည်ဆောက်ခဲ့စဉ်ကစက်မှုဆောင်ရွက်မှုလုပ်ငန်းအားအဆောက်အဦးများအပ်နှံဆောက်လုပ်စေခဲ့

ရာသိုလှောင်ရုံအဖြစ် ၈.၂၄ဧကကိုအသုံးပြုခဲ့ပြီးလက်ရှိအချိန်အထိ ၎င်းဌာနမှ ဆက်လက် အသုံးပြု လျှက်ရှိပါသည်။

၃။ အဆောက်အအုံအရေအတွက်

စက်ရုံအသေးစားရုံများဖြစ်သော

(၁) ကယ်လ်စီယမ်ကာဘိုဒ်စက်ရုံ

(၂) တာပင်နီယိုနှင့်ဒိုင်အိုဂျင်းနစ်စက်ရုံ

(၃) ကျွဲကော်စက်ရုံ

(၄) ကတ္ထူစက်ရုံ

(၅) လျှပ်စစ်သတ္တုဗေဒစက်ရုံ

(၆) ပျော့ဖတ်စက်ရုံ

(၇) စက္ကူစက်ရုံ

(၈) ကြေးနီစက်ရုံ

စုစုပေါင်းစက်ရုံ(၈)ရုံနှင့် သိုလှောင်ရုံ(၅)ရုံရှိပါသည်။

၄။         လက်ရှိလုပ်နေသောလုပ်ငန်းမှာပင်မထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်၏ ဘဏ္ဍာနှစ်အလိုက် အမှာစာအရရေအိမ်သုံးစက္ကူလိပ် လုပ်ငန်းတစ်ခုတည်းသာလည်ပတ်လျှက်ရှပါသည်။

စမ်းသပ်စက်ရုံစု(မှော်ဘီ)ရှိစက်ရုံများအခြေအနေ

စမ်းသပ်စက်ရုံစု(မှော်ဘီ)ရှိစက်ရုံများတပ်ဆင်တည်ဆောက်လည်ပတ်ခဲ့မှု၊ရပ်နားခဲ့မှုအခြေအနေများကိုအောက်တွင်ဖော်ပြပါသည်-

စဉ်

စက်ရုံအမည်

တည်ဆောက်တပ်ဆင်သည့်နှစ်

စတင်လည်ပတ်သည့်နှစ်

စက်ရုံရပ်နား

ခဲ့သည့်နှစ်

ကယ်လ်ဆီယမ်ကာဘိုဒ်စက်ရုံ

၁၉၇၇-၁၉၈၁

၁၉၈၂

၁၉၈၂

တာပင်နီယိုနှင့်ဒိုင်အိုဂျင်နင်စက်ရုံ (ပရဆေးစက်ရုံ)

၁၉၇၇-၁၉၈၁

၁၉၈၂

၁၉၈၂

ကျွဲကော်စက်ရုံ

၁၉၇၇-၁၉၈၁

၁၉၈၂

၁၉၉၃-၁၉၉၄

ကတ်ထူစက်ရုံ

ကောက်ရိုးကတ္ထူပြားကုန်

ချောထုတ်

 

၁၉၇၇-၁၉၈၁

 

၁၉၈၂

 

၂၀၀၁

 

တစ်ဖက်ချောစက္ကူအဖြေလွှာ

ကုန်ချောထုတ်

၁၉၇၇-၁၉၈၁

၂၀၀၉-၂၀၁၀

၂၀၁၂-၂၀၁၃

လျှပ်စစ်သတ္တုဗေဒစက်ရုံ (ကျောက်ချဉ်စက်ရုံ)

၁၉၇၇-၁၉၈၁

၁၉၈၂

၁၉၉၈

ပျော့ဖတ်စက်ရုံ

၁၉၇၉-၁၉၈၃

၁၉၈၃-၁၉၈၄

၂၀၀၁

စက္ကူစက်ရုံ

 

 

 

 

စက္ကူစက်အမှတ်(၁)

၁၉၇၈-၁၉၈၀

၁၉၈၁-၁၉၈၂

၁၉၉၆

 

စက္ကူစက်အမှတ်(၂)

၁၉၉၆

၁၉၉၆

ယနေ့ထိထုတ်လုပ်မှုရှိနေပါသည်။

ကြေးနီစက်ရုံ

၁၉၈၅-၁၉၈၇

၁၉၈၈

၁၉၈၈