logo သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

logo

သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

Update News
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က) နိုင်ငံအကျိုးပြု သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်း များ ဆောင်ရွက်၍ နည်းပညာလွှဲပြောင်းခြင်းနှင့် ဖြန့်ဝေခြင်း၊ နည်းပညာအကြံပေး ခြင်းများဆောင်ရွက်ရန်၊ (ခ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ သုတေသနစင်တာများ၊ တက္ကသိုလ်များနှင့်စက်မှု လုပ်ငန်းများအကြားသုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ (ဂ) နိုင်ငံတော်၏ ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးမှုဝါဒများကို ပံ့ပိုးပေးသော မြန်မာစံချိန် စံညွှန်းများချမှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (ဃ) ခေတ်မီဓါတ်ခွဲစမ်းသပ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများကို ရည်ညွှန်းဓာတ်ခွဲခန်းအနေဖြင့် မှန်ကန်တိကျစွာ ဆောင်ရွက်ရန်၊ (င) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော သိပ္ပံနှင့် နည်းပညာဆိုင်ရာ လက်တွေ့အသုံးချ နည်းပညာသင်တန်းများ စဉ်ဆက်မပြတ် ပို့ချ ပေးရန်၊ (စ) နိုင်ငံတော်၏ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပနှင့် ‌ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်၊ (ဆ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသန လုပ်ငန်း များဖွံ့ဖြိုးတိုး တက်လာစေရန် ဆောင်ရွက်ရန်၊
MM

 

           ပြန်ပြည့်မြဲစွမ်းအင်သုတေသနဌာနသည် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ပြန်ပြည့်မြဲ စွမ်းအင်နှင့် အီလက်ထရောနစ်နည်းပညာ သုတေသနဗဟိုဌာနအောက်ရှိ သုတေသနဌာနတစ်ခုဖြစ်ပါသည်။ ဌာနကို ၂၀၁၅ခုနှစ်၊ ဧပြီလ (၁) ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပါသည်။ ဌာနတွင် ဖွဲ့စည်းပုံအရ ဌာနခွဲ (၄)ခုရှိပါသည်။ တည်ထောင် ထားပြီးသော ဌာနခွဲများမှာ နေရောင်ခြည်စွမ်းအင်သုတေသနဌာနခွဲ၊ အသေးစားရေအားလျှပ်စစ် သုတေသနဌာနခွဲ၊ လေစွမ်းအင်သုတေသနဌာနခွဲနှင့် ဇီဝဒြပ်ထုစွမ်းအင်သုတေသနဌာနခွဲတို့ ဖြစ်ပါသည်။

လေစွမ်းအင်သုတေသနဌာနခွဲ

            လေစွမ်းအင်သုတေသနဌာနခွဲသည် ၂၀၁၄ခုနှစ်မှ စတင်၍ လေစွမ်းအင်နည်းပညာဆိုင်ရာ သုတေသနလုပ်ငန်း များ၊ လက်တွေ့အသုံးချသင်တန်းများ၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ခြင်းနှင့် နည်းပညာဖြန့်ဝေခြင်း လုပ်ငန်းများအား နှစ်စဉ် ဆောင်ရွက်လျက်ရှိပါသည်။ လေစွမ်းအင်သုတေသနဌာနခွဲသည် လေစွမ်းအင်မှ လျှပ်စစ်ထုတ်ယူသည့် (Wind turbine) အမျိုးမျိုးတည်ဆောက်စမ်းသပ်ခြင်း၊ လျှပ်စစ်ထုတ်လုပ်သည့် Generator ၏ စွမ်ဆောင်နိုင်မှုအမျိုးမျိုးအား စမ်းသပ်ခြင်း၊ လေစွမ်းအင်ဖြင့် ရေစုပ်တင်ခြင်းစနစ်တည်ဆောက်စမ်းသပ်ခြင်း (Wind Pumping System)၊ လေစွမ်းအင်ရရှိမှု အလားအလာများ စမ်းစစ်လေ့လာခြင်း (Wind Energy Potential Resource Assessment)၊ လေစွမ်းအင်သုတေသနကဏ္ဍတွင် Actual Design မတည်ဆောက်ဘဲ Model Scale များ တည်ဆောက်၍ Design risk များလျော့ချနိုင်ရန်  Wind Tunnel တည်ဆောက်ထားခြင်း စသည့် နည်းပညာနယ်ပယ်များ ဖွံ့ဖြိုးတိုးတက်ရန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

သဘာဝအရင်းအမြစ်ဖြစ်သည့် လေစွမ်းအင်ကိုအသုံးပြု၍ ပြည်တွင်းတွင် လွယ်ကူစွာဝယ်ယူရရှိနိုင်သည့် ပစ္စည်းများကို အသုံးပြု၍ လျှပ်စစ်မီးအသုံးပြုနိုင်ရန်၊ ရေရရှိနိုင်ရန်၊ နည်းပညာသစ်များဖွံ့ဖြိုးတိုးတက်ရန်နှင့် ကျေးလက်နေပြည်သူများ၏ လူနေမှု အဆင့်အတန်းကိုမြင့်မားစေရန်အတွက် ရည်ရွယ်၍ လေစွမ်းအင်ဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိပါသည်။ လေစွမ်းအင်နည်းပညာဆိုင်ရာ လက်တွေ့ကျွမ်းကျင်သင်တန်းများ ကိုလည်း နှစ်စဉ် ပုံမှန် ဖွင့်လှစ်သင်ကြားလျက်ရှိပါသည်။

ဇီဝဒြပ်ထုစွမ်းအင်သုတေသနဌာနခွဲ

            စွန့်ပစ်ပစ္စည်းများမှ စွမ်းအင်ထုတ်လုပ်ခြင်း၊ စွမ်းဆောင်ရည်မြှင့် မီးဖိုများနည်းပညာများ၊ ဇီဝလောင်စာထုတ်လုပ် နည်းပညာများ၊ Gasifier နည်းပညာများ၊ ဇီဝဓါတ်ငွေ့နည်းပညာများ စသည့်နည်းပညာနယ်ပယ် များကို သုတေသနပြု ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် ကျေးလက်ဒေသနေပြည်သူများနှင့် စက်မှုလုပ်ငန်းရှင်များ၏ လိုအပ်ချက်ကို အခြေခံ၍ ခေတ်မီ အသုံးချသုတေသနများဆောင်ရွက်ခြင်း၊ စာတွေ့လက်တွေ့ သင်တန်းများ ဖွင့်လှစ်ပို့ချခြင်း၊ ပြည်တွင်းပြည်ပ ပူးပေါင်းဆောင်ရွက်ခြင်းများနှင့် အသိပညာဖြန့်ဝေခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

နေရောင်ခြည်စွမ်းအင်သုတေသနဌာနခွဲ

               နေရောင်ခြည်စွမ်းအင်သုတေသနဌာနခွဲသည် ၂၀၁၄ခုနှစ်မှ စတင်၍ ဆိုလာစွမ်းအင်နည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများ၊ လက်တွေ့ကျွမ်းကျင်သင်တန်းများ၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ခြင်းနှင့် နည်းပညာ ဖြန့်ဝေခြင်းလုပ်ငန်းများအား နှစ်စဉ် ဆောင်ရွက်လျက်ရှိပါသည်။ နေရောင်ခြည်စွမ်းအင်သုတေသနဌာနခွဲသည် နေရောင်ခြည်မှ အပူစွမ်းအင်အသုံးပြုခြင်း (Solar Thermal energy), နေရောင်ခြည်မှ လျှပ်စစ်စွမ်းအင်ထုတ်လုပ်ခြင်း (Solar PV electricity), စွမ်းအင်သိုလှောင်ခြင်းစနစ်များ (Energy Storage System) နှင့် နေရောင်ခြည်စွမ်းအင်ရရှိမှု အလားအလာများ စမ်းစစ်လေ့လာခြင်း (Solar Energy Potential Resource Assessment) စသည့် နည်းပညာနယ်ပယ်များ ဖွံ့ဖြိုးတိုးတက်ရန် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါသည်။

         နေရောင်ခြည်စွမ်းအင်သုတေသနဌာနခွဲသည် ကျေးလက်ဒေသနှင့် အသေးစားစက်မှုလုပ်ငန်းများ၏ နည်းပညာ လိုအပ်ချက်ဖြစ်သော Solar Dryer Technology, Solar Home System, Solar Mini-Grid system, Solar Street lighting system, solar rooftop system, solar heater, solar clean cooking system နှင့် အခြားသော Solar Energy ဆိုင်ရာ နည်းပညာများကို သုတေသနပြုလုပ်ခဲ့ကြပါသည်။ အခြားသော တက္ကသိုလ်များ၊ အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများသို့ နည်းပညာဗဟုသုတဖြန့်ဝေခြင်း၊ Consultation & Testing Service များပေးခြင်း၊ ပူးတွဲ သုတေသနလုပ်ငန်းများပြုလုပ်ခြင်း၊ တည်ဆောက်တပ်ဆင်ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

 

အသေးစားရေအားလျှပ်စစ်သုတေသနဌာနခွဲ

           အသေးစားရေအားလျှပ်စစ်သုတေသနဌာနခွဲသည် ၂၀၁၄ခုနှစ်မှ စတင်၍ အသေးစားရေအားလျှပ်စစ်နည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများ၊ လက်တွေ့ကျွမ်းကျင်သင်တန်းများ၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ခြင်းနှင့် နည်းပညာ ဖြန့်ဝေခြင်း လုပ်ငန်းများအား နှစ်စဉ် ဆောင်ရွက်လျက်ရှိပါသည်။

            အသေးစားရေအားလျှပ်စစ်သုတေသနဌာနခွဲသည် Hydro turbine အမျိုးမျိုး၊ Hydro Power Site Selection များ၊ Electronics Load Controller များ၊ အသေးစားခေတ်မီရေအားလျှပ်စစ်နည်းပညာများနှင့် Hydro Power Generation and Distribution system စသည့် နည်းပညာနယ်ပယ်များ ဖွံ့ဖြိုးတိုးတက်ရန် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါသည်။ အသေစားရေအားလျှပ်စစ်နည်းပညာလက်တွေ့ကျွမ်းကျင်သင်တန်းများကိုလည်း ပုံမှန် သင်ကြားဖွင့်လှစ် ပို့ချပေးလျက်ရှိပါသည်။